Tuesday, July 19, 2011

သငယ်တန်း ကျောင်းသားကြီး


ကင်ညာအစိုးရရဲ့ အခမဲ့ပညာရေး အစီအစဉ်အသစ်။ ရလဒ်ကတော့ ဝေးလံပြီး သေးငယ်လှတဲ့ ကင်ညာခြုံပုတ်ထဲက တောင်ပေါ် မူလတန်းကျောင်းကလေးပါ။ ကလေးတွေကတော့ ဒီအခွင့်အရေး ထဲကို အတင်းတိုးဝင်လာကြပါတယ်။

တိုးဝင်လာကြတဲ့သူတွေအထဲက တစ်ယောက်............

သူတံခါးကိုခေါက်လိုက်တဲ့အချိန်မှာ အားလုံးမင်သက်သွားခဲ့ကြတာပေါ့။ သူ့နာမည်က မာရု။ အသက် ၈၀ ကျော် အဘိုးအို၊ ဇာတိက မောင်မောင်လို့ ခေါ်တဲ့ဒေသ။ သူ့ဘ၀ရဲ့ အိုဟောင်းလွန်း လှတဲ့ အချိန်မှာ ဖတ်တတ်ဖို့၊ သင်ယူလေ့လာဖို့ သစ်လွင်နုပြိုဆုံးအဖြစ် ရှိနေဆဲ။

ဒီလိုစာသင်ခန်းရဲ့တံခါး၀ကို သူလွယ်လွယ်ကလေးရောက်ခဲ့တာတော့မဟုတ်ပါ။ အချိန်ကာလရှည်က ပင် သူအပါအဝင် သက်ကျားအိုတွေကို ပညာသင်ခွင့် ငြင်းဆန်တဲ့ သူ့နိုင်ငံအစိုးရရဲ့ ဥပဒေကို တိုက်ခိုက်ရင်ဆိုင်ခဲ့ပြီးပြီ။ အခုတော့ ၆ နှစ်အရွယ် ကလေးငယ်ကလေးရဲ့ဘေးမှာ ထိုင်ပြီး သင်ယူလေ့လာဖို့အတွက် အခွင့်အရေးတစ်ခု ခံစားနိုင်ခဲ့ပြီ။

သူရဲ့ ခံစားချက်ပြင်းလှတဲ့ သံန္နိဌာန်၊ ဂျိန်းအိုဘိချုလို့ခေါ်တဲ့ ကျောင်းအုပ်ြကီးရဲ့ ဖေးမမှု စတာတွေက ကျောင်းဝင်ခွင့်ရဖို့အတွက် ရုန်းကန်ခဲ့ရတဲ့ တိုက်ပွဲမှ ထောက်တိုင်တွေ။ သူ့ကို ကလေးမိဘတွေ ၊ အာဏာပိုင်တွေက ဒီလိုတန်ဖိုးကြီးလွန်းလှတဲ့တောကျောင်း ကလေးမှာ သက်ကျားကြီးအတွက် တစ်နေရာစာပေးရင် ဒို့ကလေးတွေ အခွင့်အရေးရှုံးရချည့်ရဲ့ဆိုတဲ့ အတွေးတွေနဲ့ အလွန် ခက်ထန်စွာ ဆန့်ကျင်ခဲ့ကြတယ်။ ဒီလောက်အသက်ကြီးနေတဲ့လူကို တစ်နေရာပေးလိုက်မယ်ဆိုရင်တော့ wastage ပဲလို့ သူတို့ ထင်မြင်နေကြတယ်။

ခု သူ့အကြောင်းက ပိတ်ကားထက်မှာ ရောက်နေပါပြီ။ ခွန်အားတွေအပြည့်ကိုသာမက ရယ်စရာ ကောင်းတဲ့ မာရုနဲ့ သူ့ထက် အသက် ၈၀ ငယ်နေတဲ့ စာသင်ခန်းဖော်ကျောင်းသားကလေးများကို ရှုစားနိုင်ကြမှာပါ။ မာရုခရီးစဉ်အကြောင်း တင်ပြထားရင်း ဘယ်သူမှ ကျယ်ကျယ်ပြန့်ပြန့် မပြောကြတော့တဲ့ နှစ် ၅၀ လောက်ဗြိတိသျှကိုလိုနီဖြစ်ခဲ့တဲ့ ကင်ညာနိုင်ငံကလေးအကြောင်း၊ သူ့နိုင်ငံလွတ်လပ်ဖို့ မာရုဆိုတာ တပ်မတော်ထဲက လွတ်လပ်ရေးတိုက်ပွဲတပ်သားတစ်ဦး၊ ရလဒ်က ဗြိတိသျှတွေရဲ့ ဖမ်းဆီးထိန်းသိမ်း ရေးစခန်းမှာ ခက်ထန်ကြမ်းတမ်းလှတဲ့ ဘ၀။

The First Grader, 'သငယ်တန်း ကျောင်းသားကြီး'  ဆိုတဲ့ ရုပ်ရှင်ကတော့ ရင်ခုန်ဖွယ်၊ စိတ်ဝင်စားဖွယ် ဖြစ်ရပ်မှန်ဇတ်လမ်းလေးပါ။ လူတစ်ယောက်က သူ့ယုံကြည်ချက်၊ သူ့ရပိုင်ခွင့် အတွက် တိုက်ပွဲဝင်ပြီး အတိတ်က ဝန်ထုပ်ဝန်ပိုးတွေကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့ပါ တယ်။ ရလဒ် ကတော့ ကင်ညာနိုင်ငံ ပညာရေးစနစ်မှာ ဥပဒေအသစ်ပြဠာန်းလိုက်ရတဲ့ အောင်မြင်မှု .......

သရုပ်ဆောင်များကတော့ မာရုအဖြစ် Oliver Litondo နဲ့ ကျောင်းအုပ်ကြီးအဖြစ် Naomi Harris တို့ပါ။ ကျောင်းသားကလေးများအဖြစ် ရုပ်ရှင်ရိုက်ဖူးဖို့မဆိုထားဘိ တီဗွီတစ်စုံကိုတောင် မမြင်ဘူးရှာတဲ့ အာဖရိက ကျေးတောသားကလေးများ။



(nationalgeographic မှ official video တစ်ခု http://movies.nationalgeographic.com/movies/the-first-grader/story/)




Read more ...

Friday, July 8, 2011

ရွှံ​စေး​မြေ နဲ့ လူ​သား​ဖြစ်​စဉ်

Read more ...

Friday, July 1, 2011

အီဗော်​လူး​ရှင်း​ဘယ်​လဲ



ဟို​မို​အီ​ရက်​တပ် (Homo erectus) လို့ခေါ်​တဲ့ မျိုး​စိတ်​တစ်​ခု​ဟာ ဒီ​ကမ္ဘာပေါ်​က​နေ ကွယ်ပျောက် သွား​တာ​ကြာ​ပါ​ပြီ။ ဟို​မို​အီ​ရက်​တပ်​မျိုး​စိတ်​က ချင်​ပန်​ဇီး​မျောက်​ဝံ​တွေ၊ ဂေါ်​ဇီ​လာ​တွေ​နဲ့ အော်​ရန်​ဂူ တန်ခေါ် အာ​ရှ​မှာ​တွေ့​ရ​တဲ့ မျောက်​ငယ်​ကလေး​များ စ​တာ​တွေ​ရဲ့​မျိုး​စိတ်​ဖြစ်​တဲ့ ဟာ​မစ်​နီ​ဒီ​မျိုး​စိတ်​ထဲ က တစ်​မျိုး​ပါ။ တ​နည်း​ပြော​ရ​ရင်​တော့ တိရစ္ဆာန်​မျောက်​မျိုး​နွယ်​တွေ​ရဲ့ အရင်းအမြစ်​မျိုး​စိတ်ပေါ့။

အင်ဒို​နီး​ရှား​နိုင်ငံ​မှာ ပြုလုပ်​တဲ့ စူးစမ်း​လေ့​လာ​မှု​အပြီး​မှာ​တော့ သု​တေ​သီ​တွေ​က လက်​ရှိ​ခေတ်ပေါ် မော်​ဒန်​လူ​သား​မျိုး​စိတ်​တွေ​ဟာ ဟို​မို​အီ​ရက်​တပ်​မျိုး​စိတ်​နဲ့ အတူတကွ​တည်​ရှိ​ခဲ့​ဖူး​ခြင်း​မ​ရှိ​လို့ ဆို​ကြ​ပါ တယ်။

အရင်​က ထင်မြင်​ယူဆ​ထား​တဲ့ အချက်အလက်​များ​နဲ့​ကွဲပြား​တဲ့ အမြင်​တစ်​ရပ်​ကို သု​တေ​သန စစ်တမ်း​က ဖော်​ထုတ်​ခဲ့​တာ​ပါ။ ဟို​မို​အီ​ရက်​တပ်​မျိုး​စိတ်​ရဲ့ လူ​သား​ပြောင်းလဲ​ဖြစ်ပေါ်​ခြင်း​ဆိုင်​ရာ သဘော​သဘာ၀​မှာ ပါဝင်​ပတ်​သတ်​နေ​တဲ့ ကွဲပြား​တဲ့​အခန်း​ကဏ္ဍ​တစ်​ခု​ကို ဖော်​ထုတ်ပြ​ခဲ့​တယ် လို့​ဆို​ရ​မှာ​ပါ။

အဲ​ဒီ​သု​တေ​သန​ကို​တော့ အပြည်​ပြည်​ဆိုင်​ရာ သိပ္ပံ​ပညာ​ရှင်​များ​အစု​အဖွဲ့​တစ်​ခု​ဖြစ်​တဲ့ ဆိုလို​ရိဗ္ဗာ တာ​ရေ့စ် ပ​ရော​ဂျက်(Solo River Terrace (SoRT) Project) က ဆောင်ရွက်​ခဲ့​တာ​ဖြစ်​ပါ​တယ်။ အဲ​ဒီ​အဖွဲ့​ကို​တော့ အင်ဒို​နီး​ရှား​နိုင်ငံ၊ ဂတ်​ဂျာ​မာ​ဒါ​တက္ကသိုလ်(Gadjah Mada University) ရဲ့ မနုဿ ဗေဒ​ဆိုင်​ရာ လေ့​လာ​သူ (anthropologists) ၊ အက္တီ အင်​ဒြီ​ယာ​တီ(Etty Indriati) နဲ့ န​ယူး​ယောက် တက္ကသိုလ်(New York University) မှ ဆူ​စန်​အန်​တန်(Susan Anton) တို့ ဦးဆောင်​တာ​ဖြစ်​ပါ တယ်။

ဟိုမိုအီရက်တပ်မျိုးစိတ်​ကို​တော့ လူ​သား​မျိုး​ဆက်​တွေ ဖြစ်​တည်​ရာ မျိုး​စိတ်​အနေ​နဲ့ ကျယ်​ကျယ် ပြန့် ပြန့် အတည်ပြု​စဉ်းစား​ကြ​ပါ​တယ်။ အဲ​ဒီ​မျိုး​စိတ်​က​လည်း လက်​ရှိ​ကမ္ဘာပေါ်​က သက်​ရှိ​လူ​သား များ​နဲ့ ရှု​ထောင့်တော်တော်​များ⁠များ​မှာ တူညီ​မှု​ရှိ​နေ​ပါ​တယ်။ ကွဲပြား​တာ​က သူ့​ရဲ့ ဦးနှောက်​က လူ့​ဦးနှောက် ထက်​သေး​နေ​ပြီး ဦးခေါင်းခွံ​ပုံ​သဏ္ဌာန်​မ​တူညီ​ခြင်း​တို့​ဖြစ်​ပါ​တယ်။

ဟိုမိုအီရက်တပ်မျိုးစိတ်​ကတော့ လွန်​ခဲ့​တဲ့​နှစ်​ပေါင်း ၁.၈ မီ​လီ​ယံ​လောက်​က အာ​ဖ​ရိ​က​အပြင်​ဘက်​ကို ပထမ​ဆုံး​ပြောင်းရွှေ့​ထွက်​ခွာ​လာ​တဲ့ မျိုး​စိတ်​ဖြစ်​တယ်​လို့ ဆို​ပါ​တယ်။

ဟိုမိုအီရက်တပ်မျိုးစိတ်​က လွန်​ခဲ့​တဲ့ နှစ် ၅ သိန်း​လောက်​က အာ​ဖ​ရိ​က​နဲ့ အာ​ရှ​တိုက်​နေရာ တော်တော်​များ⁠များ​မှာ ပျောက်​ကွယ်​သွား​ခဲ့​ပါ​တယ်။ ဒါ​ပေ​မယ့်​လွန်​ခဲ့​တဲ့ နှစ်​သုံး​သောင်း​ငါး​ထောင် က​နေ ငါး​သောင်း​ကာလ​များ​အထိ အင်ဒို​နီး​ရှား​ကျွန်း၊ ဆိုလို​မြစ်​အနီး​က ဂန်​ဒေါင်း​ရွာ(Ngandong) အနီး​အပါး​မှာ ကျန်​ရှိ​နေ​ခဲ့​တယ်​လို့ ဆို​ပါ​တယ်။

အဲ​ဒီ​လို ပျောက်​ကွယ်​ဖို့ နှေး​ကွေး​ခဲ့​တဲ့ အင်ဒို​မြေ​က ဟို​မို​အီ​ရက်​တပ်​မျိုး​စိတ်​ဟာ ကျွန်တော်​တို့ လူ​သား​များ​ရဲ့ ကိုယ်​ပိုင်​မျိုး​စိတ်​ဖြစ်​တဲ့ ဟို​မို​ဆေး​ပီး​ယန်း​မျိုး​စိတ်(Homo sapiens) တွေ​နဲ့ ပတ်​ဝန်း ကျင်​နယ်ပယ် ဒေသ​ကို မျှဝေ​နေထိုင်​ခဲ့​တယ်​လို့ ထင်​ရ​ပါ​တယ်။ ဟို​မို​ဆေး​ပီး​ယန်း​မျိုး​စိတ်​တွေ ကတော့ အင်ဒို​နီး​ရှား ကို လွန်​ခဲ့​တဲ့​နှစ် ၄ သောင်းကျော်​လောက်​က ရောက်​ရှိ​လာ​ခဲ့​တာ​ပါ။

လက်ရှိမော်ဒန်လူသားများရဲ့ ပကတိ​ပုံစံ​များ​အတွက် ဒီ​မျိုး​စိတ်​နှစ်​ခု တ​ချိန်​တည်း​မှာ ပြိုင်​တူ​တည်​ရှိ နေ​ခဲ့​ခြင်း​က အရေးကြီး​တဲ့​အခန်း​ကဏ္ဍ​က​နေ ပါဝင်​နေ​ပါ​တယ်။ အာ​ဖ​ရိ​က​မျိုး​စိတ်​တွေ​ထဲ​က ခွဲ​ထွက်​တဲ့​မျိုး​စိတ်​တစ်​ခု သို့မဟုတ် အခြား​မျိုး​စိတ်​တစ်​ခု​ရဲ့ ပကတိ​စံ​ပုံစံ​က ဟို​မို​အီ​ရက်​တပ်​မျိုး​စိတ်​နဲ့  ဟို​မို​ဆေး​ပီး​ယန်း​မျိုး​စိတ်​တို့​အကြား ဘုံ​တူညီ​မှု​ကို ဖော်​ထုတ်ပေး​ပါ​တယ်။

ဒါ​ပေ​မယ့် ဟို​မို​အီ​ရက်​တပ်​မျိုး​စိတ်​တွေ​က အင်ဒို​နီး​ရှား​ဒေသ​များ​မှာ လက်​ရှိမော်​ဒန်​လူ​သား​မျိုး​စိတ် များ မ​ရောက်​ခင် ပျောက်​ကွယ်​ပြီး​ဖြစ်​တယ်​ဆို​တာ​ကို SoRT ပ​ရော​ဂျက်​က ပြသ​နေ​ပါ​တယ်။ ဟို​မို​အီ​ရက်​တပ်​မျိုး​စိတ်​များ​ဟာ လွန်​ခဲ့​တဲ့​နှစ် အနည်း​ဆုံး​တစ်​သိန်း​လေး​သောင်း​သုံး​ထောင် သို့မဟုတ် နှစ်​ငါး​သိန်း​ငါး​သောင်း​အလျင်​ကတည်းက ပျောက်​ကွယ်​ပြီး​ဖြစ်​တယ်​လို့ သု​တေ​သန မှတ်တမ်း​က ဖော်​ပြ​ပါ​တယ်။ ဒါ​ကတော့ ဟို​မို​အီ​ရက်​တပ်​မျိုး​စိတ်​များ​ဟာ  ဟို​မို​ဆေး​ပီး​ယန်း​မျိုး​စိတ် တွေ ရောက်​မ​လာ​ခင် နှစ်​များ​စွာ​ကတည်းက ပျောက်​ကွယ်​ပြီး​နေ​ပြီ​လို့ ဆိုလို​ရင်း​ပါ။

ဒါ​ကြောင့် သု​တေ​သန​လုပ်​ခဲ့​တဲ့ အင်​ဒြီ​ယာ​တီ​က ဟို​မို​အီ​ရက်​တပ်​မျိုး​စိတ်​က လက်​ရှိမော်​ဒန်​လူ​သား မျိုး​စိတ်​တွေ​နဲ့ သန္ဓေ​သဘော​တရား​များ​သာ​မက ပတ်ဝန်းကျင်​နေထိုင်​မှု​သဘော​တွေ​မှာ​ပါ ပတ်​သတ် စပ်​ယှက်​ခြင်း​မ​ရှိ​နိုင်​ဘူး​လို့ ဆို​ပါ​တယ်။

ဒီသုတေသနကိုတော့ PLoS One ဂျာနယ်​မှာ ဖော်​ပြ​ခဲ့​ပါ​တယ်။

Amtul Q Farhat ၏ Modern humans never shared habitats with Homo erectus အားဆီလျော်သလို မြန်မာ​ပြန်​ပါ​သည်။
Read more ...