Tuesday, September 20, 2011

The Nature of Things


The Nature of Things (Release from Anger)

Often a man suffers destruction
In order that another man
Might enjoy well-being.
Such is the nature of things! 

 
A courtier's satisfaction
In enjoying kingly confidences
In golden palaces
And a King's own good fortune
Are merely bubbles
On the surface of a vast ocean
Momentary and evanescent.

If dictated by commiseration
I were to be released
And freed from execution
I would not escape Death.
Inseparable am I from Karma
All sentient beings
Being subject to dissolution.




Respectfully I salute His Majesty.
Should I again meet my Lord the King
In one of my future rebirths
In the cycle of Samsara
Begrudging him nothing
I would lovingly forgive him.
Impermanent is my body of blood.
Anantasuriya


Anantasuriya was a chief minister in the Kingdom of Pagan under King Naratheinka (C.E 1170-1173). When as a result of a palace revolution Naratheinka's brother Narapatisithu seized the throne, Anantasuriya was ordered to be executed. On the eve of his death he wrote this classical poem entitled "Dhammata" (The Nature of Things), which is one of the literary treasures of the world. (F.L)

Karma can loosely be translated as destiny as ordained by the ethical consequences of one's acts in previous existences. Samsara is as explained before the cycle of deaths and rebirths until Nirvana is reached.


ဓမ္မတာ (မျက်ဖြေလင်္ကာ)

သူတည်းတယောက်၊ ကောင်းဘို့ရောက်မူ
သူတယောက်မှာ၊ ပျက်လင့်ကာသာ - ဓမ္မတာတည်း။
           ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊
           ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊
မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊
ရေပွက်ပမာ - တသက်လျာတည်း။
ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊
မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကျည်
အတည်မမြဲ ဖောက်လွှဲတတ်သည်၊ မချွတ်စသာ - သတ္တဝါတည်း။
ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏၊
ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြိုက်လတ်တွန်မူ၊
တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊
ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊
သွေးသည်အနိစ္စာ - ငါ့ခန္ဓာတည်း။     "အနန္တသူရိယ"









..အနန္တသူရိယကို အမြန်ဆုံးရှေ့တော်သွင်းချေစမ်း...................
                      .......................................လက်လွန်ပြီးကြောင်းပါဘုရား............................................... !


Extracted from the book titled Burmese Classical Poems, selected and translated by The Most Rev. Friedrich V. Lustig, Buddhist Archbishop of Latvia. Image is courtesy of writings of heart by pharmick ratanapanyo bhikkhu.
Read more ...

မွတ်စလင်မ်တို့ အီဗော်လူးရှင်းအကြောင်း ပြောဖို့လိုအပ်နေပြီ


(ဒီဇင်ဘာ ၁၀ရက်၊ ၁၉၇၉။ ဆွီဒင်ဘုရင်ကားလ် တစ်ဆယ့်ခြောက် ဂတ်စ်တက်ဗ်ထံမှ နိုဘယ်လ်ဆုတံဆိပ်လက်ခံရယူနေသည့် ပထမဆုံးသိပ္ပံနိုဘယ်လ်ဆုရမွတ်စလင်မ်သိပ္ပံပညာရှင် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ဝင် ဒေါက်တာအဗ္ဗဒွတ်စ်ဆလာမ်)

အီဗော်လူးရှင်းနဲ့ပတ်သတ်ပြီး ထုတ်ဖော်ပြောဆိုဖို့ရာ သာသနာရေးကဏ္ဌတွေမှာ အလေးအနက် သဘောထားတတ်တဲ့မွတ်စလင်မ်သိပ္ပံပညာရှင်တစ်ယောက်လိုအပ်နေပြီလို့မစ်ဒဲလ်ဆက်တက္ကသိုလ် ရဲ့အကြီးတန်းကထိက အိုဆာမား ဟတ်ဆန်က ဆိုလိုက်ပါတယ်။ လန်ဒန်မြို့အခြေဆိုက် တော်ဝင် နက္ခတ်ဗေဒလေ့လာရေးအဖွဲ့ဝင်တစ်ဦဖြစ်ပြီး ကိန်းဘရစ်ဂ်ျတက္ကသိုလ်ထွက် အစ္စလာမ် သာသနာဝင် အိုဆားမားဟတ်ဆန်ကတော့ အီဗော်လူးရှင်းသီအိုရီသည် ကျမ်းမြတ်ကုရ်အာန်နဲ့ လိုက်လျောညီထွေ ရှိပါတယ်လို့ တင်ပြတာကြောင့် အသက်အန္တရာယ်ခြိမ်းခြောက်ခံခဲ့ရပါတယ်။

ခင်ဗျားတို့သာသနာကို ကိုးကွယ်ကြသူတွေအံ့ဩသွားရလောက်အောင် ခင်ဗျားကအီဗော်လူးရှင်းနဲ့ ပတ်သတ်ပြီး ဘာများပြောလိုက်လို့လဲ။


မွတ်စလင်မ်အများစုကြီးကတော့ ဖန်ဆင်းရှင်ဟာ အာဒမ်ကို ရွံ့စေးကနေဖန်ဆင်းပြီး ဝိညာဉ် မှုတ်သွင်းကာ ကမ္ဘာ့ပထမဆုံးလူသားဖြစ်စေလိုက်တယ်လို့ ရိုးရှင်းတဲ့ အတွေးအခေါ်နဲ့ ယုံကြည် လက်ခံထားကြပါတယ်။ ပြဿနာကတော့ ဒီမှာစတာပါပဲ။ လွန်ခဲ့တဲ့ ၃ နှစ်က ကျနော်ဟာ မွတ်စလင်မ်တွေအနေနဲ့ အဲဒီရိုးစင်းလှတဲ့ အတွေးအခေါ်ကနေ တဆင့်တက်သင့်ပြီလို့ ဆောင်းပါး တစ်ပုဒ်ရေးခဲ့ပါတယ်။ ကျမ်းမြတ်ကုရ်အာန်ကို စာသားတွေအတိုင်း အနက်ဖွင့်ပြီး အဲဒီအပေါ်မှာပဲ လိုက်နာကျင့်သုံးနေကြခြင်းဖြစ်စဉ်ကတော့ အင်အားကောင်းနေဆဲပါ။ ကျနော်ကတော့ ဖန်ဆင်းရှင် ဝါဒီသော်လည်းကောင်း fundamentalist တစ်ယောက်အနေနဲ့ ကြီးပြင်းခဲ့သူပါ။ အဲဒီဘ၀မှာ နှစ်များစွာကျင်လည်ခဲ့ပါတယ်။ ဒီနောက်မှာတော့ အီဗော်လူးရှင်းသီအိုရီဟာ ကုရ်အာန်နဲ့လုံး၀ လိုက်လျော်ညီထွေဖြစ်နေတယ်ဆိုတာကို ကောက်ချက်ဆွဲနိုင်ခဲ့ပါတယ်။ ကုရ်အာန်ပါ ဖန်ဆင်းခြင်း ဖြစ်စဉ်ကို စာသားတွေအတိုင်းမဟုတ်ဘဲ နက်နက်ရှိုင်းရှိုင်းလေ့လာလိုက်တဲ့အခါမှာတော့ အီဗော် လူးရှင်းဆိုတဲ့ ဆင့်ကဲဖြစ်စဉ်ဟာ ကုရ်အာန်အရအကျုံးဝင်နေတဲ့ ဖြစ်စဉ်ဆိုတာ တွေ့ရပါတယ်။

ဘာကြောင့်အခြေအနေတွေ ကမောက်ကမဖြစ်သွားတာလဲ။

လွန်ခဲ့တဲ့ ဒီဇင်ဘာက ကျနော် ဆော်ဒီနိုင်ငံနေ၊ ကျော်ကြားတဲ့သာသနာရေးပညာရှင်၊ ဆာလေအလ် ဆဒ်လန်နဲ့ တွေ့ဆုံရာကနေ အခြေအနေတွေကယောက်ကယက်ဖြစ်ကုန်တာပါပဲ။ အီဗော်လူးရှင်း သီအိုရီကို ယုံကြည်လက်ခံတဲ့သူတစ်ယောက်က ဘုရားဝတ်တက်တဲ့အခါ ရှေ့ကနေဦးဆောင် နိုင်ပါသလားလို့ ကျနော်သူ့ကိုမေးတဲ့အခါ သူက "နိုး" ၊ မရဘူးလို့ ယတိပြတ်ဆိုပါတယ်။ အွန်လိုင်း မှာ ကျနော်နဲ့ပတ်သတ်ပြီး တရားဝင်တောင်းဆိုမှုတွေဖြစ်လာပါတော့တယ်။ တောင်းဆိုကြတာ ကတော့ ကျနော့်ကို အလ်-တောင်ဟီးတ်ဗလီကနေ အီမာမ်ရှေ့ဆောင်အဖြစ်တာဝန်ခန့်ထားမှုကို ရပ်ဆိုင်းပေးဖို့ပါ။ 

ကျနော်အဲဒီဗလီမှာ လွန်ခဲ့တဲ့ ၂၅ နှစ်လုံး အီမာမ်ရှေ့ဆောင်လုပ်ခဲ့တာပါ။ ဇန်နဝါရီမှာတော့ အီဗော်လူးရှင်းသည် ကျမ်းစာတွေနဲ့ ဆန့်ကျင်မှုရှိမနေပါဆိုတဲ့ အကြောင်းကို အဲဒီဗလီမှာပဲ ဟောပြောတင်ပြပါတယ်။ အဲဒီတင်ပြမှုဟာ ဗလီမှာရထားတဲ့ ကျနော့်ရာထူးအတွက် ရှင်းလင်းမှု တစ်ရပ်အဖြစ်လည်း မှတ်တမ်းဝင်စေဖို့ပါ။ အဲဒီတင်ပြမှုကို အစွန်းရောက်ဂိုဏ်း ငယ်ကလေးတစ်ခုက အနှောက်အယှက်ပေးခဲ့တာကြောင့် တဝက်တပျက်နဲ့ ဖျက်သိမ်းခဲ့ရပါတယ်။

အဲဒီအကြောင်းက ခင်ဗျားရဲ့ နေ့စဉ်ဘ၀ကို ဘယ်လိုအကျိုးသက်ရောက်ပါသလဲ။

ဖြစ်ရပ်ကလေးက သိပ်ကိုပြင်းထန်ခဲ့ပါတယ်။ ကျနော်ဟောပြောတင်ပြနေစဉ်အတွင်းမှာ ပရိတ်သတ် အကြားလက်ကမ်းစာစောင်တွေပျံ့နှံ့နေပါတယ်။ အဲဒီလက်ကမ်းစာစောင်တွေမှာ ရေးသားထားတာ က ဘယ်သူမဆို အီဗော်လူးရှင်းဆင့်ကဲဖြစ်စဉ်ကို ယုံကြည်မယ်၊ ထပ်ဆင့်ဖြန့်ချိမယ်ဆိုရင် သူ့ကို သတ်ပြစ်ရမယ်။ 

ဒီလုပ်ရပ်ကိုဘယ်သူတွေလုပ်သလဲဆိုတာသိရတော့ ဗြိတိသျှက မွတ်စလင်မ်အစွန်းရောက် အဖွဲ့ငယ် ကလေးတစ်ဖွဲ့ဖြစ်နေပြီး အဲဒီအဖွဲ့ငယ်ကလေးကတော့ ကုရ်အာန်ကျမ်းပါ စာသားများကို စာသားတွေ အတိုင်းပဲ နားလည်ထားကြပါတယ်။ သူတို့တွေကတော့ အဓိကရုဏ်းဖြစ်ပေါ်လာစေ ရေးအတွက် ကြိုတင်လှုပ်ရှားသူတွေပါပဲ။  ကျနော်အတွက်တော့ စိုးရိမ်စရာပါပဲ။ ကျနော့်မှာ ကလေးငယ်တွေ လည်းရှိတယ်လေ။ အိမ်မှာတော့ အထူးလုံခြုံရေးအစီအမံတွေနဲ့ နေနေရပါတယ်။ ကျနော်ထင် ပါတယ်၊ ကျနော်အဲဒီလိုမျိုးပဲ တစ်သက်လုံးနေသွားရတော့မှာပါ။ 

မွတ်စလင်မ်တွေအကြားမှာ ခရီးအေးရှင်းနစ်များရဲ့ အခန်းကဏ္ဌက ဘယ်လိုရှိပါသလဲ။


မွတ်စလင်မ်ဖြစ်ရင်အရာဝတ္ထုတိုင်းဟာ တဖြည်းဖြည်းချင်းတိုးတက်ဖြစ်ထွန်းလာတာလို့ မယူရဆဘဲ အားလုံး၊ အားလုံးဖန်ဆင်းခြင်းခံထားရတယ်ယူဆရမယ်။ ဒါဟာ မွေးရာပါပဲ။ ကျနော်တို့ထဲက အများစုက အီဗော်လူးရှင်းသည် မမှန်၊ သက်သေမပြနိုင်၊ သာသနာရေးကို စော်ကားမော်ကား လုပ်ထားတာ စတာတွေပဲ သင်ကြားခဲ့ရတယ်။ လူတွေအများကြီးကတော့ ဒေးဗစ်အတ္တန်ဘိုရက် စသူ များရဲ့တီဗွီသိပ္ပံအစီအစဉ်တွေကို သဘောကျပေမယ့် ပြီးရင်တော့ ဟေး၊ သူကယုံကြည်သူမှမဟုတ်ဘဲ၊ သူ့စကားငါတို့ဘယ်လိုယုံမလဲစသဖြင့် ပြောကြပါတော့တယ်။

မကြာသေးမီက ခင်ဗျားရဲ့ထင်မြင်ယူဆချက်ကို အကြမ်းဖက်ခြိမ်းခြောက်မှုတွေကြောင့် ပြန်ရုပ်သိမ်းခဲ့ တယ်၊ အဲဒီကိစ္စနဲ့ပတ်သတ်ပြီး ရှင်းပြပါအုန်း။

ကျနော်အနေနဲ့ အီဗော်လူးရှင်းနဲ့ပတ်သတ်ပြီး လေ့လာတွေ့ရှိမှုတွေကို ဘယ်လိုတင်ပြရမလဲဆိုတဲ့ နည်းလမ်းကိုကောင်းကောင်းမသိခဲ့မိဘူး။ ဒါကြောင့်ပဲ ပြန်ရုပ်သိမ်းခဲ့တယ်ဆိုပါတော့။ မကြာမြင့်မီ ကာလမှာ ဒီအီဗော်လူးရှင်းကိစ္စကို တစ်စုံတစ်ယောက်က တာဝန်ယူဖြေရှင်းပေးဖို့ မြော်လင့်မိတာပဲ။

အီဗော်လူးရှင်းသည်ကုရ်အာန်နဲ့ကိုက်ညီမှုရှိကြောင်း လူအများလက်ခံလက်ဖို့ ကျနော့်ရဲ့ကြိုးပမ်းမှုကို အခြေအနေတွေ ငြိမ်သက်သွားတဲ့အထိနိတ္ထတံလိုက်ပြီ။ ကျနော်ရဲ့ဘ၀ကို အန္တရာယ်ထဲ ဆွဲမသွင်း ချင်ပါဘူး။

မှန်ကန်မှုအခြေအနေတစ်ခုကို ဘွင်းခနဲချပြဖို့ ကျနော်အနေနဲ့ တော်တော်များများ ခရီးပေါက် အောင်သွားပြစ်ခဲ့မိတယ်။ အထောက်အထားနဲ့ ပရိသတ်ရှေ့မှာ အခြေအတင်ပြောဆို တာက ပိုကောင်းတဲ့နည်းလမ်းဖြစ်မယ်ထင်ပါတယ်။ ကျနော့်ကို ကျနော် ထောက်ခံအားပေးမိတယ်။ လူအတော်များများကတော့ ပြောကြပါတယ်၊ သူတို့တွေလက်မခံရင်တောင်မှ ကျနော်မှာ ဒီကိစ္စကို ရှင်းလင်းတင်ပြဖို့ အခွင့်အရေးရှိနေတယ်ဆိုပြီးတော့ပါ။

မွတ်စလင်မ်တွေအကြား အီဗော်လူးရှင်းကို တင်ပြဖို့ အကောင်းဆုံးနည်းလမ်းကရော။

ကျနော်တို့အနေနဲ့ မွတ်စလင်မ်သိပ္ပံပညာရှင်တွေ ပိုပြီးလိုအပ်လာပါပြီ။ သူတို့တွေဟာ ဘာသာရေး ကိုင်းရှိုင်းရမယ်၊ သူတို့ရဲ့အမြင်ကိုလည်း ဖွင့်ဟပြောဆိုနိုင်ရမယ်။ ကျနော်ကို ထောက်ခံအားပေးတဲ့ မွတ်စလင်မ်သိပ္ပံပညာရှင်တွေ အများကြီးပါ။ သူတို့က သူတို့အမြင်ကို ထုတ်ဖော်ပြောဆိုဖို့အတွက် တုန့်ပြန်လာမယ့် အန္တရာယ်တွေကို ကြောက်လန့်နေကြတယ်။ 

မွတ်စလင်မ်တွေအနေနဲ့ ခရီအေရှင်းနီစင်မ်တွေကိုမေးခွန်းပြန်ထုတ်ဖို့အလိုရှိပါတယ်လို့ အေမာမ် ရှေ့ဆောင်လည်းဖြစ် ရူပဗေဒပညာရှင်လည်းဖြစ်တဲ့ အိုဆာမား ဟတ်ဆန်က ဆိုပါတယ်။

မိုက်ကယ်ဘွန်းအင်တာဗျူး။ (ရည်ညွှန်း - + )


အစ္စလာမ်သာသနာမှ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့သည် အစီအစဉ်တကျဖြစ်ပေါ်လာသည့် programmed evolution ကို ကျမ်းမြတ်ကုရ်အာန်နှင့် လိုက်လျော်ညီထွေမှုရှိကြောင်း တင်ပြသည့် တစ်ခုတည်းသော အစ္စလာမ်မစ်အဖွဲ့အစည်းဖြစ်ပါသည်။ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့သည် နောက် ကွယ်ကြိုးကိုင်မှုရှိသော programmed evolution ကိုတင်ပြပြီး ဒါဝင်၏ မျက်ကန်းအီဗော်လူးရှင်း blind evolution အခြေမခိုင်ကြောင်း သက်သေပြသည့် အဖွဲ့အစည်းလည်းဖြစ်ပါသည်။ လာရှိ သည်မှာ -

 ‘And He has created you in different forms and different conditions. ( Al Quran 71:15)

စင်စစ်သော်ကား ထိုအရှင်မြတ်သည် အသင်တို့အား ရုပ်ဆင်းသဏ္ဌာန်အမျိုးအမျိုးနှင့် နည်းအမျိုးအမျိုးပြောင်း၍ ဖန်ဆင်းတော်မူခဲ့သည်။ (အလ်ကုရ်အာန် ၇၁:၁၅)


+ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့နှင့် အီဗော်လူးရှင်း


Read more ...

Friday, September 16, 2011

ပထမဆုံးသိပ္ပံနိုဘယ်ဆုရ မွတ်စ်လင်မ်သိပ္ပံပညာရှင် အဗ္ဗဒွတ်စ်ဆလာမ်

မိုးကုပ်စက်ဝိုင်းကို မြော်ကြည့်လိုက်ပါ။ ကျုပ်တို့ပါကစ္စတန်မှာ ဆလာမ်နောက်တစ်ယောက် ပေါ်လာ ဖို့ဆိုတာ မြူမှုန်လောက်ရှိတဲ့အရိပ်အယောင်တောင် မတွေ့ရတော့ပါ။ (ယူအက်စ်အေ အခြေစိုက် ပါကစ္စတန်လင့်ခ်သတင်းစာ၊ ၁၉၉၆ ခုနှစ်)
 

မွေး - ၁၉၂၆ ဇန်နဝါရီလ ၂၉ ရက်
မွေးဖွားရာနေရာ - ပါကစ္စတန်နိုင်ငံ၊ ဂျန်းဒေသ
ကွန်လွန် - ၁၉၉၆ နိုဝင်ဘာလ ၂၁ရက်
လူသိများရခြင်းအကြောင်းရင်း - အီလက်ထရိုဝီက်သီအိုရီ(electro weak theory)၊ အိုင်းစတိုင်း-ဝိုင်းဘာဂ်-ဆလာမ် သီအိုရီ(Einstein-Weinberg-Salam Theory) များအပါအဝင် အခြားသော ရူပဗေဒသီအိုရီပိုင်းဆိုင်ရာ လေ့လာတွှေ့ရှိမှုများ၊ အီတလီနိုင်ငံ ထရစ္စတီးမြို့ရှိ တတိယကမ္ဘာ့နိုင်ငံ များအတွက် ရူပဗေဒစင်တာကို စတင်တည်ထောင်သူ၊ ပါကစ္စတန် နိုင်ငံ၏ နူးကလီးယားဖခင်ကြီး။

ပါကစ္စတန်နိုင်ငံသား နူးကလီးယားဆိုင်ရာ ရူပဗေဒပညာရှင်တစ်ဦးဖြစ်သည့် အဗ္ဗဒွတ်စ်ဆလာမ် သည် ၁၉၇၉ တွင် စတီဗင်ဝိုင်းဘာဂ်နှင့် ရှယ်လ်ဒန်လဲဂလက်စဂိုတို့နှင့်အတူ “အီလက်ထရိုဝီက် သီအိုရီ” ကို လေ့လာတွေ့ရှိမှုအတွက် နိုဘယ်ဆုချီးမြှင့်ခံခဲ့ရသည်။ ထိုသီအိုရီက အီလက်ထရိုမဂ်နီ တစင်မ်ခေါ် လျှပ်စစ်သံလိုက်စက်ကွင်းများနှင့် အင်အားနည်းနူးကလီးယားစွမ်းအင် တို့ပူးပေါင်းခြင်း သဘောတရားကို ရှင်းပြသည်။ 

ပရောဖက်ဆာဒေါက်တာအဗ္ဗဒွတ်စ်ဆလာမ်၏ စီဗွီအပြည့်အစုံကို နေရာတွင် ကြည့်နိုင်ပါသည်။


ဆလာမ်သည် လာဟိုရ်မြို့ အစိုးရကောလိပ်တွင် ပညာသင်ကြားခဲ့ပြီး ၁၉၅၂ခုနှစ်၌ ကိန်းဘရစ်ဂ်ျ တက္ကသိုလ်မှ သီအိုရီပိုင်းဆိုင်ရာ ရူပဗေဒဘာသာရပ်ဖြင့် ပီအိပ်ခ်ျဒီဘွဲ့ ရရှိသည်။

၁၉၅၁-၅၄ ခုနှစ်များအတွင်း မွေးရပ်မြေ၌ သင်္ချာပါမောက္ခတာဝန်ကို ထမ်းရွက်ခဲ့ပြီး အင်္ဂလန်သို့ပြန် ကာ ကိန်းဘရဂျစ်တွင်ပင် သင်္ချာကထိကတာဝန်ကို ထမ်းဆောင်သည်။

၁၉၅၇ တွင် ယနေ့ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်ကြီးများထဲတွင် နံပါတ် ၅ နေရာလိုက်သည့် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တော်ဝင်ကောလိပ်(Imperial College of Science and Technology, London)တွင် သီအိုရီပိုင်းဆိုင်ရာ ရူပဗေဒပါမောက္ခာတဝန်ကို ထမ်းဆောင်သည်။ (ရည်ညွှန်း - http://www.usnews.com/sections/education/worlds-best-universities)

၁၉၆၄ တွင် အီတလီနိုင်ငံ၊ ထရစ္စတီးမြို့၌ နိုင်ငံတကာ သီအိုရီပိုင်းနှင့်ဆိုင်သော ရူပဗေဒ စင်တာတည်ထောင်ရာ founder တစ်ဦးအနေဖြင့်ပါဝင်ခဲ့ပြီး ထိုစင်တာက တတိယ ကမ္ဘာ့နိုင်ငံများရှိ ရူပဗေဒပညာရှင်များအား ကူညီထောက်ပံ့ရန် ရည်ရွယ်သည်။ ဆလာမ်သည် မိမိ ကွယ်လွန်ချိန်အထိ ထိုစင်တာ၏ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ 

၁၉၆၀ ပြည့်လွန်နှစ်များတွင် ဆလာမ်သည် လန်ဒန်မြို့တော်ဝင်ကောလိပ်တွင်ပင် မိမိအား နိုဘယ်ဆု ရရှိစေမည့် သုတေသနလုပ်ငန်းကို တစိုက်မတ်မတ်လုပ်ကိုင်နေခဲ့သည်။

သူ၏ရူပဗေဒနိယာမရှင်းလင်းတင်ပြချက်သည်လျှပ်စစ်သံလိုက်အင်အား (electromagnetic forces) များနှင့် အင်အားနည်း နူးကလီးယားအင်အား(weak nuclear forces) တို့အကြား အခြေခံ စပ်ဆက်တည်ရှိနေမှုကို ဖော်ပြသည်။

ဘို့စ် - အိုင်းစတိုင်းနိယာမ (Bose-Einstein Statistics) ဆိုသည်မှာ ပိုမိုကြီးမားသည့် particle အစိတ်အပိုင်းတစ်ခုမှ ခွဲထွက်လာပြီး သုည၊ တစ်နှစ်၊ သုံး စသည်….. အစဉ်အတိုင်း လည်ပတ်နေသော particle အစိတ်အပိုင်းသေးလေးများဖြစ်နေခြင်းကို ဘိုဆန် ၊ Bosons ဟုခေါ်သည်။

Bosons များထဲမှ အင်အားနည်း ဗက်တာ Bosons များကို w-z bosons များဟုခေါ်သည်။ ထို w-z bosons များ၏အင်အားကြောင့် အင်အားနည်း နူးကလီးယား(weak nuclear forces)တို့ ထုတ်လွှတ်(transmit) ခြင်းခံရကြောင်းကို ဆလာမ်က ဖော်ထုတ်ခဲ့သည်။ 

ဝိုင်းဘာဂ်နှင့် ဂလက်စဂိုတို့ကလည်း ထိုဖော်ပြချက်အတိုင်း ဖော်ပြနိုင်ကြပြီး အကြောင်းအကျိုး တင်ပြရာ၌မူ ဆလာမ်၏တင်ပြချက်နှင့် ကွဲပြားလေသည်။ w-z bosons များတည်ရှိခြင်းကို ၁၉၈၃ တွင် ရှာဖွေတွေ့ရှိခဲ့လေသည်။ (ရည်ညွှန်း - http://www.britannica.com/EBchecked/topic/518872/Abdus-Salam# )

ဆလာမ်၏ လေ့လာတွေ့ရှိချက်များသည် ပါကစ္စတန်နိုင်ငံအတွက် အဆုံးစွန်သော အောင်မြင်မှုကို ဖြစ်ပေါ်စေသည်သာမက ပါကစ္စတန်နိုင်ငံ၏ နူးကလီးယားဆိုင်ရာ လေ့လာတွေ့ရှိမှုများ၊ အာကာသဆိုင်ရာလေ့လာတွေ့ရှိမှုများအတွက် ထူးကဲသာလွန်သည့် စွမ်းဆောင်မှုတစ်ခုကို ဖြစ်ပေါ်စေလေသည်။ (ရည်ညွှန်း - http://en.wikipedia.org/wiki/Abdus_Salam#Legacy )

ဆလာမ်သည် ပါကစ္စတန်နိုင်ငံအတွက် အာကာသအစီအစဉ်တစ်ခုစတင်ရန် အကြံပြုခဲ့ပြီး ပါကစ္စတန်နိုင်ငံ၊ အာကာသအစီအစဉ်(space programme)၏ ပထမဆုံးဥက္ကဠအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။

"The Holy Quran enjoins us to reflect on the verities of Allah's created laws of nature; however, that our generation has been privileged to glimpse a part of His design is a bounty and a grace for which I render thanks with a humble heart." (Professor Dr. Abdus Salam of Pakistan)
 
“ကျမ်းမြတ်ကုရ်အာန်က အလ္လာဟ်အရှင်မြတ်ရဲ့ ဖန်ဆင်းခြင်းနိယာမဥပဒေအမျိုးမျိုးအပြားပြားကို ခံစားသိမြင်လာစေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မျိုးဆက်တွေက အလ္လာဟ်အရှင်ရဲ့ ဖန်ဆင်းခြင်း ပုံစံထဲက လျှပ်တပြက်လောက်စာကလေးကို သိနားလည်ခွင့်ဆိုတဲ့ ဆုလာဘ်ကောင်းချီး ချီးမြှင့် ပေးသနားခံရပါတယ်။ အဲဒီအတွက် ကျွန်တော်အနေနဲ့ အရှင်မြတ်အား နှိမ်ချသောနှလုံးသားဖြင့် ကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုပါတယ်။” (http://nobelprize.org/nobel_prizes/physics/laureates/1979/salam-bio.html ၏ ဆလာမ်အထုပတ္တိဖော်ပြချက်မှ)


(ဘာသာရေးယုံကြည်ချက်ကြောင့် အမိမြေ၏မသိကျေးကျွန်ပြုခံထားရလင့်ကစား အမိမြေအား ကိုယ်စားပြုတက်ရောက်ခဲ့သောနိုဘယ်ဆုပေးပွဲတွင်အမျိုးသားဝတ်စုံဆင်မြန်းထားသည့်အဟ်မဒီယာ မွတ်စ်လင်မ်အဖွဲ့ဝင် ပရောဖက်ဆာဒေါက်တာအဗ္ဗဒွတ်စ်ဆလာမ်)

ပါကစ္စတန်နိုင်ငံအနေဖြင့် နူးကလီးယားနည်းပညာပိုင်းအတွက် မည်မျှအရေးကြီးနေသည်ကို ဆလာမ်ကသိရှိခဲ့သည်။ ဆလာမ်သည် ပါကစ္စတန်နူးကလီးယားအစီအစဉ်၌ အချက်အချာကျသည့် ပုံရိပ်တစ်ခုအဖြစ်လည်း ကြွင်းကျန်နေရစ်ပေသည်။

ပါကစ္စတန်နိုင်ငံတွင် နူးကလီးယားတက္ကသိုလ်တစ်ခုတည်ထောင်ရန် ဆလာမ်အားတာဝန်ပေး အပ်ခြင်းခံခဲ့ရသည်။ ၁၉၇၂ တွင် ပါကစ္စတန်အစိုးရက အိန္ဒိယ၏ နူးကလီးယားအစီအစဉ်ကို လေ့လာမိရာမှ ပါကစ္စတန်ဝန်ကြီးချုပ် အလီဘူတိုသည် နူးကလီးယားနည်းပညာဆိုင်ရာ သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများပါဝင်သော အဖွဲ့တစ်ခုကို ဖွဲ့စည်းကာဆလာမ်အား ကနဦး ဦးဆောင်စေခဲ့သည်။ ဆလာမ်သည် မိမိ၏လုပ်ဖော်ကိုင်ဖက်လည်းဖြစ်၊ နှစ်ရှည်လများတွဲလာခဲ့သည့် သူငယ်ချင်းလည်းဖြစ်သော မစ္စတာမူနီးအဟ်မဒ်ခန်းနှင့်တွဲ၍ ပါကစ္စတန်နူးကလီးယား လုပ်ငန်းကို သတိဝီရိယထားကာ ပြောင်မြောက်စွာအကောင်အထည်ဖော်လုပ်ဆောင်ခဲ့သည်။

၁၉၇၂ ဒီဇင်ဘာတွင် အိုင်စီတီပီအဖွဲ့ကို ဆလာမ်ကညွှန်းကြားခဲ့ပြီး နောင် ၅ နှစ်အကြာ ဆလာမ်၏ တပြည့်တစ်ဦးဖြစ်သည့် ရီယာဇွတ်ဒင်းဦးဆောင်သောတီပီဂျီအဖွဲ့က နူးကလီးယားလက်နက်၏ သီအိုရီပိုင်းဆိုင်ရာပုံစံကို ဆောင်ရွက်အောင်မြင်ခဲ့လေသည်။ (http://en.wikipedia.org/wiki/Abdus_Salam#Involvement_in_Pakistan.27s_Nuclear_Weapons_Programme)

Become the fan of Prof. Dr. Abdus Salam on Facebook - Here
Read more ...