Wednesday, February 29, 2012

OpenSSH နဲ့ Private/Public Key Share အပိုင်း(၁)

OpenSSH နဲ့ Private/Public Key Share အပိုင်း (၁)

ဒီအကြောင်းအရာကတော့ compute science မှာ အနည်းငယ် technical ဆန်နေတာ ကြောင့်သာမာန်စာဖတ်ပရိသတ်အတွက်တော့ စိတ်ဝင်စားဖို့သိပ်ကောင်းမှာမဟုတ်ပါလို့ စကား ပုလ္လင်ခံလိုက်ပါတယ်။ လုံခြုံမှုရှိတဲ့ channel တစ်ခုကနေ အဖိုးတန် ဒေတာ(Data)တွေကို ဘယ်လို ဘယ်ပုံပို့ဆောင်မလဲ၊ ဒါမှမဟုတ်ဘယ်လိုဘယ်ပုံလက်ခံရယူမလဲဆိုတဲ့ကိစ္စပါ။

ဒီအာတီကယ်လ်ကို ဖတ်နေတဲ့မိတ်ဆွေက secure data channel မှာ ssh ခေါ် Secure Shell ဆိုတာဘာလဲနားလည်ပြီးဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ ssh ဆိုတာ network protocol တစ်ခုပါ။ သူ့ကို secure data communication တွေမှာ သုံးပါတယ်။ မေဂျာဗားရှင်းနှစ်မျိုးရှိပြီး ssh1 နဲ့ ssh2 လို့ခေါ်ကြပါတယ်။ အလုပ်လုပ်ပုံက remote computer တစ်လုံးကို ဝင်ရောက် ဆက်သွယ်နိုင်ဖို့အတွက် public key cryptography ကိုအသုံးပြုပြီး ဆက်သွယ်ခွင့် ပေးပါတယ်။ Private/Public Key Share ကိုလည်း အသုံးပြုနိုင်ပါတယ်။ အခုကျနော်တို့ focus လုပ်မှာက Private/Public Key Share ပုံစံနဲ့ remote computer/server တစ်လုံးကို ဆက်သွယ်ပြီး data အပို့အယူလုပ်မှာပါ။ အသုံးဝင်ပုံကိုတော့ တနေရာရောက်ရင် ဆွေးနွေးကြတာပေါ့။


Cryptography မှာ encrypt / decrypt အယ်လ်ဂိုရစ်သမ်တွေ အများကြီးရှိပါတယ်။ RSA / DSA စသဖြင့်ပေါ့။ ပုံပါအတိုင်းကြည့်မယ်ဆိုရင် လိမ္မော်ရောင်လေးထောင့်အဝန်းထဲက key generation algorithm ဆိုတာ အဲဒီ RSA / DSA တွေထဲက တစ်ခုပေါ့။ အဲဒီ အယ်လ်ဂိုရစ်သမ်တွေထဲကမှ အခုကျနော်တို့သုံးမယ့် အယ်လ်ဂိုရစ်သမ်က RSA ဖြစ်ပါတယ်။ ဒီနေရာမှာ အပိုင်း ၂ ခု ခွဲဖို့ လိုအပ်လာပါတယ်။ ပရိုဂရမ်မာတွေအတွက် open source အကြောင်းမဆွေးနွေးခင် ready made tools လေးတွေသုံးပြီး စမ်းသပ်ကြည့်ဖို့ဖြစ်ပါတယ်။ ဆိုတော့ အပိုင်း (၁) က ready made tools တွေသုံးပြီး ထဲထဲဝင်ဝင်နည်းလည်သွားအောင်လုပ်မယ်။ အပိုင်း (၂) က open source ကိုလေ့လာမယ်။

အပိုင်း(၁) မှာ အသုံးပြုမယ့် ready made tools တွေကို download လုပ်ဖို့ လိုပါတယ်။ ပထမဆုံး server setup အရင်လုပ်ပြီး client/server ပုံစံစမ်းသပ်ကြည့်မယ်။ http://cygwin.com/install.html မှာ cygwin.exe ကို download လုပ်ပါ။ open source ပါပဲ။ linux လည်းပိုင်ရင်တော့ လေ့လာကြည့်နိုင်ပါတယ်။ install လုပ်နည်းကိုတော့ အဆင့်ဆင့်သွားရပါမယ်။ How to install cygwin ဆိုပြီး ဂူးဂဲလ်လိုက်ရင်လည်းရပေမယ့် အဆင်ပြေအောင် screen shot များနဲ့ မြန်မာလိုဖော်ပြပေးလိုက်ပါတယ်။

cygwin ရဲ့တခြား usage တွေအကြောင်းလေ့လာချင်တယ်ဆိုရင်တော့ http://cygwin.com/faq-nochunks.html#faq.what အဲဒီမှာလေ့လာကြပါ။ လောလောဆယ် ကျနော်တို့နဲ့ဆိုင်တဲ့ အကြောင်းကတော့ cygwin ကို openssh/sftp server တစ်ခုအနေနဲ့ အသုံးပြုဖို့ပါ။

၁) install from internet ကိုရွေးပါ။




၂) cygwin ရဲ့ root directory ကိုရွေးပေးပါ။



၃) cygwin ရဲ့ local package directory ကိုရွေးပေးပါ။



၄) download လုပ်မယ့် connection type ကိုရွေးပေးပါ။ Default ကတော့ ဖြစ်ပါတယ်။



၅) download လုပ်မယ့် site ကိုရွေးပေးပါ။


၆) install လုပ်ရမယ့် package  တွေထဲက admin package တစ်ခုလုံးကို တစ်ခုချင်းစီ select မှတ်ပါ။


၇) ဒုတိယ package ကတော့ NET အောက်မှာရှိတဲ့ OpenSSH ဖြစ်ပါတယ်။ OpenSSH နဲ့ OpenSSL ကို select မှတ်ပါ။


 ၈) တတိယ package ကတော့ Edito အောက်က Vim ဖြစ်ပါတယ်။ vim:Vi IMproved - enhanced vi editor ကို select မှတ်ပါ။
၉) ပြီးရင်တော့ next ကိုနှိပ်ပြီး install လုပ်လို့ရပါပြီ။
Read more ...