Friday, July 18, 2014

၆၇ နှစ်မြောက် အာဇာနည်နေ့နှင့် မြန်မာမွတ်စလင်မ်တိုု့၏ အခန်းကဏ္ဍ





၁၉ ဇူလိုင် ကျရောက်ခဲ့ပြန်ပါပြီ။ ဒီအချိန်ကတော့ ၁၉ ဇူလိုင်  ရဲ့ စစ်မှန်တဲ့ အရေးပါမှုကို ထုတ်ဖော် ပြသကြရမယ့်အချိန်ပါပဲ။

အာဇာနည်နေ့ အခါသမယကတော့ မြန်မာ့မြေပေါ်က အစ္စလာမ်သာသနာဝင်များအတွက်လည်း အရေးပါနေ သလို အခြားနိုင်ငံသူ၊ နိုင်ငံသား ညီရင်းအစ်ကို မောင်ရင်းနှမများကလည်း မြန်မာ ပြည်ဖွား မွတ်စလင်မ်များကို သူတို့ရဲ့သာသနာအပေါ်မှာ လုံးဝဥဿုံပျပ်ဝပ်ထားရင်းနဲ့မှ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ကို ဘယ်လိုထုတ်ဖော်ပြသမလဲ၊ ဘယ်လိုရပ်တည်ပြမလဲဆိုတာ တွေနဲ့ ပတ်သတ်ပြီး စောင့်ကြည့်ကောင်း စောင့်ကြည့်နေပါလိမ့်မယ်။

အစ္စလာမ့်သွန်သင်ချက်ကတော့ ဒီလိုပါ။ မွတ်စလင်မ်တစ်ဦးတစ်ယောက်က မိမိရဲ့ တပြည်တည်း သားချင်းကို ရန်ဘက်ပြုမယ်ဆိုရင်တော့ အဲဒီမွတ်စလင်မ်က အစ္စလာမ့်အရင်းခံ သွန်သင်ချက်ကို ဖောက်ဖျက်ကျူးလွန်သူပါ။ အစ္စလာမ့်တမန်တော်ကြီး မုဟမ္မဒ်က “အသင်တို့ရဲ့ တိုင်းပြည်ပေါ်မှာ ချစ်တဲ့စိတ် (မျိုးချစ်စိတ်) ဟာ (သာသနာအပေါ်) သက်ဝင်ယုံကြည်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်” ဆိုပြီး အလွန်တရာ လှပသိမ် မွေ့စွာ သွန်သင်ခဲ့ပါတယ်။

ကိုုရန်ကျမ်းက မွတ်စလင်မ်များကို မိမိတို့အထက်က အုပ်ချုပ်သူများအား နာခံဖို့ အခု လို သွန်သင်ထားပါတယ်။

"အို-သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာကြလေကုန်၊ ထိုနည်းတူစွာ အသင်တို့သည် ရစူလ်တမန်တော်၏ အမိန့်တော်များကို လည်းကောင်း၊ မိမိတို့အနက်မှအာဏာပိုင်များ၏အမိန့်ကိုလည်းကောင်း၊ လိုက်နာကြလေကုန်။" (ကိုုရန်ကျမ်းစာ အခန်းနံပါတ် ၄၊ မုုက္ခပါတ်အမှတ်စဉ် ၆၀)

တဖန် တမန်တော်မုဟမ္မဒ်က အခုလို သွန်သင်ထားပြန်ပါတယ်။

"ငါ့အားနာခံသူဟာ ဘုရားရှင်ကို နာခံသူဖြစ်တယ်။ ငါ့ကို မနာခံသူကတော့ ဘုရားရှင်ကို မနာခံသူဖြစ်တယ်။ ဘယ်သူမဆို မိမိအထက်က အုပ်ချုပ်သူကို နာခံမယ်ဆိုရင် ငါ့ကို နာခံတာနဲ့ သဏ္ဌာန်တူဖြစ်တယ်။ မိမိအထက်က အုပ်ချုပ်သူကို မနာခံသူကတော့ ငါ့ကို မနာခံတာနဲ့ သဏ္ဌာန်တူပဲ ဖြစ်တယ်။" (မွတ်စလင်မ်ကျမ်း၊ ကိတာဗ်အလ် အိမာရာဟ်)

ဒါကြောင့် တိုင်းပြည်အုပ်ချုပ်သူများကို နာခံဖို့နဲ့ မျိုးချစ်စိတ်ဓာတ် ထားရှိကြဖို့ကို ကိုုရန်ကျမ်းနဲ့ တမန်တော်ကြီး မုဟမ္မဒ်တို့က ရှင်းလင်းစွာ သွန်သင်ထားပြီးဖြစ်ပါတယ်။ ဒီလို မိမိတို့ရဲ့ မွေးရပ်မြေနိုင်ငံတော်အပေါ်သာမက အမျိုးသားချင်းများအပေါ်မှာပါ သစ္စာမဖောက်ဖျက်စတမ်း ထားရှိရမယ့် မျိုးချစ်စိတ်ဓာတ်နဲ့ပတ်သတ်ပြီး အစ္စလာမ့်သွန်သင်ချက် ကတော့ လက်တွေ့ကျသလို မင်းမဲ့စရိုက်တွေနဲ့ သူပုန်ထမှုတွေကိုပါ အမြစ်ကနေ တွန်းလှန်ဖို့ ရည်ရွယ်ပါတယ်။

အစ္စလာမ့်သွန်သင်ချက်က ယူနီဗာဆယ်ဖြစ်သလို မွတ်စလင်မ်တွေအားလုံးကိုလည်း ငြိမ်းချမ်းစွာ ဘဝကျောင်းလမ်းစေဖို့ ဆင့်ဆိုပါတယ်။ ဒီသွန်သင်ချက်က မွတ်စလင်မ်တွေကို ဘယ်သောအခါမှ သစ္စာစောင့်သိရိုသေမှုနဲ့ပတ်သတ်ပြီး ဇဝေဇဝါဖြစ်စေဖို့ရာ လမ်းညွှန်ထားတာမျိုးမရှိပါ။ ဒါကြောင့် လည်း မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုုင်းမှာ အစ္စလာမ်သာသနာကို မမှိတ်မသုန် ယုံကြည်သက် ဝင်ထားကြတဲ့ မြန်မာနိုင်ငံသား အမြောက်အမြားကို တွေ့ရမှာဖြစ်သလို အာဇာနည်ကြီးများစာရင်းမှာ လည်း မြန်မာမွတ်စလင်မ်များကိုယ်စားပြု ဆရာကြီး ဦးရာဇတ်နဲ့ ရဲဘော်ကိုထွေးတို့ကို တွေ့ကြရ မှာပါ။

ဒါပေမယ့် ယနေ့မွတ်စလင်မ်များအပေါ်မှာ ဘာသာခြားများကထင်မြင်နေတဲ့ မှားယွင်းတဲ့အယူအဆ အချို့အား အချို့မွတ်စလင်မ်ဆိုသူတွေကိုယ်တိုင်က လက်ခံကျင့်သုံးနေကြတာကို ဝမ်းနည်းဖွယ်တွေ့ မြင်နေကြရတယ်ဆိုု တာကိုုတော့ ရိုုးသားစွာ ၀န်ခံကြရပါ့မယ်။

စစ်မှန်တဲ့ မွတ်စလင်မ်များဟာ  မိမိတိုု့ရဲ့ ညီအစ်ရင်းခြာ နိုုင်ငံသူ၊ နုုိင်ငံသားအားလုုံးနဲ့အတူလက်တွဲပြီး နိုုင်ငံတော် အတွက် သစ္စာရှိနုုိင်ငံကြီးသားများအဖြစ် ဘဝလမ်းကျောင်းကြသူများသာ ဖြစ်ကြောင်း သတင်းကောင်းပါး လိုုက်ရပါတယ်။

Read more ...

Wednesday, June 4, 2014

အတုုယူစရာ စင်ကာပူက လူမျိုးဘာသာကွဲပြားမှု


မလေးကျွန်းဆွယ်ထိပ်မှာ တည်ရှိပြီး ရ၁၆ စတုုရန်းကီလိုုမီတာအကျယ်သာရှိတဲ့ စင်ကာပူနိုင်ငံကို city-state ခေါ် မြို့တစ်မြို့ထဲသာရှိတဲ့ နိုင်ငံရယ်လို့ သိကြပါတယ်။ စင်ကာပူမှာ လူဦးရေ ၅ မီလီယံရှိပါတယ်။ အဲဒီ လူဦးရေ ၅ မီလီယံမှာ အဓိက လူမျိုးစု ၄ ခုပေါင်းစပ်ပါ၀င်နေပါတယ်။ အများစုကတော့ တရုတ် ရ၄ ရာခိုင်နှုန်း၊ အဲဒီနောက်က မလေး ၁၄ ရာခိုင်နှုန်းနဲ့ အိန္ဒိယ ရ ရာခိုင်နှုန်း၊ အခြားလူမျိုးစုက ၅ ရာခိုင်နှုန်း ဖြစ်ပါ တယ်။

နိုင်ငံသေးသေးလေးဖြစ်တဲ့ စင်ကာပူမှာ ကိုးကွယ်ယုံကြည်မှုနဲ့ ယှဉ်ရင် သာသနာပေါင်း ၁၀ ခုထိရှိနေတာကို တွေ့ရပါတယ်။ ဗုဒ္ဓ၊ တာအို၊ အစ္စလာမ်၊ ဟိန္ဒူနဲ့ ခရစ်ယာန်သာသနာတွေက အဓိက ကိုးကွယ်ကြတဲ့ ဘာသာတွေဖြစ်ပြီး ဆစ်ခ်၊ ဂျိန်းဝါဒ၊ ဇိုရိုအေစတာ၊ ဘဟာအီနဲ့ free thinker ခေါ် ဘယ်ဘာသာကိုမှ နောက်လိုက်ခြင်းမရှိတဲ့ အုပ်စု စတဲ့အုပ်စုများကတော့ မဖြစ်မနေ ထည့်သွင်းတွက်ချက်ရမယ့် လူနည်းစုစာရင်းဝင် ဘာသာရေး အုပ်စုတွေပဲဖြစ်ပါတယ်။ အမေရိကန်အခြေဆိုက် လူမှုရေးအခြေခံ သတင်းအချက်အလက်တွေကို ထုတ်ပြန်ပေးတဲ့ Pew Research Center ရဲ့ အဆိုအရ စင်ကာပူဟာ ကမ္ဘာပေါ်မှာ သာသနာအမျိုးအစား ပျံ့နှံ့မှုအများဆုံးလို့ သိရပါတယ်။ (www.pewforum.org/2014/04/04/global-religious-diversity/)

စိတ်ဝင်စားဖို့ကောင်းတာက စင်ကာပူမှာ လူတစ်ဦးဟာ မိမိကိုးကွယ်တဲ့ သာသနာက ပြဌာန်းထားတဲ့ အလေ့အကျင့်တွေအပြင် အခြား သာသနာတစ်ခုသို့မဟုတ် အများရဲ့ အလေ့အကျင့်တွေကိုပါ လက်ခံကျင့်သုံးနေတာမျိုးကို သမရိုးကျကိစ္စတစ်ခုလိုမျိုး မြင်တွေ့နိုင်ပါတယ်။ အထူးသဖြင့် polytheistic ခေါ် ဘုရားအများကိုးကွယ်တဲ့ ဘာသာအုပ်စုဝင်တွေမှာ တွေ့ရတာပါ။ ဒါကလည်း ဗုဒ္ဓဘာသာ၊ တာအို၊ ကွန်ဖြူး ရှပ်နဲ့ ရိုးရာဘိုးဘွားမိဘတွေကို ကိုးကွယ်တဲ့ ယုံကြည်မှု စတာတွေဟာ အလေ့အကျင့်အားဖြင့် တစ်ခုနဲ့တစ်ခု ပေါင်းစပ်ရောယှက်နေ တာကြောင့်လို့ ဆိုနိုင်ပါတယ်။

လမ်းဘေးတဘက်တချက်မှာရှိတဲ့ သာသနိကအဆောက်အဦငယ်တွေမှာ ဟိန္ဒူတွေရဲ့ ဂနေသျှား၊ ဟာနုမာ၊ ခရစ်ယာန်တွေရဲ့ ယေရှု၊ မယ်တော် မာယာ သာမက အာဖရို-အမေရိကန် ဘာသာအများစုမှာ ထင်ရှားတဲ့ ပင်လယ်နတ်ဘုရားမ (Mother Goddess of the Sea) ရုပ်တုတွေပါ တစ်နေရာထဲ တွေ့နိုင်ပါတယ်။ ဟိန္ဒူ၊ ဗုဒ္ဓနဲ့ တရုတ်လူမျိုးများကိုးကွယ်ကြတဲ့ ဘာသာသာသနာများအကြား မှာတော့ သာသနာ တစ်ခုရဲ့ ဘာသာရေးအခမ်းအနား ဒါမှမဟုတ် ဘာသာရေးအလေ့အကျင့် ထုံးတမ်းတွေမှာ အခြားဘာသာဝင်များကလည်း ပေါ့ပေါ့ပါးပါး ပါ၀င်ဆောင်ရွက်ကြတာမျိုးတွေလည်း ရှိပါတယ်။

သာသနာများ ပျံ့နှံ့မှု

၂၀၁၀ ခုနှစ် သန်းခေါင်စာရင်းအရ စင်ကာပူမှာ ဗုဒ္ဓဘာသာဝင် ၃၃.၃ ရာခိုင်နှုန်း၊ တာအို ၁၀.၉ ရာခိုင်နှုန်း ၊ ခရစ်ယာန် ၁၈.၃ ရာခိုင်နှုန်း၊ အစ္စလာမ် ၁၄.၇ ရာခိုင်နှုန်း၊ ဟိန္ဒူ ၅.၁ နဲ့ အခြားဘာသာ ၀.၇ ရာခိုင်နှုန်း ရှိပါတယ်။ ဘာသာမဲ့ကတော့ ၁၇ ရာခိုင်နှုန်းရှိပါတယ်။ (ပုံ – က)


ပုံ (က)


ပုံ – ခ ကတော့ ဘာသာကိုးကွယ်သူတွေကို လူမျိုးစုတွေအလိုက်ပြန်ပြီး ခွဲထုတ်ပြထားတာပါ။ ဗုဒ္ဓနဲ့ တာအိုဘာသာကိုတော့ တရုတ်လူမျိုးတွေ အများဆုံးကိုးကွယ်ပါတယ်။ မလေးလူမျိုးတွေကတော့ အစ္စလာမ်ဘာသာဝင်တွေအများဆုံးဖြစ်နေတာ အံ့သြစရာမဟုတ်သလို အိန္ဒိယ လူမျိုးစုတွေမှာလည်း ဟိန္ဒူဘာသာဝင်အများဆုံးဖြစ်နေတာကလည်း အံ့သြစရာမဟုတ်ပါ။

ဒါပေမယ့် သတိပြုရမယ့်အချက်တစ်ခုကတော့ တရုတ်တွေဟာ မလေးနဲ့ အိန္ဒိယတို့ထက်ပိုပြီး ကိုးကွယ်ရာ ဘာသာ ပြောင်းကြတယ်ဆိုတဲ့ အချက်ပါ။ အဲဒီအချက်ကိုလည်း ပုံ (ခ) ပါ စာရင်းဇယားတွေက ရည်ညွှန်းဖော်ပြ နေပါတယ်။ ဥပမာ တရုတ်လူမျိုးတွေထဲမှာ ဗုဒ္ဓ ဒါမှမဟုတ် တာအိုဘာသာဝင်တွေက ၂၀၀၀ ခုနှစ်မှာ ၆၄ ရာနှုန်းကျော်ရှိပေမယ့် ၂၀၁၀ ကျတော့ ၅၇ ရာနှုန်းကျော်ကို လျော့ကျသွားတယ်။ ခရစ်ယာန်၊ အခြားဘာသာနဲ့ ဘာသာမဲ့ကဏ္ဍတွေမှာကျတော့ ၂၀၀၀ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်နှိုင်းယှဉ်ရင် ပမာဏ မြင့်တက်လာတာကို တွေ့ရပါတယ်။

ပုံ (ခ)


၂၀၁၀ သန်းခေါင်စာရင်းအရ သာသနာပျံ့နှံ့မှုအပေါ် သုံးသပ်ချက်

စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) ရဲ့ သာသနာရေးကဏ္ဍတွေအပေါ် အထူးပြုလေ့လာတဲ့ ပရောဖက်ဆာ လီလီကောင်း (www.nus.edu.sg/about-nus/nus-structure/management/item/9-professor-lily-kong) ကတော့ စင်ကာပူရဲ့ ဘာသာရေးနဲ့ဆိုင်တဲ့ စာရင်း ဇယားတွေက တခါတလေ မှန်မှန်ကန်ကန် နားလည်နိုင်ဖို့ မလွယ်ဘူး၊ ဘာကြောင့်လဲဆိုတော့ လူတွေက သူတို့ကိုယ်သူတို့ ဗုဒ္ဓဘာသာဝင် တွေပါလို့ ဆိုကြပေမယ့် တကယ်တမ်းကြတော့ တကယ့်ဗုဒ္ဓဒေသနာတွေအတိုင်း နေထိုင်ပြုမူဆောင်ရွက်ကြတာမျိုး မရှိကြဘူး လို့ဆိုပါ တယ်။

ဒါ့ပြင် လီလီကောင်းက အခုလို မှတ်ချက်ပေးပြန်ပါတယ်။ တရုတ်ဘာသာဆိုတာ ရှင်းရှင်းပြောရမယ်ဆိုရင် နတ်ဘုရားနဲ့ ၀ိညာဉ်တွေကို ကိုးကွယ်ကြတဲ့ ဘာသာပါပဲ။ အဲဒီနတ်ဘုရားတွေထဲမှာ စစ်မက်တွေကို အစိုးရတဲ့ နတ်ဘုရားကနေ ကွန်ဖြူးရှပ်အထိ၊ ကွမ်ယင်မယ်တော်ကနေ တုဒိဂုန်လို့ခေါ်တဲ့ မြေနတ်မင်း၊ မာဇူးလို့ခေါ်တဲ့ ပင်လယ်နတ်ဘုရားမ တို့ပါ၀င်ပါတယ်။

“ပြီးခဲ့တဲ့ နှစ်တွေမှာ စင်ကာပူနိုင်ငံသားတွေ ပိုပြီးတော့ ပညာတတ်တွေ ဖြစ်လာကြတယ်။ ဒီတော့ တရုတ်ဘာသာ ဆိုတာ ဗုဒ္ဓဘာသာမဟုတ် ဘူးဆိုတာလည်း သူတို့ သိလာကြတာနဲ့အမျှ သူတို့ကိုယ်သူတို့ ဗုဒ္ဓဘာသာ ၀င်တွေပါလို့ ခေါ်ဆိုမှုတွေလည်း လျော့လာတယ်။” လို့ လီလီကောင်းက ဆိုပါတယ်။ ဒါ့ပြင် သူမက အဲဒီတရုတ်ဘာသာဝင်အများစုဟာ အခုအခါ သူတို့ကိုယ်သူတို့ တာအိုဘာသာဝင်တွေလို့ သတ်မှတ်လာကြကြောင်း၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင်အရေအတွက်ဟာလည်း လျော့နည်းလာပြီး တာအိုဘာသာဝင် အရေအတွက် တိုးလာ ကြောင်း ဆိုပါတယ်။

၂၀၁၀ ခုနှစ် စင်ကာပူ သန်းခေါင်စာရင်းအချက်အလက်တွေအရ ပညာတတ်အရေအတွက် တိုးတက်လာတာနဲ့ အမျှ ဘာသာမဲ့ရာနှုန်းလည်း တိုးတက်လာကြောင်း သိရပါတယ်။ တက္ကသိုလ်တစ်ခုခုကနေ ဘွဲ့ရရှိထားကြသူတွေထဲမှာ ၂၄ ရာခိုင်နှုန်းက ဘာသာမဲ့တွေ ဖြစ်နေတာ ကလည်း ပညာတတ်ဖြစ်လာမှုနှုန်းနဲ့ ဘာသာမဲ့အရေအတွက်တိုးလာမှု တိုက်ရိုက်အချိုးချလို့ရတယ်လို့ ဆိုရမှာပါ။

လီလီကောင်းရဲ့ အဆိုအရ ခရစ်ယာန်ဘာသာဝင် တိုးတက်များပြားလာရခြင်းရဲ့ အကြောင်းကတော့ ချာချ်ခေါ် ခရစ်ယာန် ဘုရားကျောင်း တွေရဲ့ လုံ့လစိုက်ထုတ်မှုကြောင့်ဖြစ်ကြောင်း၊ ဒီဘုရားကျောင်းတွေဟာ ပညာတတ်ပြီး ငယ်ရွယ်တဲ့ လူထုအပေါ် အဓိကထား အာရုံ စိုက်ကြကြောင်း၊ မိမိတို့ကိုယ်ကို ဗုဒ္ဓ ဒါမှမဟုတ် တာအိုဘာသာဝင်လို့ သတ်မှတ်ထားတဲ့ မိဘတွေဟာ လက်တွေ့မှာတော့ အဲဒီဘာ သာတရားကို ကျင့်ကြံခြင်းမရှိတော့တာကြောင့် သားသမီးတွေကလည်း ဘာသာပြောင်းတာတွေ များပြားလာခြင်းဖြစ်ကြောင်း သိရပါတယ်။

သန်းခေါင်စားရင်းအရ ဟိန္ဒူနဲ့ မွတ်စလင် အရေအတွက်ကတော့ ၂၀၀၀ခုနှစ်ကနေ ၂၀၁၀ ထိနှိုင်းယှဉ်ရင် တည်ငြိမ်နေတာကို တွေ့ရပါ တယ်။

စင်ကာပူသို့ ကိုးကွယ်ယုံကြည်ရာ သာသနာများ ရောက်ရှိလာပုံ

၁၉ ရာစုအစောပိုင်းမှာ စင်ကာပူကို ၀င်လာကြတဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူ တရုတ်လူမျိုးတွေကနေ တဆင့် မဟာယနဗုဒ္ဓဘာသာ စင်ကာပူကို ရောက်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတွင်းရှိ Telok Ayer ဘူတာရုံနားက သီယန်ဖုဂေါင်နဲ့ Tai Seng Avenue ပေါ်ကဂျင် လောင်းဆီ ဘုရားကျောင်းတွေကတော့ အစောဆုံးဆောက်လုပ်ခဲ့တဲ့ မဟာယန ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေဖြစ်ပါတယ်။

ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီနဲ့အတူ ပါလာကြတဲ့ တောင်အိန္ဒိယအနွယ် ရွှေ့ပြောင်းအခြေချသူတွေကြောင့် စင်ကာပူမှာ ဟိန္ဒူသာသာနာ အခြေတည်ခဲ့ပါတယ်။ ၁၉ ရာစု အစောပိုင်းမှာပဲ စတင်ပျံ့နှံ့ရောက်ရှိခဲဲ့ခြင်း ဖြစ်ပါတယ်။ ထေရဝါဒဗုဒ္ဓဘာသာကိုတော့ ထိုင်းရွှေ့ပြောင်းအခြေချနေထိုင်သူတွေ ယူဆောင်လာတာလို့ သိရပါတယ်။

အစ္စလမ်ဘာသာကတော့ ၈ ရာစု ဒါမှမဟုတ် ၉ ရာစုမှာ အာရပ်နဲ့ အိန္ဒိိယမွတ်စလင်တွေ ယူဆောင်လာတာဖြစ်ပြီး ၁၂ သို့မဟုတ် ၁၃ ရာစုကျမှ မလေးဘုရင့်နိုင်ငံတော်တွေရဲ့ အစ္စလာမ်ဘာသာကို တရားဝင်ဘာသာအဖြစ် ပြဌာန်းလာတာနဲ့အတူ စတင်အခြေတည်ခဲ့တယ်လို့ သိရပါတယ်။

လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နဲ့ ယင်းကို အကာအကွယ်ပေးထားသည့် ဥပဒေများ

လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို စင်ကာပူနိုင်ငံ အခြေခံဥပဒေက ပြဌာန်းပေးထားပါတယ်။ Interfaith dialogue ခေါ် ဘာသာ တရား အချင်းချင်း အပြန်အလှန်နားလည်မှုတွေ ရရှိစေဖို့ ဆွေးနွေးညှိနှိုင်းကြပုံမျိုးကို စင်ကာပူအစိုးရက အားပေးပါတယ်။ ဘာသာရေးကိစ္စရပ် တွေမှာ စင်ကာပူအစိုးရကိုယ်တိုင် တက်ကြွလှုပ်ရှား သူနေရာကနေ ပါ၀င်ဆောင်ရွက်လေ့ရှိပါတယ်။

စင်ကာပူနိုင်ငံရဲ့ MRHA (The Maintenance of Religious Harmony Act) ခေါ် ဘာသာသာသနာများအကြား သဟဇာတဖြစ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဥပဒေကတော့ ထင်ရှားတဲ့ ဥပဒေပြဌာန်းချက်ဖြစ်ပါတယ်။ ဒီဥပဒေက PCRH (Presidential Council for Religious Harmony) ခေါ် သမ္မတကွပ်ကဲတဲ့ “ဘာသာသာသနာများအကြား သဟဇာတဖြစ်ရေးကောင်စီ” စတင်ဖွဲ့စည်းနိုင်ဖို့ကို အထောက်အကူ ပြုပေးပါတယ်။ လက်ရှိ PCRH ကို ၂၀၁၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး သမ္မတ တိုနီတန်ရဲ့ တိုက်ရိုက်တာဝန်ပေးမှုအရ အငြိမ်းစား တရားသူကြီး မစ္စတာ ဂိုးဂျွန်းဆန်းက ဥက္ကဌအဖြစ် တာဝန်ယူထားပါတယ်။ PCRH က ဘာသာရေး သဟဇာတဖြစ်ခြင်းကို ထိခိုက်စေမယ့် အကြောင်းခြင်းရာတွေနဲ့ ပတ်သတ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနကို အကြံပေးအဖြစ် ဆောင်ရွက်သလို၊ MRHA ဥပဒေရဲ့ အဝန်းအဝိုင်း အတွငး်မှာ အမိန့်ကြေညာစာတွေ ထုတ်ပြန်နိုင် ဖို့ရာအတွက်လည်း သမ္မတကို တိုက်ရိုက် အစီရင်ခံရပါတယ်။ PCRH ရဲ့ အဖွဲ့ဝင်တွေအဖြစ် စင်ကာပူရဲ့ အဓိက ကိုးကွယ်ရာ ဘာသာသာသနာအကြီးအကဲတွေကို ရွေးချယ်ထားပါတယ်။

၁၉၉၀ နို၀င်ဘာ ၉ မှ စတင်ပြဌာန်းပြီး ၁၉၉၂ မတ် ၃၁ မှ စတင်အသက်ဝင်စေခဲ့တဲ့ MRHA ဥပဒေမှာ – ဘယ်သာသနာအဖွဲ့အစည်းရဲ့ ခေါင်းဆောင် ဒါမှမဟုတ် အဖွဲ့ဝင် ဖြစ်ပါစေ၊ ပြည်ထဲရေးဝန်ကြီးကသာ အောက်ပါ အချက်တွေထဲက တစ်ခုခုကို ချိုးဖောက်တယ်၊ ဒါမှမ ဟုတ် ချိုးဖောက်ဖို့ ကြိုးစားတယ်လို့ ယူဆရင် အရေးယူ ခံရမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ကွဲပြားခြားနားတဲ့ ဘာသာရေးအဖွဲ့အစည်းတွေအကြား အမုန်းတရား၊ ရန်လိုမှု၊ အကောက်ကြံမှုနဲ့ ရန်ညှိုးရန်စထားရှိမှုတွေ ဖြစ်ပေါ်လာ အောင် ဆောင်ရွက်မယ်၊ ဘာသာရေး ကျင့်ကြံ ဆောင်ရွက်မှု ဒါမှမဟုတ် ဘာသာရေးဖြန့်ချိမှု စတာတွေကို အကာအကွယ်ယူပြီး နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မထီမဲ့မြင်ပြုတဲ့ ဆောင်ရွက်ချက်တွေ လုပ်မယ်၊ ဘာသာရေး ကျင့်ကြံ ဆောင်ရွက်မှု ဒါမှမဟုတ် ဘာသာရေးဖြန့်ချိမှု စတာတွေကို အကာအကွယ်ယူပြီး သမ္မတ သို့မဟုတ် အစိုးရအဖွဲ့ကို အနှောင့်အယှက်ဖြစ်အောင် ဆောင်ရွက်မယ်။ ဘာသာရေးခေါင်းဆောင် ဒါမှမဟုတ် ဘာသာရေးအဖွဲ့အစည်းတစ်ခုခုကို ဖော်ပြခဲ့တဲ့ အချက်တွေ လုပ်ကိုင်ကြဖို့ တနည်းနည်းနဲ့ ကြိုးပမ်းမယ်၊ လှုံ့ဆော် တိုက်တွန်းမယ်။ ဘာသာရေးခေါင်းဆောင် မဟုတ်ပေမယ့်လည်း သာမာန်လူတစ်ယောက်အနေနဲ့ ဘာသာသာ သနာတွေအကြားမှာ ရန်လိုမှု၊ အမုန်းပွားမှု၊ အကောက်ကြံမှုနဲ့ ရန်ညှိုးရန်စဖြစ်အောင် ဆောင်ရွက်မယ်။

အဲဒီအချက်တွေထဲက တစ်ခုခုကို ကျူးလွန်ခဲ့မယ်ဆိုရင်တော့ ပြည်ထဲရေးဝန်ကြီးဌာနက restraining order ခေါ် ပိတ်ပင်တားမြစ်တဲ့အမိန့်ကို ကျူးလွန်သူနဲ့ ဆန့်ကျင်ပြီး ထုတ်ပြန်ပြဌားန်ခွင့်ရှိပါတယ်။ ကျူးလွန်သူက restraining order ကို ထပ်ပြီးချိုးဖောက်ရင် ရာဇဝတ်မှု မြောက် ပါတယ်။

(http://statutes.agc.gov.sg/aol/search/display/view.w3p;page=0;query=DocId%3A77026343-e30d-40e2-a32e-b1f5d46c5bd7%20%20Status%3Ainforce%20Depth%3A0;rec=0)

အပြစ်ပေး အရေးယူမှုများ

အရေးယူမှုတွေထဲက အချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁၉၇၂ ခုနှစ်မှာ Jehovah’s Witnesses လို့ခေါ်တဲ့ ယေဟောဝါကို သက်သေခံသူများအမည်ရ ဘာသာရေးအဖွဲ့ကို စစ်မှုထမ်းခြင်း၊ နို်င်ငံတော်အလံအား အလေးပြုခြင်း၊ နိုု်င်ငံတော်အား သစ္စာပြုအဓိဌာန်ခြင်း စတာတွေကနေ ပိတ်ပင်တားမြစ်ခဲ့သလို ၁၉၈၂ မှာ Unification Church ကို ပိတ်ပစ်ခဲ့တာမျိုးတွေ ရှိပါတယ်။

စင်ကာပူရင်ဆိုုင်နေရသော ဘာသာသာသနာများအကြား သဟဇာတဖြစ်ရေးကို စိိန်ခေါ်နေတဲ့ ပြဿနာများ 

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ၂၀၀၉ ခုနှစ် အမျိုးသားနေ့အခမ်းအနားမှာ တင်ပြခဲ့တဲ့ မိန့်ခွန်း ကို လေ့လာရင် စင်ကာပူရင်ဆိုင်နေရတဲ့ ဘာသာသာသနာများအကြား လိုက်လျောညီထွေဖြစ်ခြင်းကို ခြိမ်းခြောက်နေတဲ့ ပြဿနာတွေ ဘာတွေလဲဆိုတာ သိသာနိုင်ပါတယ်။

လီရှန်လွန်းပြောတဲ့ နံပါတ် ၁ ပြဿနာကတော့ မိမိကိုးကွယ်တဲ့ ဘာသာကို ပြင်းပြင်းထန်ထန် ဖြန့်ချိသာသနာပြုခြင်း ဒါမှမဟုတ် တခြားသူတွေကို မိမိကိုးကွယ်တဲ့ ဘာသာထဲ ၀င်ရောက်ဖို့ အတင်းအဓမ္မစည်းရုံးခြင်းပဲ ဖြစ်ပါတယ်။

လီရှန်လွန်းက “ခင်ဗျားတို့က ခင်ဗျားတို့ယုံကြည်တဲ့ သာသနာကို တခြားလူတွေကို ယုံကြည်ဖို့ ဖိအားပေးမယ် ဆိုရင် ဒါက အနှောင့် အယှက်ဖြစ်သလို ကျူးလွန်မှုလည်း မည်တယ်။ မကြာသေးမီက သတင်းစာမှာ ဖော်ပြထားတဲ့ သတင်းတစ်ခုုကို ခင်ဗျားတို့ ဖတ်မိကြမှာပါ။ လင်မယားနှစ်ယောက်က ခရစ်ယာန်အယူကို ပြင်းပြင်းထန်ထန်ဖြန့်ချိတယ်၊ သူတို့ ဖြန့်ချိတဲ့ ခရစ်ယာန်အယူက တခြားအယူဝါဒတွေကို ကျူးလွန်စော်ကားရာလည်း ရောက်နေတယ်။ အဲဒီ အစော်ကားခံရတဲ့ အယူတွေက ခရစ်ယာန်အဝန်းအဝိုင်းအပြင်က ဘာသာတွေ တင်မကဘူး၊ ကက်သလစ်ခရစ်ယာန်တွေလည်း ပါနေတယ်။ အဲဒီလင်မယားက ကက်သလစ်တွေဟာ ခရစ်ယာန်မဟုတ်ဘူးလို့ ဆိုကြ တယ်။ သူတို့ကို အရေးယူပြီး ထောင်ဒဏ်အပြစ်ပေးလိုက်ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအမှုမျိုးလောက် ပြင်းထန်တဲ့အကျိုးသက်ရောက်မှုမရှိပေမယ့် ပြဿနာဖန်တီးနိုင်တဲ့ အခြားကိစ္စတွေ ရှိနေသေးတယ်။

ဥပမာ ဆေးရုံတွေက ရောဂါကြီးတဲ့ လူနာတွေကို ဘာသာပြောင်းနိုင်ဖို့ ကြိုးစားတာမျိုးတွေ ရှိတယ်ဆိုတာ ကျနော်တို့ ခဏခဏကြား သိနေရတယ်။ ဒီလူနာတွေက ဘာသာမပြောင်းချင်ဘူး။ လူနာတွေအနေနဲ့က သူတို့ဘဝထဲ စီးနင်းဝင်ရောက်လာတဲ့ ပုဂ္ဂလိက ပြဿနာ တွေကို အလိုမရှိဘူး။ ဒါပေမယ့် တခါတလေတော့ ဒါမျိုးတွေ ဖြစ်နေရတယ်။ နောက်ထပ်ပြဿနာက ဘာသာခြားကို သည်းခံနိုင်စွမ်းမရှိမှုပဲ။ ဘာသာခြားရဲ့ ယုံကြည်ကိုးကွယ်မှု့ကို မလေးစားတာ၊ ဘာသာခြားရဲ့ သဘောဆန္ဒကို မလိုက်လျောပေးနိုင်တာမျိုးတွေ ဖြစ်တယ်။ ခုဒီလိုပြောတော့ ခင်ဗျားက ဒီပြဿနာမျိုးကို အုပ်စု တစ်ခုနဲ့ အခြားအုပ်စုအကြားမှာရှိတဲ့ ပြဿနာပဲဆိုပြီးတော့ ထင်မယ်။ မဟုတ်ဘူး၊ ဒါမျိုးပြဿနာက မိသားစု တစ်စုထဲမှာတင်လည်း ရှိနိုင်တယ်။

တခါတလေကျတော့ အဖေအမေက ဘာသာတမျိုးကိုးကွယ်မယ်၊ သားသမီးကျတော့ အဖေအမေကိုးကွယ်တဲ့ ဘာသာကို စွန့်ပြီး တခြားဘာသာကိုးကွယ်တယ်၊ အဖေအမေက ကွယ်လွန်တော့ သူတို့ ဘာသာဓလေ့ထုံးတမ်း အတိုင်း သင်္ဂြိုလ်ခံရဖို့ ဆန္ဒထားတယ်၊ ဒီတော့ သားသမီးက အဖေအမေဆန္ဒကို မလိုက်လျောပေးဘူး၊ စျာပနကို မတက်တော့ဘူး။ ဒါဟာ အလွန်ဝမ်းနည်းစရာကိစ္စပါပဲ။ အစဉ်အလာဆိုတဲ့ ရှုထောင့်ကနေကြည့်ရင် ဒါဟာ သားသမီးဝတ်မကျေပွန်တာပဲ၊ ဒါမျိုးတွေ မကြာခဏဖြစ်နေတယ်။ နောက်ပြဿနာ တစ်ခုက ဘာသာခြားကို သည်းမခံပေးနိုင်တာ၊ နားလည်မပေးနိုင်တာနဲ့ အစွန်းရောက်တဲ့ ကိစ္စတွေ။ ဘာသာခြားအုပ်စုတွေကနေ ခွဲထွက်နေမယ်။ မရောနှော မဆက်ဆံဘူး။ ဒါဟာ ဘာကို ဆိုလိုသလဲ။ တသီးပုဂ္ဂလ ဆန်မှု။ ခင်ဗျားက ခင်ဗျားနဲ့ အမျိုးတူလူတွေနဲ့ပဲ ရောနှောမယ်။ အခြားလူတွေနဲ့ မရောဘူး၊ ဒီတော့ ခင်ဗျားအဖွဲ့အစည်းက အထီးကျန်တဲ့ အဖွဲ့ကြီးဖြစ်နေပြီ။”

ဖော်ပြပါအချက်တွေကတော့ လီရှန်လွန်းပြောတဲ့ စင်ကာပူက ဘာသာရေးဆိုင်ရာ ပြဿနာအချို့ပါ။

ဘာကြောင့် ဘာသာသာသနာတွေအကြား သဟဇာတဖြစ်ခြင်းက နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးတာလဲ 

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ၂၀၀၉ ခုနှစ် အမျိုးသားနေ့အခမ်းအနားမှာ တင်ပြခဲ့တဲ့ မိန့်ခွန်းမှာ ဘာသာသာသနာတွေအကြား လိုက်လျောညီထွေ သဟာဇာတဖြစ်ဖို့ စင်ကာပူအတွက် ဘာကြောင့် အရေးကြီးသလဲဆိုတာကို ထည့်သွင်းပြောကြားခဲ့ပါတယ်။ အချို့ကို ကောက်နုတ်ဖော်ပြရရင်တော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

“ကျနော်တို့က လူမျိုးရေး၊ ဘာသာရေး သဟာဇာတဖြစ်ခြင်းကို အာမခံပေးနိုင်ပြီလို့ ဘယ်တော့မှ မဆိုသာဘူး။ ပြဿနာတွေကို ဖြေရှင်းမယ်၊ ဒါ့ပြင် တချိန်ထဲမှာပဲ အခြေခံနည်းနာအချို့ကို နည်းမှန်လမ်းမှန်ဖြစ်အောင် ဆောင်ရွက်ရမယ်။ အဲဒီ အခြေခံနည်းနာတွေထဲက အချို့ကို ပြောပြချင်တယ်။ ပထမက အုပ်စုအားလုံးသည် (ဆန့်ကျင်ဘက် ဘာသာသာသနာအားလုံးကို) သည်းခံတတ်ရမယ်၊ အစွန်းမ ရောက်ဘဲ အလယ်အလတ်သဘောထားမျိုး ထားရမယ်။ ခရစ်ယာန်တွေကလည်း ဒီ (စင်ကာပူနိုင်ငံ) ကို ခရစ်ယာန် အသိုက်အဝန်းကြီး ဖြစ်လာရမယ်လို့ မျှော်မှန်းနေလို့ မရဘူး။ မွတ်စလင်တွေကလည်း ဒီနိုင်ငံကြီးကို မွတ်စလင်နိုင်ငံ အသိုက်အဝန်းဖြစ်လာရမယ်လို့ မျှော်မှန်းလို့ မရဘူး။ ဒီလိုပဲ ဗုဒ္ဓဘာသာတွေ၊ ဟိန္ဒူနဲ့ အခြားအုပ်စုတွေကလည်း မျှော်မှန်းနေလို့ မရဘူး။ ဒီမြေကို မတူကွဲပြားတဲ့ ကိုးကွယ်ယုံကြည်သူတွေ အများကြီးက (တခန်းတကဏ္ဍစီ) နေရာယူထားတယ်။ သူတို့မှာ ကွဲပြားတဲ့ သွန်သင်ချက်၊ အလေ့အကျင့်တွေ ရှိတယ်။ အုပ်စုတခုထဲကို အကျိုးသက်ရောက်နေတဲ့ ဥပဒေမျိုးကို ဥပဒေလို့ မဆိုသာဘူး။ ဥပဒေဆိုတာ အားလုံးအပေါ် အကျိုးသက် ရောက်နေရမယ်။ မွတ်စလင်တွေ အရက်မသောက်တာနဲ့ ပဲ အရက်ကို ပိတ်ပစ်ဖို့မလိုဘူး။ ဘာသာအများစုက တားမြစ်တဲ့ လောင်းကစား မှုကိုလည်း ပိတ်ပစ်စရာမလိုဘူး။ အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်လိုကြတယ်ဆိုရင် ‘live and let live’ ခေါ် မိမိကို်ယ်တိုင်လည်း မှီတင်းနေထိုင်မယ်၊ အခြားသူကိုလည်း နေရာပေးပြီး မှီတင်းနေထိုင်စေမယ်ဆိုတဲ့ နည်းနာကို ကျင့်သုံးရမယ်။ ဒုတိယအနေနဲ့ ဘာသာရေးကို နိုင်ငံအုပ်ချုပ်ရေးနဲ့ ရောထွေးမနေဖို့ လုပ်ဆောင်ရမယ်။ စင်ကာပူရဲ့ သာသနာဟာ အမေရိကရဲ့ သာသနာမဟုတ်သလို အစ္စလာမ်မစ်တိုင်းပြည်တစ်ခုရဲ့ သာသနာလည်း မဟုတ်ဘူး။ ဥပမာ- အီရန်ကို ကြည့်မယ်။ အစ္စလာမ်မစ်တိုင်းပြည်။ အားလုံးက ရှီးယိုက်တွေ။ သူတို့တွေ ရွေးကောက်ပွဲလုပ် ကြတော့ ပြိုင်ဆိုင်မှုက ကြမ်းတမ်းတယ်။ ရလဒ်အပေါ်မှာလည်း ငြင်းခုန်တာမျိုးတွေ ရှိတယ်။ အဟ်မဒ်ဒီနီဂျက်နဲ့ မူဆာဝီတို့ ပြိုင်ကြတာပါ။ နှစ်ဘက်စလုံးက အစ္စလာမ်သာသနာကို ဗန်းပြကြတယ်။ မူဆာဝီထောက်ခံသူတွေက စစ်ညာသံပေးသလိုမျိုး အလ်လာဟို့အက္ကဘာရ် (အလာဟ်အကြီးဆုံး) ဆိုပြီး ဟစ်ကြွေးကြတယ်။ ဒါပေမယ့် အီရန်က ရှီးယိုက်အစ္စလာမ် မစ်နိုင်ငံ။ ပြဿနာတွေဖြစ်ပြီးတဲ့နောက် သူတို့က အသိုက်အဝန်းတစ်ခုထဲ အသွင်ပြန်ရောက်သွားမှာပဲ။ အကယ်၍ စင်ကာပူမှာ အုပ်စုတစ်ခုက (အီရန်မှာမဲဆွယ်သလို) ဘာသာရေးကို ဗန်းပြမယ်ဆိုရင်၊ အခြားအုပ်စုကလည်း သူတို့ကိုးကွယ်တဲ့ ဘာသာကို ရှေ့တန်း တင်ပြီး ထောက်ခံမှုရဖို့ လုပ်လာကြမှာပဲ။ တအုပ်စုကလည်း ငါတို့က ဘုရားအလုပ်လုပ်နေတာလို့ဆိုမယ်၊ အခြားအုပ်စုကလည်း ထိုနည်းလည်းကောင်း ဆိုမယ်။ နှစ်ဖက်စလုံးက သဘောတူညီချက်ရရှိဖို့ မလုပ်နိုင်ဘူးလို့ ပြောကြမယ်။ ဒါက တကယ့်ကို အရေးကြီးတဲ့ ကိစ္စကြီးပဲ။ ရလဒ်က ဘာသာခြားအုပ်စုနှစ်ခုအကြား အညိအစွန်းတွေဖြစ်လာမယ်၊ မျက်ရည်နဲ့ လမ်းခွဲရမယ်။ ဒါမျိုးကို ကျွန်တော်တို့ (စင်ကာပူနိုင်ငံက) အလွန်သတိ၀ီရိယကြီးစွာနဲ့ ကိုင်တွယ်တယ်။ ”

စင်ကာပူက ကွဲပြားခြားနားတဲ့ ဘာသာဝင်များအကြား ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ ပြီးပြည့်စုုံတဲ့အဆင့်ကိုု ရောက်နေပြီလား လီရှန်လွန်းက ၂၀၀၉ ခုုနှစ် အမျိုးသားနေ့မိန့်ခွန်းမှာ အောက်ပါအတိုုင်း ထည့်သွင်း တင်ပြခဲ့ပါတယ်။

“စင်ကာပူရဲ့ ဘာသာသာသနာများအကြား သဟဇာတဖြစ်မှုအခြေအနေကိုု အာမခံချက်ပေးနုုိင်တဲ့အဆင့်လိုု့ ဆိုုရင် ရကောင်း ရနုုိင်မယ်။ ဒါပေမယ့် စင်ကာပူကိုု အလည်အပတ်ရောက်လာတဲ့သူတွေကတော့ ဒီဟာနဲ့ပတ်သတ်ပြီး အံ့သြကြတယ်။ မကြာသေးခင်ကာလကပဲ ဆီးရီးယားနိုုင်ငံရဲ့ အစ္စလာမ်ဘာသာ ဦးဆောင် ဓမ္မသတ်မှူး (မုုဖ်သီ)နဲ့ ဆုံုခဲ့ပါသေးတယ်။ သူ့ဆီက ပညာတော်တော်ရလိုုက်တယ်။ သူက စင်ကာပူရဲ့ လူမျိုးစုုတွေ၊ ဘာသာသာသနာတွေအကြား နားလည်မှုရှိစွာ ငြိမ်းချမ်းနေတာကိုု ရည်ညွှန်းပြီး နိုုင်ငံရဲ့ ကြီးမားတဲ့ ရတနာလိုု့ ကင်ပွန်းတပ်တယ်။ ကွဲပြားခြားနားမှုတွေကိုု ဘယ်လိုုမျိုး သည်းခံရောင့်ရဲနေကြသလဲဆိုုတဲ့အပေါ်မှာ သူက တော်တော်ကြီး အထင်တကြီး ဖြစ်နေတယ်။ ဆီးရီးယားဓမ္မသတ်မှူးက ကျွန်တော်ကိုု ဒီလိုုပြောတယ်။ ဥပမာ ခရစ်ယာန်ဘာသာဝင် ကလေးတစ်ဦး၊ ဗုုဒ္ဓဘာသာဝင် ကလေးတစ်ဦး၊ မွတ်စလင်နဲ့ဂျူးဘာသာဝင် ကလေးတစ်ဦး စုုစုုပေါင်း လေးဦးရှိတဲ့ မိခင်အနေနဲ့ ဘယ်ကလေးကိုု ပိုုချစ်မလဲဆိုုပြီးတော့ပါ။ ဒီမေးခွန်းက သူကပဲ ခုုလိုု ဖြေကြားခဲ့ပါတယ်။ မေးခွန်းက မဖြစ်နုုိင်တဲ့ မေးခွန်းမျိုးပဲ၊ မိခင်က သူ့ကလေး လေးဦးစလုံုးကိုု သာတူညီမျှချစ်မှာပဲ၊ ဘာကြောင့်လဲဆိုုတော့ အားလုံုးက သူ့ကလေးတွေဖြစ်နေလိုု့ပဲ။ ဒါပေမယ့် အဲဒီလေးဦးထဲကမှ ကျန်တဲ့ သုံုးဦးအပေါ် အကောင်းဆုံုး ကြည့်ရှုစောင့် ရှောက်တတ်သူကိုု မိခင်က ပိုုပြီး သဘောကျလိမ့်မယ်။ အဲဒီအခါ ကျွန်တော်က ဆီးရီးယားဓမ္မသတ်မှူးကိုု ကျေးဇူးတင် တဲ့အကြောင်း ပြန်ပြောခဲ့တယ်။ တဆက်တည်း ကျွန်တော့်အနေနဲ့ စင်ကာပူသည်လည်း ပန်းတိုုင်ကိုု လုံုးဝဥဿံုု အရောက်လှမ်းနိုုင်ခဲ့ပြီလိုု့ မခံစားရသေးတဲ့အကြောင်း၊ ကျွန်တော်တုုိ့အနေနဲ့ သတိ၀ီရီယထား ကြရအုုန်းမှာဖြစ်တဲ့အကြောင်း၊ ဘာကြောင့်လဲဆိုုတော့ လူမျိုးရေး ဘာသာရေး အငြင်းပွားမှုမျိုး ဆိုုတာက ကျွန်တော်တိုု့အားလုံုးကိုု တကွဲတပြားဆီ ဆွဲထုုတ်သွားနိုုင်တဲ့အတွက်ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။”

နိုင်ငံသားတွေရဲ့ သဘောထားကို သိသာအောင် ဘယ်လို ရှာဖွေဖော်ထုတ်မလဲ

နိုင်ငံသားတစ်ဦးဟာ သူနဲ့ လူမျိုးမတူ ဒါမှမဟုတ် ဘာသာမတူတဲ့ အခြားနိုင်ငံသားတစ်ဦးအပေါ် သဘောထား ဘယ်လိုရှိသလဲဆိုတာကို သိအောင် လုပ်ယူကြရပါမယ်။ ဒါမှသာ သင့်တင့်မျှတတဲ့ နောက်ဆက်တွဲဆောင်ရွက်မှု မျိုးကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

စင်ကာပူကတော့ နိုင်ငံသားတွေရဲ့ သဘောထားကို survey ခေါ် စစ်တမ်းတွေ ကောက်ပြီး လေ့လာကြပါတယ်။

နန်ယန်နည်းပညာတက္ကသိုလ် (NTU) က ဦးစီးဆောင်ရွက်တဲ့ ၂၀၀၇ နိုဝင်ဘာလထုတ် “စင်ကာပူနိုင်ငံရဲ့ လူမျိုးကွဲ ဘာသာကွဲများအကြား ဆက်ဆံရေးံ” ခေါင်းစဉ်ပါ စစ်တမ်းအစီရင်ခံစာကို လေ့လာကြပါမယ်။

ဒီစစ်တမ်းမှာ လူမျိုးကြီးလေးခုဖြစ်တဲ့ တရုတ်၊ မလေး၊ အိန္ဒိယ နဲ့ အခြားဆိုတဲ့တာတွေကို အုပ်စု ၄ခု ခွဲတယ်။ ဗုဒ္ဓ သို့မဟုတ် တာအို၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဘာသာမဲ့ ဆိုပြီး ဘာသာတွေအလိုက်က အုပ်စု၄ ခု ခွဲတယ်။ စစ်တမ်းကို ပါ၀င်ဖြေဆိုသူပေါင်း ၁၈၂၄ ဦးအပေါ် အခြေခံပြီး တွက်ချက်ပြထားတယ်။ စစ်တမ်းပါ မေးခွန်းတွေက ရိုးရှင်းတယ်၊ ဖြေဆိုသူရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း သိသာစေတယ်၊ ဖြေဆိုသူကိုလည်း မေးခွန်းက ဘာကို ဆိုလိုတာလဲဆိုတာ သိသာအောင် သွယ်ဝိုက်တဲ့ အသုံးအနှုံးတွေ ရှောင်ပြီး စကားလုံးကို ကျစ်ကျစ်လစ်လစ် ထိထိမိမိ သုံးထားတယ်။ ဒီစစ်တမ်းမှာ အဓိက မေးခွန်းတွေက ဥပမာ – ပါ၀င်ဖြေဆိုသူက ဗုဒ္ဓဘာသာဝင် သို့မဟုတ် တာအိုဘာသာဝင်ဖြစ်တယ်ဆိုပါစို့။ သူ့အတွက်မေးခွန်းက -

မေးခွန်း (၁) ဘဝမှာ အရေးကြီးတဲ့ အခမ်းအနားတွေကို ဘယ်လို သူငယ်ချင်းတွေနဲ့ အတူ ကျင်းပလိုပါသလဲ။ (ဥပမာ – မွေးနေ့ကနေ မင်္ဂလာအခမ်းအနားအထိ) ရွေးချယ်ဖို့က – ဗုဒ္ဓဘာသာတာအိုသူငယ်ချင်းများ၊ မွတ်စလင် သူငယ်ချင်းများ၊ ဟိန္ဒူသူငယ်ချင်းများ၊ ခရစ်ယာန် သူငယ်ချင်းများ၊ အခြားဘာသာဝင် သူငယ်ချင်းများ၊ ဘာသာမဲ့ခေါ် free thinkers သူငယ်ချင်းများ။ ဖြေဆိုသူက သူရဲ့ အထူးအခမ်းအနားမှာ ဗုဒ္ဓဘာသာ သို့မဟုတ် တာအို သူငယ်ချင်းဘယ်လောက်ထိ ပါ၀င်စေချင်သလဲ၊ တခြားဘာသာဝင်တွေကို ဖိတ်ချင်ပါသလား၊ မွတ်စလင်တွေပါရင် နှစ်သက်သလား၊ ဟိန္ဒူတွေ ပါရင် နှစ်သက်သလား၊ ခရစ်ယာန်တွေပါရင် နှစ်သက်သလား၊ ဘာသာခြားတွေပါရင်ရော၊ ဒါမှမဟုတ် ဘာသာမဲ့တွေ ပါရင်ရော နှစ်သက်ပါသလား။ ဘယ်လောက်ထိ နှစ်သက်ပါသလဲ၊ စသဖြင့် ဖြေပေးရပါတယ်။

မေးခွန်း (၂) ကတော့ သားသမီးတွေရဲ့ အပေါင်းအသင်း သူငယ်ချင်းများ။ ကိုယ့်မွေးထားတဲ့ သားသမီးများရဲ့ သူငယ်ချင်းတွေထဲမှာ ဘာသာခြားတွေ ပါနေရင် လက်သင့်ခံနိုင်မှု အတိုင်းအတာ။

မေးခွန်း (၃) ကတော့ ညီအစ်ကိုမောင်နှမများရဲ့ ခင်ပွန်း သို့မဟုတ် ဇနီး။ ကိုယ့်ရဲ့ ခယ်အို သို့မဟုတ် ခယ်မကသာ ဘာသာခြားဖြစ်နေရင် လက်သင့်ခံနိုင်မှု အတိုင်းအတာ။

မေးခွန်း (၄) ကတော့ မိမိကိုယ်ပိုင်ရဲ့ ခင်ပွန်းသို့မဟုတ် ဇနီး။ ဘာသာခြားကို ခင်ပွန်းသို့မဟုတ် ဇနီးအဖြစ် ရွေးချယ်မလား။

မေးခွန်း ၁ ကနေ ၄ အထိက ပုဂ္ဂလိက (personnel) နဲ့ ဆိုင်တဲ့မေးခွန်းတွေဖြစ်ပြီး ကျန်တဲ့ မေးခွန်းတွေကတော့ ဘုံမေးခွန်း (public) တွေ ဖြစ်ပါတယ်။

မေးခွန်း (၅) ကတော့ social ခေါ် လူမှုဆက်ဆံရေးနဲ့ဆိုင်တဲ့ မေးခွန်းဖြစ်ပါတယ်။
၅.၁ ကိုယ့်ရဲ့ အနီးကပ်ဆုံးအိမ်နီးချင်းဟာ ဘာသာခြားဖြစ်နေရင် ဒါမှမဟုတ် လူမျိုးကွဲဖြစ်နေရင် လက်ခံနိုင်မှုအတိုင်းအတာ။
၅.၂ ကိုယ့်ကို စာသင်ကြားပြသပေးတဲ့ ဆရာများဟာ လူမျိုးကွဲ ဒါမှမဟုတ် ဘာသာကွဲဖြစ်နေရင် လက်ခံနိုင်မှုအတိုင်းအတာ။
၅.၃ ရထား သို့မဟုတ် ဘတ်စ်ကားပေါ်မှာ ထိုင်ရင် ဘေးချင်းကပ်လျက်ထိုင်နေတဲ့သူက လူမျိုးကွဲသို့မဟုတ် ဘာသာကွဲဖြစ်နေရင် လက်ခံနိုင်မှုအတိုင်းအတာ။
၅.၄ အကူအညီလိုအပ်လို့ အကူအညီတောင်းချင်ရင် ဘာသာခြား သို့မဟုတ် လူမျိုးကွဲထံမှာ အကူအညီ တောင်းချင်ပါသလား။

မေးခွန်း (၆) ကတော့ လုပ်ငန်းခွင်နဲ့ဆိုင်တဲ့ မေးခွန်းတွေ။
၆.၁ လူမျိုးခြား၊ ဘာသာခြားသူဌေးထံမှာ အလုပ်လုပ်လိုပါသလား။
၆.၂ လူမျိုးခြား၊ ဘာသာခြားတွေနဲ့အတူတူ အလုပ်လုပ်လိုပါသလား။
၆.၃ လူမျိုးခြား၊ ဘာသာခြားတွေကို ကိုယ့်ရဲ့အလုပ်မှာ ခန့်ထားလိုပါသလား။

မေးခွန်း (၇) ကတော့ နိုင်ငံရေးမေးခွန်းတွေ။
၇.၁ ကိုယ်နေထိုင်တဲ့ နယ်မြေရဲ့ ပါလီမန်အမတ်က ဘာသာခြားလူမျိုးခြားဖြစ်နေရင် လက်ခံနိုင်မှု အတိုင်းအတာ။
၇.၂ စင်ကာပူရဲ့ ၀န်ကြီးချုပ်က ဘာသာခြားလူမျိုးခြားဖြစ်နေရင် လက်ခံနိုင်မှု အတိုင်းအတာ။
၇.၃ စင်ကာပူရဲ့ သမ္မတက ဘာသာခြားလူမျိုးခြားဖြစ်နေရင် လက်ခံနိုင်မှု အတိုင်းအတာ။

မေးခွန်း (၈) က လုံခြံုရေးနဲ့ဆိုင်တဲ့ မေးခွန်းတွေ။
၈.၁ ရဲဌာနက ရဲသားတွေထဲမှာ ဘာသာခြားလူမျိုးခြားပါနေရင် လက်ခံနိုင်မှု အတိုင်းအတာ။
၈.၂ စစ်သားတွေထဲမှာ ဘာသာခြားလူမျိုးခြားပါနေရင် လက်ခံနိုင်မှု အတိုင်းအတာ။

မေးခွန်း (၉) ကတော့ လူနည်းစုနဲ့ လူများစုဆိုတဲ့ majority – minority အဆင့်သတ်မှတ်ထားမှုတွေနဲ့ ဆိုင်တဲ့ မေးခွန်းတွေ။ နိုင်ငံတစ်နိုင်ငံမှာ လူနည်းစု လူမျိုးကွဲနဲ့ လူများစုဆိုပြီး အုပ်စုတွေ ကွဲပါတယ်။ အဲဒီလိုကွဲတဲ့အခါ -
၉.၁ နေရာတစ်နေရာကို သွားလို့ အဲဒီမှာ တရုတ်တွေချည့်ပြည့်နေရင် ဒါမှမဟုတ် မလေးတွေချည့်ပြည့်နေရင်၊ ဒါမှမဟုတ် အိန္ဒိယတွေချည့်ပြည့်နေရင် ဒါမှမဟုတ် ဘာသာခြားတွေချည့်ပြည့်နေရင် လက်ခံနိုင်မှု၊ သွားရောက်လိုမှု အတိုင်းအတာ။
၉.၂ စင်ကာပူရဲ့ လူများစုလူမျိုးက တရုတ်တွေဖြစ်လာရင် ဒါမှမဟုတ် အိန္ဒိယတွေဖြစ်လာရင် ဒါမှမဟုတ် မလေးတွေဖြစ်လာရင် ဒါမှမဟုတ် ဘာသာခြားလူမျိုးကွဲတွေဖြစ်လာရင် လက်ခံနိုင်မှုအတိုင်းအတာ။

အောက်ဖော်ပြပုံကတော့ မေးခွန်းတွေအပေါ်အခြေခံပြီး ရာခိုင်နှုန်းအလိုက်တွက်ချက်ပြီး အဖြေထုုတ်ပြထားတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ သို့မဟုတ် တာအိုဘာသာဝင်တစ်ယောက်အနေနဲ့ မေးခွန်းတွေကို ဖြေထားပြီး အဲဒီဖြေဆိုထားချက်အားလုံးအပေါ်မှာ ရာခိုင်နှုန်းအလိုက် ဖော်ပြထားပါတယ်။



အောက်ဆုံးမှာ မေးခွန်းတွေအလိုက် ရရှိလာတဲ့ ရာခိုင်နှုန်းတွေကို mean value ဆိုတဲ့ သမတ်ကိန်းနဲ့ ဖော်ပြထားပါတယ်။ ရလဒ်က ဗုဒ္ဓဘာသာ သို့မဟုတ် တာအိုဘာသာဝင်များဟာ မွတ်စလင်များနဲ့ အဆက်အဆံ လုပ်လိုမှု ဒါမှမဟုတ် မွတ်စလင်များကို နှစ်လိုမှုက ၈၇ ရာခိုင်နှုန်း၊ ဟိန္ဒူများကို အဆက်အဆံလုပ်လိုမှု ဒါမှမဟုတ် နှစ်လိုမှုကလည်း ၈၇ ရာခိုင်နှုန်း၊ ခရစ်ယာန် များကို အဆက်အဆံလုပ်လိုမှု ဒါမှမဟုတ် နှစ်လိုမှုက ၉၅ ရာခိုင်နှုန်း၊ အခြားဘာသာဝင်များနဲ့ အဆက်အဆံလုပ်လိုမှု ဒါမှမဟုတ် နှစ်လိုမှုက ၉၃ ရာခိုင်နှုန်းနဲ့ ဘာသာမဲ့များကို နှစ်လိုမှု ဒါမှမဟုတ် အဆက်အဆံလုပ်လိုမှုက ၉၇ ရာခိုင်နှုန်း ရှိတာကို တွေ့ရပါတယ်။

စစ်တမ်းရဲ့ အနှစ်ချုပ်မှတ်တမ်းအရ ဆန္ဒမဲပေးခဲ့တဲ့ ဘာသာကွဲလူမျိုးကွဲအားလုံးရဲ့ အနည်းဆုံး ၉၀ ရာခိုင်နှုန်းက မိမိနဲ့ အမျိုးမတူ ဘာသာလူမျိုးကွဲနဲ့ ပေါင်းသင်းဆက်ဆံ၊ အတူတကွယှဉ်တွဲနေထိုင်ကြရမှာကို လက်ခံနှစ်လိုကြကြောင်း သိရပါတယ်။

လူမျိုးဘာသာကွဲပြားမှုကြောင့်် ဖြစ်လာမယ့် အစိုင်အခဲတစ်ခုခုကို ကြိုတင်တွက်ချက်မိစေဖို့ အဓိကပြဿနာနှစ်ရပ် တင်ပြဖို့ လိုအပ်တဲ့ အကြောင်း စစ်တမ်းက ဆိုပါတယ်။ နံပါတ် ၁ က ဘာသာကွဲလူမျိုးကွဲအုုပ်စုုတိုုင်းရဲ့ ပေါင်းသင်းဆက်ဆံမှု အလေ့အထအပေါ်မှာ လူမျိုး ဘာသာ ကွဲပြားခြင်းက ကောင်းကျိုးဆိုုးကျိုးသက်ရောက်နေသလား၊ တကယ်လိုု့ ဆိုုးကျိုးသက်ရောက်မှု ရှိနေတယ် ဆိုုရင် အဲဒီသက်ရောက်ခြင်းက အမြဲတမ်းရှိနေတာလား၊ အုုပ်စုုကွဲ တစ်စုု ဒါမှမဟုုတ် ဘာသာအမျိုးအစား တစ်ခုုအားဖြင့် သက်ရောက်နေတာလား။ နံပါတ် ၂ က လူမျိုးကွဲအုုပ်စုုတိုုင်း၊ ဘာသာကွဲအုုပ်စုုတုုိင်းက မိိမိတိုု့နဲ့ မတူကွဲပြားတဲ့ အခြားအုုပ်စုုအားလုုံးအပေါ်မှာ တပြေးညီ သဘောထားမျိုးရှိရဲ့လား၊ ဒါမှမဟုုတ်ဘဲ အုုပ်စုုတစ်ခုုကိုုတော့ဖြင့် ကွက်ပြီး အခြားအုုပ်စုုတွေထက် ပိုုနှစ်သက်နေသလား ဆန်းစစ်ပါတယ်။

စစ်တမ်းဖော်ပြချက်အရ စင်ကာပူနိုုင်ငံသားများဟာ နိုုင်ငံရေး ခေါင်းဆောင် ရွေးချယ်တဲ့ ကိစ္စအပါအဝင် အခြားကိစ္စအားလုုံုုးမှာ လူမျိုးကွဲ ဘာသာကွဲဖြစ်နေခြင်းကိုု အရေးတကြီးနေရာထားပြီး စဉ်းစားရမယ်လိုု့ မသတ်မှတ်ကြကြောင်း သိရပါတယ်။ ဒါပေမယ့် စင်ကာပူက လူမျိုးကွဲအုုပ်စုုတိုုင်းဟာ မိမိတိုု့ရဲ့အိမ်ထောင်ဖက်ကိုု ရွေးချယ်ရာမှာတော့ လူမျိုးကွဲ ဘာသာကွဲပြားနေခြင်းကိုု အရေးကြီးတဲ့ နေရာကနေ ထည့်သွင်းစဉ်းစားရမယ်လိုု့ သတ်မှတ်ထားတဲ့အကြောင်း ဆန္ဒမဲ ပေးခဲ့ကြတာ တွေ့ရပါတယ်။

တရုုတ်လူမျိုးကတော့ အားလုံုးလိုုလားအနှစ်သက်ဆုံုးလူမျိုးဖြစ်တယ်လုုိ့ သိရပါတယ်။ ဒါပေမယ့် တရုုတ်လူမျိုး ကတော့ အခြားလူမျိုးကွဲကိုု လိုုလားမှုအနည်းဆုံုးဖြစ်တယ်လိုု့ စစ်တမ်းကဆိုုပါတယ်။ ဘာသာရေးမှာဆိုုရင်တော့ တာအိုု သိုု့မဟုုတ် ဗုုဒ္ဓဘာသာဝင်တွေကိုု လိုုလားနှစ်သက်မှုအများဆုံုးရှိကြပေမယ့် တာအိုု သိုု့မဟုုတ် ဗုုဒ္ဓဘာသာဝင်တွေကတော့ ဘာသာကွဲကိုု လိုုလားမှု အနည်းဆုံုးဖြစ်တယ်လိုု့ သိရပါတယ်။

စစ်တမ်းမှာ ပါ၀င်ဖြေဆိုုကြတဲ့သူတွေဟာ သူတိုု့အနေနဲ့ ဘာကြောင့် အဲလိုုဖြေဆိုုခဲ့တာလဲဆုုိတာနဲ့ ဘယ်အကြောင်းတွေက သူတုုိ့ကိုု အဲလိုု အဖြေပေးဖိုု့တိုုက်တွန်းနေသလဲဆိုုတာတွေကိုု အသေအချာလေ့လာဖိုု့ လိုုအပ်နေသေးတယ်လိုု့ ဖော်ပြထားပါတယ်။

အထက်မှာ ဖော်ပြခဲ့တာကတော့ နုုိင်ငံသားတွေရဲ့ သဘောထားအမှန်ကိုု ရှာဖွေဖော်ထုုတ်တဲ့ နည်းလမ်းတမျိုး ဖြစ်သလိုု အတုုယူစရာ တွေလည်း ပါ၀င်နေပါတယ်။

စင်ကာပူရဲ့ ဘာသာကွဲ လူမျိုးကွဲအပေါ်ထားရှိတဲ့ သဘောထားနဲ့ ကိုုင်တွယ်ပုံုကိုု အတုုယူသင့်သလား 

ယေဘုုယျအားဖြင့်တော့ အတုုယူသင့်တယ်လိုု့ ဆိုုရပါမယ်။ ဥပဒေအားဖြင့်သော်လည်းကောင်း၊ ပညာပေး အစီအစဉ်တွေအားဖြင့်သော်လည်းကောင်း စိစစ်ကြပ်မတ်ထားတာကြောင့် ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲ နေထိုုင်ရေးဟာ စင်ကာပူမှာ စံပြပုံုစံအဖြစ် ရှိနေဆဲဖြစ်ပါတယ်။

စင်ကာပူရဲ့စံပြ သရုုပ်နဲ့ ပတ်သတ်ပြီး အစ္စလာမ်သာသနာထဲက ကမ္ဘာပေါ်မှာ နောက်လိုုက်လူဦးရေအများဆုံုး အဖွဲ့ခွဲတစ်ခုုဖြစ်တဲ့ အဟ်မဒီယာ မွတ်စလင်မ်အဖွဲ့ရဲ့ ဦးစီးခေါင်းဆောင် ခလီဖာ (Caliph) က ၂၀၁၃ ခုုနှစ်၊ စက်တင်ဘာ ၂၃ က ခုုလိုု မှတ်ချက်ပေးခဲ့ပါတယ်။ “စင်ကာပူအစိုုးရက သာသနာတစ်ခုုကိုု ဆန့်ကျင်ရှံု့ချတာမျိုး ခွင့်မပြူပေမယ့် သာသနာတစ်ခုုရဲ့ အပြုသဘောဆောင် သွန်သင်ချက်တွေကိုု ဖြန့်ချိဖိုု့အတွက်တော့ လွတ်လပ်ခွင့်ပေးထားတာကြောင့် စင်ကာပူက အဟ်မဒီမွတ်စလင်မ်တွေအတွက်တော့ အခြေအနေကောင်းတစ်ခုု ပဲ ဖြစ်ပါတယ်။”

ဝေဖန်မှုအချို့ရှိနေပေမယ့် pew research centre ရဲ့ အဆိုုအရ ဘာသာကွဲပြောင်း အများဆုံုးဖြစ်နေတဲ့ စင်ကာပူကတော့ အတုုယူရမယ့် စာရင်းထဲမှာ ထိပ်ဆုံုးနေရာက ရှိနေဆဲဖြစ်ပါတယ်။ စင်ကာပူရဲ့ လက်ရှိခေါင်းဆောင် လီရှန်လွန်းပြောပြထားတဲ့ အချက်တွေကလည်း ဂရုုဓမ္မပြု စဉ်းစားရမယ့် အချက်တွေဖြစ်သလိုု အတုုယူဆောင်ရွက်ရမှာတွေလည်း ပါ၀င်နေပါတယ်။ “မိဘက သားသမီးတွေအားလုံုးအပေါ် တပြေးညီ ချစ်ပေမယ့် မောင်နှမအချင်းချင်းအပေါ်မှာ အနွံတာခံတဲ့ သားသမီးကိုု ပုုိပြီး သဘောကျလက်ခံ လေ့ရှိတယ်” ဆိုုတာကိုု အထူးသတိပြု မှတ်သားကြရမှာပဲ ဖြစ်ပါတယ်။

“Live and let live” ဆိုုတဲ့ မိမိသည်လည်း မှီတင်းနေထိုုင်မယ်၊ အခြားသူကိုုလည်း နေရာပေးပြီး မှီတင်းနေထိုုင်စေမယ် ဆုုိတာနဲ့ဘာသာ ရေးကိုု နိုုင်ငံရေး မှာ နှီးနွယ်ပတ်သတ်မနေစေရဘူးဆိုုတာ တွေကလည်း ဆင်ခြင်မှတ်သားစရာ ကောင်းလှတဲ့ အချက်များပဲ ဖြစ်ပါတော့တယ်။

ကိုုးကား

၁) ၂၀၁၄ ဧပြီလထုုတ် The Review of Religions မဂ္ဂဇင်းပါ Religious Trends in Singapore ဆောင်းပါး။ (http://www.reviewofreligions.org/10274/religious-trends-in-singapore/)

၂) စင်ကာပုုူဝန်ကြီးချုပ်၏ ၂၀၀၉ ခုုနှစ် သြဂုုတ် ၁၆ ရက်၊ အမျိုးသားနေ့တွင် ပြောကြားခဲ့သည့် မိန့်ခွန်း (http://www.pmo.gov.sg/content/pmosite/mediacentre/speechesninterviews/primeminister/2009/August/national_day_rallyspeech2009part3racialreligiousharmony.html#.U4ASn1iSw01)

၃) A report on inter-racial and inter-religious relations in Singapore (http://www.rsis.edu.sg/publications/reports/RSIS%20Social%20resilience%20report.pdf)

၄) စင်ကာပူ ၂၀၁၀ သန်းခေါင်စာရင်း (http://www.singstat.gov.sg/publications/publications_and_papers/cop2010/census_2010_release1/cop2010sr1.pdf)

၅) ၀ီကီပီဒီးယား



Credit: ဤဆောင်းပါးအား မိုးမခမီဒီယာမှ မေလ ၃၁၊ ၂၀၁၄ ရက်စွဲဖြင့် တင်ပြခဲ့ပါသည်။ မိုးမခ မှ ကူးယူ၍ ပြန်လည်မျှဝေပါသည်။
Read more ...

Tuesday, May 13, 2014

အလက်ဇန်းဒြီးယားက စာကြည့်တိုက်ကြီးကို အာရပ်မွတ်စလင်တွေ မီးတင်ရှို့ခဲ့တာလား


အရင်းစစ်သော်ဆိုတဲ့ ဖေ့ဘွတ်မှတ်စုတစ်ခုကို ဖတ်ရပါတယ်။ အလက်ဇန်းဒြီးယားက

စာကြည့်တိုက်ကြီးကို မီးရှို့ပြီး ခေတ်ပေါ် လောကဓါတ်ပညာတွေကို ပြာဖြစ်အောင်လုပ်ခဲ့တာ

အိုမာ(ရ်)နဲ့ အပေါင်းအပါတွေ ဖြစ်နိုင်ချေများတဲ့အကြောင်း၊ ဘာကြောင့်လဲဆိုတော့ ရှေ့ပိုင်းမှာ

နလန္ဒကိုလည်း မွတ်စလင်တွေပဲ ဖျက်ချခဲ့တာကြောင့်ဖြစ်ကြောင်း စသဖြင့် ရေးထားပါတယ်။



ဒါဟာ ကိုယ့်ဟာကိုယ်ဆင်ခြေပေးပြီး မှန်ကြောင်း သက်သေပြထားတဲ့ စာစုတစ်ခုပဲလို့

ကောက်ချချရပါမယ်။



ဒီလိုစာမျိုးရေးချင်ရင် သမိုင်းကို နက်နက်နဲနဲ မွှေနှောက်ရှာဖွေရပါတယ်။ detailed research

လို့ ခေါ်တာပေါ့ဗျာ။ အမြဲပြောပြောပြီး သတိပေးနေရတဲ့ ကိစ္စတစ်ခုပါ။ မဟုတ်ရင်တော့ rhetoric

လို့ခေါ်တဲ့ persuasive writing ၊ ဖျောင်းဖျပြီး ကိုယ်လိုချင်တဲ့ မက်ဆေ့ကို

မှားမှားမှန်မှန်သွတ်သွင်းပေး တဲ့သဘောရောက်သွားပြီ။



အလက်ဇန်းဒြီးယားစာကြည့်တိုက်ကြီးကို မွတ်စလင်တွေက ဖျက်ချလိုက်တယ်၊

ပြီးတော့ အန္ဓလူးဆီးယားလို နေရာမျိုးမှာ ယနေ့သိပ္ပံအခြေတည်ရာ ကနဦး

အရင်းအမြစ်ပညာတွေကို မွတ်စလင်တွေကပဲ သန္ဓေတည်ပေးခဲ့တယ်။

ဘယ်သူ့လက်အောက်မှာလဲ၊ အုုမေယဒ် အိုမာ(ရ်) မင်းဆက် လက်အောက်မှာ ပါ။ ချိတ်ကြည့်ပါ။

ရှေ့နောက်မညီတဲ့ rhetoric  အရေးအသားမျိုးပါ။ တခုက အိုမာ(ရ်)ကပဲ ခေတ်ပညာဆိုရင်ခါးခါး

သီးသီးငြင်းသလိုနဲ့ (အလက်ဇန်းဒြီးယား စာကြည့်တိုက်ကြီးကို မီးလောင်တိုက်သွင်းသလို)၊

နောက်တခုက အိုမာ(ရ်)ကြောင့်ပဲ ဥရောပက သိပ္ပံပညာရပ်အမွေရလိုက်တဲ့သဘော။

အဲဒီသဘောမျိုးကို "အရင်းစစ်သော်" ဆိုတဲ့ မှတ်စု ပထမပိုင်း စာပိုဒ်တွေက ဖော်ပြထားတာပါ။



စဉ်းစားစရာက - ပညာကို တန်ဖိုးထားပြီး ချီးမြှင့်မြှောက်စားမှသာ ယနေ့ သိပ္ပံပညာသည်တွေ

ကျေးဇူးတင်ထိုက်တဲ့ ပုဂ္ဂိုလ်မျိုးတွေ ထွက်လာမပေါ့။ အနောက်တိုင်း သမိုင်းမီဒီယာက ပြောတိုင်း

ယုံကြရချည့်ဆိုရင် ရိုက်ညီနောင်ချိုလိမ်စို့နေတုန်း အန္ဓလူးဆီးယားမှာ မိုးပေါ်ပျံနေကြပြီလို့

ဆိုတဲ့ အနောက်တိုင်းသမိုင်းကိုလည်း ယုံပေါ့ဗျာ။ ကွက်ယုံတာတော့ ဘယ်ကောင်းမလဲ။ ပညာကို

ဦးစားမပေးတတ်တဲ့သဘော အိုမာ(ရ်)မှာရှိခဲ့ရင် ဒီကနေ့ သိပ္ပံလည်း အနောက်ကို

အများကြီးကျန်နေခဲ့ဦးမပေါ့။



နလန္ဒကိစ္စကတော့ ချေးချောက်ရေနူးတဲ့ကိစ္စ၊ ရှင်းပြီးသားလူတွေလည်း အာညောင်းနေလောက်ပြီ။

ရှင်းလင်းချက်တွေ ကိုယ့်ဟာကိုသာ ရှာဖတ်ကြဖို့ လိုပါတယ်။



"အရင်းစစ်သော်" ဆိုတဲ့ မှတ်စုမှာ ဖော်ပြထားတဲ့ အလက်ဇန်းဒြီးယားက စာကြည့်တိုက်ကို

မွတ်စလင်တွေ မရောက်ခင် အကြိမ်ကြိမ်အဖျက်ခံရပြီးသားလို့ဆိုတာ မှန်ပါတယ်။

အိုမာ(ရ်)ခေါငး်ဆောင်တဲ့ မွတ်စလင်တွေ စာကြည့်တိုက်ကို မီးရှို့တယ်ဆိုတာက controversial

(အငြင်းပွားဖွယ်) လို့ဆိုတာလည်း မှန်ပါတယ်။ မမှန်တာက "အိုမာ(ရ်) ဖျက်ချတာဖြစ်နိုင်ချေများတယ်"

ဆိုတဲ့ conclusion ပါ။ ဘာကြောင့် အဲလို မှတ်ချက်ပြုသလဲ ဥပမာ (နလန္ဒကို ဖျက်ချခဲ့တာကြောင့်

အလက်ဇန်းဒြီးယားလည်း သူတို့လက်ချက်ပဲ) ပေးထားတာကလဲ အလွဲဖြစ်နေတော့ဆိုးပြီပေါ့။ 



အလက်ဇန်ဒြီးယားကို မွတ်စလင်ဗိုလ်ချုပ် အမားရ် အိဗ္ဗနေ့အလ်အားစ် က သိမ်းပြီးနောက်

စာကြည့်တိုက်ကြီးနဲ့ပတ်သတ်ပြီး ဆောင်ရွက်ရမယ့် ကိစ္စ အိုမာ(ရ်) ထံ စာရေးပြီး မေးမြန်းခဲ့တယ်။

မေးမြန်းရခြင်းကတော့ ဂျော်န် သည် ဂရာမေးရီးရန်း လို့ခေါ်တဲ့ မွတ်စလင်မဟာမိတ်

ဒဿနပညာသည်ကြီးက စာကြည့်တိုက်ကို မဖျက်ဆီးပဲထားပေးဖို့ရန် ပန်ကြားချက်ကြောင့်လို့ဆိုပါတယ်။

အဲဒီမှာ အိုမာ(ရ်)ရဲ့ ပြန်စာနဲ့ပတ်သတ်ပြီး fabrication လို့ သမုတ်ရမယ့် စွပ်စွဲချက်ကြီးထွက်လာတာပဲ။

အိုမာ(ရ်) ကပြန်စာထဲမှာ "စာကြည့်တိုက်က စာအုပ်တွေဟာ ကိုရန်နဲ့

မကိုက်ညီရင် ချက်ချင်းဖျက်ဆီးပစ်" လို့ ရေးထားတယ်ဆိုပဲ။


ရှေးဟောင်း အလက်ဇန်းဒြီးယား စာကြည့်တိုက်ကြီး (ဓါတ်ပုံ - wiki)


၁) အလက်ဇန်းဒြီးယားစာကြည့်တိုက်ကြီးကို အမားရ်ဖျက်ဆီးလိုက်တယ်ဆိုတဲ့

သမိုင်းကို ပထမဆုံး ဖောက်သည်ချခဲ့တာ ခရစ်ယာန် သမိုင်းသုတေသီ

အဗ္ဗဒွလ် ဖရာဂျီးယပ်စ် (Abdul Fragius) ဖြစ်ပါတယ်။  မွတ်စလင်တွေ

အလက်ဇန်းဒြီးယားကို ၀င်သိမ်းအပြီး နောက်ပိုင်း နှစ်ပေါင်း ၆၀၀ မှာမှ မွတ်စလင်ဗိုလ်ချုပ်

အမားရ်က စာကြည့်တိုက်ကြီးကို မီးလောင်စာကျွေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ

နှစ်ပေါင်း ၆၀၀ အတွင်းမှာ အမားရ်ကိုရော အိုမာ(ရ်) ကိုပါ စာကြည့်တိုက်ကြီးနဲ့

ပတ်သတ်ပြီး တစုံတရာ စွပ်စွဲချက် တစ်ခုမှ ထွက်မလာခဲ့တာ ဘာကြောင့်လဲ။

စဉ်းစားကြစေလိုပါတယ်။နှစ်ပေါင်းက သုံးလေးနှစ်မဟုတ်၊ ၆၀၀ ပါ။  ရည်ညွှန်း (က)(ဂ)(ဃ)



၂)  ဒုတိယကတော့ အထက်မှာပြောခဲ့သလိုပါပဲ၊ မွတ်စလင်အာရပ်တွေ

ကျေးဇူးကြောင့် ဥရောပက အမှောင်ထုကနေ လွတ်လာတာ၊ ကရူုးဆိတ်ကနေ

အကျိုးအမြတ်ထွက်လာတယ်လို့ ယုံရင် မွတ်စလင် အဓိပတိ အိုမာ(ရ်) လို သမိုင်းမှာ

အထူးကျော်ကြားသူက ပညာရပ်တွေ သိုမှီးရာနေရာဌာနကို ဖျက်ချဖို့ အမိန့်ပေးမတဲ့လား။



၃) နောက်တစ်ခုက ခရစ်ယာန် သမိုင်းသုတေသီ အဗ္ဗဒွလ် ဖရာဂျီးယပ်စ်က အမားရ်နဲ့

အပေါင်းအပါတွေ စက္ကူနဲ့ လုပ်ထားတဲ့ စာအုပ်တွေကို မီးရှို့လိုက်တာပေါ့ဆိုတဲ့ စကား။

ဖရာဂျီးယပ်စ်က အမားရ်နဲ့ အပေါင်းအပါတွေ စာအုပ်တွေကို ရေချိုးဆိပ်တွေပို့ပြီး

အဲဒီရေချိုးဆိပ်တွေမှာ ရေပူကျိုဖို့လောင်စာအဖြစ်သုံးခိုင်းတယ်လို့ ဆိုထားပါတယ်။

လွဲချက်က တော်တော်နာ။ အဲဒီတုန်းက စာအုပ်တွေကို စက္ကူနဲ့ မရေးဘူး၊ ကျူပင် (Payrus) ကထုတ်တဲ့

စက္ကူနဲ့တူတဲ့ အရွက် ဒါမှမဟုတ် တိရစ္ဆာန်အရေပေါ်မှာရေးတယ်၊ အဲဒီကျူပင်နဲ့ တိရစ္ဆာန်အရေကို

လောင်စာအဖြစ် အဲဒီတုန်းကသုံးလေ့မရှိဘူး။



၄) အမားရ်နဲ့ အပေါင်းအပါတွေ အလက်ဇန်းဒြီးယားစာကြည့်တိုက်ကြီးကို မြင်တောင်

မမြင်လိုက်ရရှာဘူးဆိုတဲ့ သမိုင်းအထောက်အထားလည်းရှိနေသေးတယ်။ အလက်ဇန်းဒြီးယားမှာ

စာကြည့်တိုက်ကြီး ၂ ခုရှိတယ်၊ တခုက ဘရုချီယန် (Bruchion) မှာ၊ နောက်တစ်ခုက ဆီရပင်

(Serapim) မှာ။ ဘရုချီယန်က ပိုကြီးပြီး ပြတိုက်ကြီးနဲ့ ဆက်ထားတယ်၊ အကယ်ဒမီ (ပညာရှာမှီးရာနေရာ)

အနေနဲ့လည်းသုံးတယ်။ ဂျူးလီးယပ်ဆီဇာ ၀င်တိုက်တော့ ဆီဇာက သူ့သင်္ဘောတွေကို

ကိုယ်ပိုင်လုံခြုံရေးအတွက်ဆိုပြီး မီးရှို့ခိုင်းတယ်၊ ဘရုချီယန်ထိ မီးရောက်ပြီးစာကြည့်တိုက်ကြီး

မီးလောင်တယ်။ ဇတ်လမ်းက ဆုံးပြီ။



နောက် တစ်ခု ဆီရပင်။ ခရစ်ယာန်အင်ပါယာ သီယိုဒိုဆီးယပ်စ် (Theodosius) က ၃၈၉ ဒါမှမဟုတ် ၃၉၁

ခုနှစ်မှာပေါ့၊ ဆီရပင်မှာ pagan monuments ခေါ် ရှေးအမိုက်မှောင်ခေတ် အဆောင်အယောင်တွေရှိနေတယ်ဆိုပြီး

အမိန့်ထုတ်လေတော့ ခရစ်ယာန် ဘုန်းကြီး သီယိုဖီလပ် (Theophilus) က ဆီရပင်ကို ဖျက်ဆီးပြစ်လိုက်ပြီ။

ဒီတော့ အမားရ်နဲ့ မွတ်စလင်နောက်လိုက်တွေ မီးရှို့ဖို့ စာကြည့် ဘယ်မှာကျန်တော့မတုန်းဗျာ။(ရည်ညွှန်း - ဃ)



(၅) Godfrey Higgins ဆိုသူပညာရှင်က အခုလိုဆိုတယ်။



အလက်ဇန်းဒြီးယားစာကြည့်တိုက်ကို ဖျက်ဆီးပြစ်တယ်ဆိုပြီး မိုဟာမက်ရဲ့နောက်လိုက်တွေကို

ခရစ်ယာန်တွေ က အကြီးအကျယ်စွပ်စွဲကြတယ်။ ........... သူ (အိုမာရ် သို့မဟုတ် အမားရ်)

ကသာ အကယ်မီးလောင်တိုက်သွင်းခဲ့မယ်ဆိုရင် သူ (မိုဟမ္မဒ်) ရဲ့ သာသနာကိုညှိုးနွမ်းစေမယ်၊

အာရပ်အမျိုးသားတွေရဲ့ စာပေပညာရပ်စရိုက်ကိုလည်း ညှိုးနွမ်းစေမယ်။ ဒါပေမယ့် ခရစ်ယာန်တွေက

တိုလီမီးယပ်စ်က စာကြည့်တိုက်ကြီးရဲ့ အစိတ်အပိုင်းအချို့ကို ဆီဇာရဲ့စစ်ပွဲတစ်ခုမှာ မီးရှို့ခံရတဲ့အကြောင်း၊

အခြားတပိုင်း (အားလုံးမဟုတ်တောင်မှ) ကို ခရစ်ယာန် (ပြည့်ရှင်) သီယိုဒိုဆီယပ်စ်ရဲ့

အာဏာစက်အောက်မှာ မီးရှို့ခံရတယ်၊ သူက သူအုပ်ချုပ်တဲ့နယ်ပယ်ဒေသတွေမှာရှိတဲ့ heathens

(ရှေးရိုးစွဲပြီး ဘာသာတခုခုအားလက်မခံတဲ့ အယူရှိသူ) တွေရဲ့ ဘုရားကျောင်းတွေကို ဘုရားရှင် (God) ရဲ့

ဘုန်းတန်ခိုးကို အကြောင်းပြပြီးမီးတင်ရှို့တာတွေ လုပ်တုန်း (တဆက်တည်း စာကြည့်တိုက်ကိုလည်း

မီးရှို့ခဲ့တာဖြစ်တယ်။)



ဒါ့ပြင်သူက -



They extended to the whole world…..I must fairly say, for my own part,

founding my opinion on the arguments used by Mr. Gibbon, I do not believe it.

It is nothing but a Christian calumny, to blacken the religion….”

(အလက်ဇန်းဒြီးယားစာကြည့်တိုုက်ကိုု မွတ်စလင်တွေမီးရှို့တဲ့ကိစ္စ) နဲ့ပတ်သတ်ပြီး

မျှမျှတတဆိုုရရင် မစ္စတာဂစ်ဘွန် (အက်ဒွပ်ဂစ်ဘွန်အားရည်ညွှန်း) ဆိုုခဲ့သလိုုပဲ၊

ကျွန်တော်မယုံုဘူးဗျာ။ ဒါတွေက ခရစ်ယာန်တွေရဲ့ လိမ်လည်မှုတွေ၊ သာသနာ

(အစ္စလာမ်ကိုုရည်ညွှန်း) ညှိုးနွမ်းအောင် လုုပ်တာပဲ။ (ရည်ညွှန်း - င)



ကိုးကား -



(က) The Decline and Fall of the Roman Empire, Volume II, The Modern Library Edition, by Edward Gibbon, pages 754-755: “For my own part, I am strongly tempted to deny both the fact and the consequences. The fact is indeed marvelous. “Read and wonder,” says the historian himself: and the solitary report of a stranger who wrote at the end of six hundred years of the confines of Media is overbalanced by the silence of two annalists of a more early date, both Christians, both natives of Egypt, and the most ancient of whom, the patriarch Eutychius, has amply described the conquest of Alexandria. The rigid sentence of Omar is repugnant to the sound and orthodox precept of the Mohammedan casuists: they expressly declare that the religious books of the Jews and Christians, which are acquired by the right of war, should never be committed to the flames; and that the works of profane science, historians or poets, physicians or philosophers, may be lawfully applied to the use of the faithful….I shall not recapitulate the disasters of the Alexandrian library, the involuntary flame that was kindled by Caesar in his own defence, or the mischievous bigotry of the Christians who studied to destroy the monuments of idolatry. But if we gradually descend from the age of the Antonines to that of Theodosius, we shall learn from a chain of contemporary witnesses that the royal palace and the temple of Serapis no longer contained the four or the seven, hundred thousand volumes which had been assembled by the curiosity and magnificence of the Ptolemies.”





(ခ) History of the Conflict between Religion and Science, by John William Draper. D. Appleton and Company, 1925 Edition. Pages 103-104: “But it must not be supposed that the books which John the Labor-lover coveted were those which constituted the great library of the Ptolemies, and that of Eumenes, King of Pergamus. Nearly a thousand years had elapsed since Philadelphus began his collection. Julius Caesar had burnt more than half; the Patriarchs of Alexandria had not only permitted but superintended the dispersion of almost all the rest. Orosius expressly states that he saw the empty cases or shelves of the library twenty years after Theophilus, the uncle of St. Cyril, had procured from the Emperor Theodosius a rescript for its destruction. Even had this once noble collection never endured such acts of violence, the mere wear and tear, and perhaps, I may add, the pilfering of a thousand years, would have diminished it sadly. Though John, as the surname he received indicates, might rejoice in a superfluity of occupation, we may be certain that the care of a library of half a million books would transcend even his well-tried powers; and the cost of preserving and supporting it, that had demanded the ample resources of the Ptolemies and the Caesars, was beyond the means of a grammarian. Nor is the time required for its combustion or destruction any indication of the extent of the collection. Of all articles of fuel, parchment is, perhaps, the most wretched….but we may be sure that the bath-men of Alexandria did not resort to parchment so long as they could find anything else and of parchment a very large portion of these books were composed.”



(ဂ) The Encyclopaedia Britannica, Eleventh Edition, Vol. I-II. Page 570: “The story of the destruction of the library by the Arabs is first told by Barhebraeus (Albulfaragius), a Christian writer who lived six centuries later; and it is of very doubtful authority. It is highly improbable that many of the 700,000 volumes collected by the Ptolemies remained at the time of the Arab conquest, when the various calamities of Alexandria from the time of Caesar to that of Diocletian are considered, together with the disgraceful pillage of the library in A. D. 389 under the rule of the Christian bishop, Theophilus, acting on Theodosius’ decree concerning pagan monuments.”



(ဃ) The Encyclopaedia Britannica, Eleventh Edition, Vol. XV-XVI. Page 546: “The usual statement that from the date of the restoration of the Brucheum under Cleopatra the libraries continued in a flourishing condition until they were destroyed after the conquest of Alexandria by the Saracens in A. D. 640, can hardly be supported. It is very possible that one of the libraries perished when the Brucheum quarter was destroyed by Aurelian, A. D. 273. In 389 or 391 an edict of Theodosius ordered the destruction of the Serapeum, and its books were pillaged by the Christians. When we take into account which literature and science had fallen, there can be little difficulty in believing that there were but few books left to be destroyed by the soldiers of Amr. The familiar anecdote of the caliph’s message to his general rests mainly upon the evidence of Abulfaraj, so that we may be tempted to agree with Gibbon that the report of a stranger who wrote at the end of six hundred years is overbalanced by the silence of earlier and native annalists…..”



(င) Mahomet the Illustrious, by Godfrey Higgins, Esq., pages 68-69: “The Christians have made a great outcry against all the followers of Mahomet on account of the destruction of the library of Alexandria, the acts of one…, a disgrace to his religion and the literary character of his Arabian countrymen, if, indeed, he did burn it; but they carefully keep out of sight the circumstance that part of the celebrated library of the Ptolemies was burned in one of the battles of Caesar, and that another part, if not all the remainder, was burned by a decree of the Christian Theodosius, when he burned and destroyed throughout his dominions the temples of the heathens for the glory of God.



No doubt the pious acts of legitimacy of both the Christians and Mahometans had considerable effect in producing the darkness of the succeeding ages, but there were two or three other causes much more effectual. The acts of Omar only extended to one city and one moment of time; but the repeated decrees of the Roman Christian emperors for the destruction of books of both heretics and philosophers, and the canons of the Councils and the Popes of Rome, and the denunciations of the fathers of the church against the wickedness of reading the books of the Heathen, were, I have no doubt, much more effectual. They extended to the whole world…..I must fairly say, for my own part, founding my opinion on the arguments used by Mr. Gibbon, I do not believe it. It is nothing but a Christian calumny, to blacken the religion….”





နိဂုံးချုပ်ရရင် -  "အရင်းစစ်သော်" မှတ်စုပါ နောက်ပိုင်းမှာ မွတ်စလင်တွေ အုပ်ချုပ်မှုညံ့လို့ ၊

ကျောင်းတော်ဝါဒများလို့ သူတို့တွေခေတ်နောက်ကျကျန်ရစ်တဲ့အကြောင်း။ အဲဒီအကြောင်းမှာ

ပထမတခုဖြစ်တဲ့ အုပ်ချုပ်မှု ညံ့ပြီး (အယူသီးလွန်း) လို့ဆိုတဲ့အချက်ကို မှန်ကန်တယ်လို့ ထောက်ခံပါတယ်။



ဒုတိယတချက်ဖြစ်တဲ့ ကျောင်းတော်ဝါဒကိုတော့ လက်မခံပါ။ အဲဒီ (အိုမာရ်) လက်ထက်က

ကျောင်းတော်ဝါဒကို ဆက်ထိန်းထားရင် ကနေ့မွတ်စလင်တွေ အမေရိကန်၊ အစ္စရေးနဲ့

ရုရှတို့အကြား မြေစာပင် နာမည်ဖျက်ခံဖြစ်မနေမှာ သေချာတယ်။ မြန်မာပြည်ကြီး ဗုဒ္ဓဘာသာထွန်းကားလို့

ဂလိုဖြစ်နေတာလို့ဆိုရင် လွဲချက်နာသလို အစ္စလာမ်သာသနာကြောင့် မွတ်စလင်တွေ ဒီလိုဖြစ်နေတာ

လို့ဆိုရင်လည်း အလွဲကြီးလွဲပြီ။ ဒါကို သတိချပ်ရမှာသာဖြစ်ပါတယ်။ သွယ်ဝိုက်ကွန်မြူနစ်

တံခါးပိတ်ဝါဒ ဖြစ်တဲ့ဆိုရှယ်လစ်ဝါဒကြောင့် မြန်မာပြည်ကြီး နလံမထူနိုင်ခဲ့သလို အဲဒီကနေ

မြစ်ဖျားခံလာလိုက်တာ အာဏာရှင်အုပ်ချုပ်မှုဆိုးကြီး၊ ခုထိအရိပ်ထင်နေတုန်း။ ဒါနဲ့ပဲ

The Burmese Way to Socialism has been described as Marxist, anti-Western,

neutralist and socialist in nature လို့ Badgley, John H. (1963) က ရေးလိုက်ရော။

ထပ်ကွန့်ရရင် Badgley, John Hပြောပုံက Burmese way to socialism ကို influence

လုပ်တာတွေက Buddhist, humanist and Marxist အမြင်တွေ ဖြစ်တယ်တဲ့။



(http://en.wikipedia.org/wiki/Burmese_Way_to_Socialism#cite_note-badgley-10)



ဒီတော့ကား ၀ီကီကုတ်ထားတိုင်း ယုံရမလိုဆို ကွန်မြူနစ်တံခါးပိတ်ဝါဒကနေ အကျိုးဆက်ဖြစ်တဲ့

မြန်မာပြည်ကြီးချွတ်ချံုကျနေဖို့ Burmese way to socialism ကို အတွေးအခေါ်ပိုင်းအရ လွှမ်းမိုးခဲ့တာ

Buddhist တွေ ဖြစ်နေတော့မပေါ့ဗျာ။



အရင်းစစ်သော်မှာတင် မရပ်စကောင်း၊ အရင်းစစ်သော်အမြစ်မြေက ဆိုတာကမှ

ပြီးပြည့်စုံတဲ့ စကားပုံဖြစ်လာမှာပါလို့ဆိုရင်း .........

အရင်းစစ်သော် ဖေ့ဘွတ်မှတ်စုအား ဖတ်ရှုရန် (http://on.fb.me/1qBoyyY)
Read more ...

Sunday, May 11, 2014

မုဟမ္မဒ်ဆိုလျှင် ဘိုကိုဟာရာမ်တွေကို ဘယ်လိုတုန့်ပြန်လိမ့်မလဲ


ပြီးခဲ့တဲ့ ရက်တွေက ကမ္ဘာ့မီဒီယာမှာရော မြန်မာ့ဆိုရှယ်မီဒီယာမှာပါ ရိုက်ခတ်ခဲ့တဲ့သတင်းကတော့ အကြမ်းဖက်အဖွဲ့ ဘိုကိုဟာရာမ်ပြန်ပေးမှု ကြီးပါပဲ။

နိုုင်ဂျီးရီးယားက သမီးငယ်ကလေးတွေ ရာနဲ့ချီပြီး ပြန်ပေးဆွဲခံခဲ့ရတယ်။ သူတို့တွေက ကျွန်တော်တိုု့ရဲ့သမီးငယ်ကလေးတွေပါ။ သူတိုု့ကျူး လွန်တဲ့ ရာဇဝတ်မှုက ခေတ်ပညာတတ်မြောက်အောင် သင်ယူကြလို့ပါတဲ့။ ဘိုကိုဟာရာမ်ရဲ့ဆင်ခြေက တကယ့်ကို ခံပြင်းအမျက်ထွက် စရာကောင်းလှသလို တုန်လှုပ်ခြောက်ခြားစရာ ဆင်ခြေဆိုးကြီးပါ။

ဒီလုပ်ရပ်ကို နိုုင်ငံတကာက စိုုးရိမ်တကြီးနဲ့တုုန့်ပြန်သလိုု အမေရိကန်သမ္မတကတော် မစ်ချယ်လီအပါအဝင် နာမည်ကြီးပုုဂ္ဂိုလ်အများစုုက #BringBackOurGirls ဆိုုတဲ့ internet hashtag နဲ့ဓါတ်ပုုံ တွေတင်ကြပြီး လူမဆန်တဲ့ လုုပ်ရပ်ကြီးကို ဆန့်ကျင်ရှုံ့ချကြောင်း ဖော်ထုုတ်ပြသ ခဲ့ကြပါတယ်။

ဘိုုကိုုဟာရမ်ကတော့ အစ္စလာမ်သာသနာကိုု အကာအကွယ်ယူပြီး သာသနာနဲ့ ဆန့်ကျင်တဲ့လုုပ်ရပ်တွေဖြစ်တဲ့ ပြန်ပေးဆွဲတာတွေ၊ အ သေခံတိုုက်ခိုုက်တာတွေ၊ လူသတ်မှု၊ ဗုံုးခွဲမှုတွေတင်မက အကျဉ်းထောင်ဖောက်တဲ့ ရာဇဝတ်မှုတွေကိုုပါ လုုပ်လာခဲ့ကြသူတွေဖြစ်ပါတယ်။ ဘိုုကိုုဟာရမ်ရဲ့အဓိပ္ဗါယ်ကတော့ “အနောက်တိုုင်းပညာရေးကိုု တားမြစ်ပိတ်ပင်ခြင်း” ဖြစ်တယ်လို့ သိရပါတယ်။

ဘိုုကိုုဟာရမ်က ဒီပြန်ပေးဆွဲမှုကြီးအတွက် အဓိကတွန်းအားသည် အစ္စလာမ်ဖြစ်တယ်လိုု့ ဆိုုပါတယ်။ ဒီအဆိုုဟာ ဒုုတိယကမ္ဘာစစ်တုုန်းက ယဟူဒီတွေအပေါ် လူမျိုးတုုန်းသတ်ဖြတ်မှုတွေ ဆက်တုုိက်ကျူးလွန်ခဲ့တဲ့ နာဇီဟစ်တလာရဲ့ ခရစ်ယာန်သာသနာကိုု အလွဲကြီး ဆွဲငင်ယူသုံုး သလိုုမျိုး ဆင်တူနေပါတယ်။

ဘိုုကိုုဟာရမ်တွေက သမီးငယ်လေးတွေကိုု ပြန်ပေးဆွဲပြီး စျေးတွေမှာ လိင်ကျေးကျွန်တွေအဖြစ် ရောင်းချမယ်ဆိုတဲ့ ကြေညာချက်ဟာ အစ္စလာမ်သာသနာဝင်တွေရဲ့ ကုုိရန်ကျမ်းစာ အခန်း ၂၄၊ မုုက္ခပါတ် အမှတ်စဉ် ၃၄ ပါ “အမျိုးသမီးငယ်တွေကိုု မနှစ်မြို့ဖွယ်ဘဝမျိုး အတင်းအကျပ် တွန်းပိုု့ခြင်းမျိုး မပြုလုုပ်ရ” ဆိုုတဲ့ အမိန့်ကိုု ဆန့်ကျင်နေပါတယ်။ ဒါ့ပြင် အခန်း ၄၊ မုုက္ခပါတ် အမှတ်စဉ် ၂၀ ပါ “အသင်တို့အဖို့ မိန်းမတို့အား အဓမ္မနည်းဖြင့် အမွေ (ပစ္စည်း) အဖြစ် သိမ်းပိုက်ခြင်းသည် တရားသက်ဝင်သည်မဟုတ်ပေ” ဆိုုတဲ့အချက်နဲ့လည်း ဆန့်ကျင် နေပါတယ်။

အနောက်တုုိင်းပညာရေးကြောင့် ပြန်ပေးဆွဲတာပါဆိုုတဲ့ ဘိုုကိုုဟာရမ်တွေရဲ့ဆင်ခြေကတော့ တမန်တော်မုုဟမ္မဒ်ရဲ့ အမိန့်အချို့ကိုုလည်း တိုုက်ရိုုက်မထီမဲ့မြင်ပြုရာ ရောက်ပါတယ်။

“အမျိုးသမီးများဟာအသင်တုုိ့ရဲ့ အပေါင်းအဖော်များသာမက ကူဖော်လောင်ဖက်များလည်းဖြစ်တာကြောင့် အမျိုးသမီးတွေကိုု ကောင်းမွန် စွာ ဆက်ဆံကြ၊ ကြင်နာသနားကြလော့” (တမန်တော် မုုဟမ္မဒ်၏ နောက်ဆုံးမိန့်ခွန်းမှ en.wikiquote.org/wiki/Muhammad)

ဒါ့ပြင် ပညာရေးနဲ့ပတ်သတ်ပြီး သွန်သင်ထားပြန်တာက “ပညာသင်ကြားရေးမှာ မွတ်စလင်အမျိုုးသား အမျိုးသမီးတိုုင်းအတွက် မဖြစ်မနေ ဆောင်ရွက်ရမယ့် တာဝန်တစ်ရပ်ဖြစ်တယ်။” လိုု့ သိကြရပါတယ်။ (ဟဒီးဆ် ခေါ် တမန်တော်မုဟမ္မဒ်၏ မိန့်မှာချက်များ၊ Sunan Ibn e Majah, Book of Sunnah, နံပါတ်စဉ် ၂၂၄)

တမန်တော် မုုဟမ္မဒ်ဆိုုလိုုခဲ့တဲ့ ပညာရေးဆိုုတာ သာသနာ့ပညာရေးသာဖြစ်တယ်ဆိုုတဲ့ စွပ်စွဲချက်ကိုု ဒီနေရာမှာ ထပ်ဆင့်ရှင်းလင်း ရပါဦး မယ်။ တမန်တော် မုုဟမ္မဒ်က အစ္စလာမ်သာသနာ အာရေဗျကျွန်းဆွယ်ကနေ ကမ္ဘာအနှံ့မရောက်သေးမီအချိန်မှာ အသင်တိုု့အနေနဲ့ ပညာဆည်းပူးရန်လိုုအပ်ခဲ့မယ်ဆိုုရင် တရုုတ်ပြည်လောက်ဝေးပါစေ သွားရောက်လေ့လာသင်ယူပါလိုု့ သွန်သင်ခဲ့ပါတယ်။ သေချာတာကတော့ တရုုတ်ပေါက်ဖော် ကြီးတွေဆီမှာ အစ္စလာမ်သာသနာရေးပညာ မရှိသေးတာကြောင့် သာသနာ့ပညာကိုု တရုုတ်ကြီးတွေဆီမှာ သွားသင်ဖိုု့ လိုုရင် သွားသင်ကြလိုု့ ဆိုုလိုုရာမရောက်ပဲ လောကီဆီကူလာ (secular) ပညာရေးကိုု လေ့လာသင်ယူခိုုင်းတယ်ဆိုုတာ ထင်ရှားပါတယ်။

ဒါ့ပြင် တမန်တော် မုုဟမ္မဒ်က အသိပညာဟူသည် မွတ်စလင်တစ်ယောက်အဖိုု့ ပျောက်ဆုံုးနေသော ရတနာပင်၊ မည်သည့်နေရာတွင်မဆိုု တွေ့ရှိပါက လေ့လာဆည်းပူး အရဆွတ်ခူးပါလေ (Tirmizi 2687, Ibn Maja 4169) လိုု့ မိန့်ပြန်တာကြောင့် မည်သည့်နေရာတွင်မဆိုု ဆိုုတဲ့ စကားလုံုးက အရှေ့တိုုင်းမှ၊ အနောက်တိုုင်းမှ စတဲ့ နေရာကန့်သတ်ချက်ကိုု ဆန့်ကျင်တာကြောင့် အနောက်တိုုင်းပညာရေးကိုု လျစ်လျူပြု ရမယ်ဆိုုတာကတော့ အော်ဂလီဆန်စရာကောင်းလှတဲ့ ကိုုယ်ပိုုင်တီထွင်ထားချက်တစ်ခုုလိုု့ပြောရပါမယ်။

ဘိုုကိုုဟာရမ်တွေဟာ ခရစ်ယာန်သာသနာဝင်တွေရဲ့ ချာချ်ဘုုရားကျောင်းတွေကိုု တုုိက်ခိုုက်ဖျက်ဆီးခဲ့ကြပါတယ်။ ဒီလုုပ်ရပ်ဟာလည်း တမန်တော်မုုဟမ္မဒ်ရဲ့ သွန်သင်ချက်ကိုု တိုုက်ရိုုက်ချိုးဖောက်မှုပဲ ဖြစ်ပါတယ်။ တမန်တော်မုုဟမ္မဒ်ထုုတ်ပြန်ခဲ့တဲ့ အကျိုးခံစားခွင့် ချာတာ (Charter of Privileges) မှာ ဖော်ပြထားတာက -

“ကျွန်ုုပ်သည် ဤစာအား အရှေ့နှင့် အနောက်အရပ်တုုိ့ရှိ ခရစ်ယာန်သာသနာ ၀င်များအတွက် ရည်စူးရေးသားသည်။ ယခုုရှိနေသည့် ခရစ်ယာန်များအတွက်လည်းကောင်း၊ နောင်လာနောက်သား ခရစ်ယာန်များအတွက်လည်းကောင်း အကျံုးဝင်သည်။ မည်သည့်မွတ်စလင်မ ဆိုု ဤဥပဒေပါ ဖော်ပြချက်များအား ချိုးဖောက်ကျူးလွန်သော် ဘုုရားရှင်၏ဥပဒေအား ချိုးဖောက်ခြင်းသာဖြစ်၏။ ဘုုရားရှင်၏ ကတိတော် များအား ချိုးဖောက်ခြင်းမည်၏။ ဘုုရားရှင်၏ အမျက်တော်နှင့် ထုုိက်တန်၏။ အသင်သည် ဘုုရင်သိုု့မဟုုတ့်် (အာဏာရ) ပြုလုုပ်ပိုုိင်ခွင့်ရှိသူဖြစ်နေပါစေ၊ သူတိုု့၏ ချာချ်ဘုုရားကျောင်းများသာမက အခြားသော ၀တ်ပြုဆည်းကပ်ကိုုးကွယ်ရာ သာသနိက အဆောက်အဦများအား လူသူကင်းပြီး ပျက်စီးယိုုယွင်းသွားစေရန် သော်လည်းကောင်း၊ ဖြိုချဖျက်ဆီးခြင်း သိုု့မဟုုတ် ဖောက်ခွဲဖျက်ဆီးခြင်းမျိုးကိုုသော် လညး်ကောင်း ပြုလုုပ်ခြင်း မရှိစေရ။ ၎င်းတိုု့၏ ချာချ်ကျောင်းများမှ မည်သည့်ပစ္စည်းဥစ္စာကိုုမဆိုု သုံုးစွဲခြင်းဖြင့် ဗလီများ၊ မွတ်စလင်များအတွက် အိမ်ယာများ ဆောက်လုုပ်ခြင်းမျိုး မရှိစေရ။ ဖောက်ဖျက်ကျူးလွန်သူ မည်သည့်မွတ်စလင်မဆိုု ဘုုရားရှင်နှင့် သူ၏ တမန်တော်အား ပုုန်ကန်သူအဖြစ် သတ်မှတ်ခံရလိမ့်မည်။ ” (en.wikipedia.org/wiki/Achtiname_of_Muhammad)

တမန်တော်မုုဟမ္မဒ်ရဲ့ မိန့်မှာချက်ဖြစ်တဲ့ လွတ်လပ်နေတဲ့သူတစ်ဦးကိုု ကျေးကျွန်အဖြစ် ရောင်းဝယ်ဖောက်ကားခြင်းဟာ ဘုုရားရှင်ကိုု စစ် ကြေညာခြင်းသာဖြစ်တယ်ဆိုုတာကတော့ ဘုုိကိုုဟာရာမ်တွေရဲ့ အဆင့်အတန်းကိုု ဖော်ပြရာရောက်ပါတယ်။

ဒါကြောင့် ဒီအကြမ်းဖက်သမား ဘုုိကိုုဟာရာမ်များကိုု မြင့်မြတ်တင့်တယ်လှတဲ့ ဘာသာသာသနာအားလုံုးတွေထဲက အမည်တစ်ခုုခုုကိုုမျှ ကင်ပွန်းတပ်ပေးဖိုု့ မသင့်တော်လှပါ။ သူတိုု့တွေမှာ ဘာသာသသနာမရှိပါ။ အစ္စလာမ်က အမျိုးသမီးတွေကိုု လောကီပညာရေးသင်ဖိုု့ ခွင့်ပြုရုံု တင်မက ဆည်းပူးလေ့လာရန်လည်း တိုုက်တွန်းထားပါတယ်။ ဥပမာ . တမန်တော်မုုဟမ္မဒ်ရဲ့ ဇနီးသည်များဖြစ်တဲ့ ခတီဂျာ၊ အုုိင်အေ ရှာ။

ကမ္ဘာ့ပထမဆုံုး လောကီပညာရေး ဒီဂရီဘွဲ့ချီးမြင့်တဲ့ အဆင့်မြင့်တက္ကသိုုလ်ကိုုတည်ထောင်သူဟာ မည်သူများဖြစ်ပါလိမ့်မလဲ။ ပညာသင် ကြားဖို့ နေအိမ်မှထွက်ခွာသွားသူဟာ ဘုရားရှင်၏လမ်းမထက် လျှောက်လှမ်းနေသူသာဖြစ်တယ်လို့ သွန်သင်ချက်ရှိတဲ့ အစ္စလာမ်သာ သနာထဲက အာရပ်အမျိုးသမီးပဲဖြစ်တယ်လို့ သမိုင်းကဆိုရင် စာရှုသူ အံ့သြမင်သက် ဖြစ်ကောင်း ဖြစ်ရပါလိမ့်မယ်။

ကမ္ဘာ့ပထမဆုံုး လောကီပညာရေး ဒီဂရီဘွဲ့ချီးမြင့်တဲ့ အဆင့်မြင့်တက္ကသိုုလ်ကိုု တည်ထောင်သူကတော့ အာရပ်မွတ်စလင်အမျိုးသမီး ဖာတီမာ မုုဟမ္မဒ် အလ်ဖိရီးဆိုသူ ဖြစ်ပါတယ်။ (en.wikipedia.org/wiki/Fatima_al-Fihri)

ယနေ့ထိတိုင် အဲဒီတက္ကသိုလ်ကြီးဟာ မော်ရိုကိုနိုင်ငံမှာ ကာရာဝီရင်တက္ကသိုလ် (University of Qarawiyyin) နာမည်နဲ့ တည်ရှိနေ ဆဲဖြစ်ပါတယ်။

ဒီတော့ကား တမန်တော်မုဟမ္မဒ်သာဆိုရင် ဘိုကိုဟာရာမ်တွေကို ဘယ်လိုတုန့်ပြန်ပါလိမ့်မလဲဆိုတဲ့အမေးကို အဖြေပေးပြီး ဖြစ်တယ်လို့ ထင်ပါတယ်။

ဘိုုကိုုဟာရာမ်များသည် မွတ်စလင်များလော …. ။ သက်သေပြချက် များများစားစား တင်ပြရန် မလိုအပ်ပါခင်ဗျား။

Credit: ဤဆောင်းပါးအား မိုးမခမီဒီယာမှ မေလ ၁၀၊ ၂၀၁၄ ရက်စွဲဖြင့် ပထမဦးဆုံး တင်ပြထားခြင်းဖြစ်ပါသည်။ မိုးမခ မှ ကူးယူ၍ ပြန်လည်မျှဝေပါသည်။
Read more ...