Thursday, November 5, 2015

အမှန်တကယ်ပြောင်းလဲဖို့



ကျွန်တော်ဟာ မြန်မာပြည်မှာ မွေးပြီး မြန်မာပြည်မှာပဲ ကြီးပြင်းခဲ့တဲ့ မြန်မာနိုင်ငံသား ဖြစ်ပါတယ်။ ကျွန်တော့် ဘိုးစဉ်ဘောင်ဆက်ကလည်း မြန်မာနိုင်ငံသားတွေပါပဲ။ သို့သော် ကျွန်တော်တို့ ဘိုးစဉ်ဘောင်ဆက်ကနေ ကိုးကွယ်တဲ့ ဘာသာကတော့ အစ္စလာမ်ဘာသာဖြစ်ပါတယ်။ ဒီလို ဘာသာရေးကို ထည့်သွင်းပြောပြရတာကိုတော့ အင်မတန်မှ မရိုးမရွံ့ဖြစ်မိပါတယ်။ နိုင်ငံတကာမှာ ဥပမာ ပေါ့ဗျာ၊ ပါတီကိုယ်စားလှယ်တွေရဲ့ ကိုယ်ရေးကို ဖတ်ရင် ကိုးကွယ်တဲ့ဘာသာ ဘာဖြစ်သလဲဆိုတဲ့ ကိစ္စက အရေးမပါတဲ့ကိစ္စမို့ အဲဒါကို တချို့နိုင်ငံ တွေမှာဆိုရင် လျှို့ဝှက်တောင် ထားကြပါတယ်။

ကျွန်တော်အမှတ်ရနေတဲ့အဖြစ်အပျက်တစ်ခုရှိပါတယ်။ ကျွန်တော်တို့အိမ်ရှေ့မှာ အိမ်က ကားကိုရပ်ထားတော့ ကားရှိတဲ့နေရာကို ကျွန်တော်က သွားနေတဲ့အချိန်၊ ကားရဲ့တဘက်မှာ အင်္ကျီကျွတ်နဲ့ ရပ်နေတဲ့ လူတစ်ယောက်က ကျွန်တော့်ကို သေချာကြည့်ပြီး ဟေ့ကောင် ကုလား ၊ ဒါမင်းတို့နိုင်ငံမဟုတ်ဘူး၊ ဒီမှာလာပြီး -င်ဂေါင်းကျယ်ပြမနေနဲ့ဆိုပြီး ပြောပါတယ်။ ကျွန်တော်သူ့ကို တခါမှ မမြင်ဖူးပါဘူး။ ဒါကြာခဲ့ပါပြီ။ ၂၀၀၂ ခုနှစ်လောက်က ဖြစ်ခဲ့တာပါ။ အဲလိုအပြောခံရတော့ ကျွန်တော့်ရဲ့ ရပိုင်ခွင့် (rights) ကို ဘယ်သူက အကာအကွယ်ပေးမှာလဲ ဆိုတာ ကျွန်တော်စဉ်းစားခဲ့မိတယ်။ ကျွန်တော်အဖြေမရခဲ့ပါဘူး။ ရပိုင်ခွင့်ဆိုတာ နိုင်ငံသားတစ်ယောက် ရပိုင်ခွင့်ကို ပြောတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲအကြို အင်တာဗျူး

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရွေးကောက်ပွဲအကြိုအင်တာဗျူး ဗွီဒီယိုဖိုင်ကို ကျွန်တော်ကြည့်ဖြစ်ပါတယ်။ အင်တာဗျူး ကျင်းပနေစဉ်အချိန်မှာတော့ ဘီဘီစီရဲ့ ဂျိုနာ ဖစ်ရှာကို တွီတာကနေ follow လုပ်ပြီး တက်လာသမျှ ဖတ်ပါတယ်။ သူကလည်း မေးခွန်း အားလုံးလောက်နီးပါးကို ဆက်တိုက် တင်ပေးနေပါတယ်။

အားရကျေနပ်ပါတယ်။ အထူးသဖြင့်ကတော့ ကျွန်တော်မြင်နေကျ မုသားကင်းပြီး ပင်ကိုယ်စိတ်ရင်းကို အခံထားတဲ့ မျက်နှာပေးတစ်ခုကို ဒီနေ့လည်း ကျွန်တော်ထပ်ပြီး မြင်တွေ့ခဲ့ပါတယ်။

ဒီအင်တာဗျူးမှာ ကျွန်တော်တို့ (အထူးသဖြင့် မွတ်စလင် လူနည်းစု) အတွက် အဖိုးတန်ခဲ့ အာမခံချက်တစ်ခုကို အဲန်အဲလ်ဒီကနေ ပေးလိုက်ပါတယ်။ ဒါကြောင့် ၂၀၁၅ နိုဝင်ဘာ ၅ ၊ အဲန်အဲလ်ဒီရဲ့ ရွေးကောက်ပွဲအကြို အင်တာဗျူးက သမိုင်းဝင်ပါပဲ။



သမိုင်းဝင်ရအောင် ဘယ်လိုအာမခံချက်မျိုးကို အဲန်အဲလ်ဒီက ပေးလိုက်တာပါလဲ။ ဆက်လက်ဖတ်ကြည့်ကြပါ။

ရိုဟင်ဂျာ

ရိုဟင်ဂျာတွေက အရေးတကြီး အကူအညီလိုနေတယ် ၊ ခင်ဗျားရဲ့အစီအစဉ်က ဘယ်လိုလဲဆိုပြီး ဂျာမန်ရေဒီယိုကနေ မေးပါတယ်။ တခါ sky ကလည်း ရခိုင်က ဂျီနိုဆိုက်ဒ်ကို ခင်ဗျား ရှုံ့ချမှာလားဆိုပြီး မေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပြဿနာကို ချဲ့ကားတာမျိုး မလုပ်ဖို့ ပြောပါတယ်။ အဲလိုပြောရမှာ မြန်မာစကားပုံဖြစ်တဲ့ ကြီးတဲ့ပြဿနာငယ်စေ၊ ငယ်တဲ့ပြဿနာပပျောက်စေဆိုတာမျိုးလို ပြဿနာကို ကိုင်တွင်ဖြေရှင်းဖို့ မလွယ်တဲ့အထိ အကျယ်မချဲ့ကြဖို့ သေချာပြောပါတယ်။ အဲဒီအဖြေနဲ့ တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က ကတိပြု ပြောကြားတာက - နိုင်ငံသားတွေအားလုံးအတွက် ထိရောက်တဲ့ ဥပဒေအကာအကွယ်နဲ့ လူအခွင့်အရေးစံချိန် စံညွှန်းတွေလည်း ရှိစေရမယ်လို့ ကတိပြုမှာဖြစ်တဲ့အကြောင်း ပြောခဲ့ပါတယ်။ သို့သော် ဂျိုနာဖစ်ရှာရဲ့ တွီဒ်မှာ အဲဒီကတိပေးပုံမျိုး ထည့်မရေးထားတာကြောင့် မသိခဲ့ရပါဘူး။

အထူးသဖြင့် ကျွန်တော်တို့ သတိပြုရမှာက အဲန်အဲလ်ဒီသည် နိုင်ငံသားတိုင်းအတွက် ထိရောက်တဲ့ ဥပဒေအကာအကွယ်နဲ့ လူ့အခွင့်အရေးစံချိန်တွေ ရစေရမယ်လို့ ကတိပြုတယ်ဆိုတဲ့အချက်ပါပဲ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီလို အထူးကရုစိုက်ဖြေကြားရမယ့် ထိလွယ်ရှလွယ်တဲ့ ကိစ္စတစ်ခုမှာ နုတ်ဆိတ်နေတယ်လို့ ဝေဖန်ခံနေခဲ့ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲလိုပဲ ယူဆခဲ့မိတဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ သို့သော် သူကသာ အလျင်ကတည်းက ဖိနှိပ်ခံ လူနည်းစုအတွက် တခုခု ပြောခဲ့မယ်ဆိုရင်တောင် သူ့စကားက ဘယ်လောက်ထိတာသွာမှာလည်း။ နိုင်ငံတကာမှာတော့ အမြင်လှနိုင်ပေမယ့် ပြည်တွင်းမှာ အဲဒီစကားကို အသုံးတော်ခံပြီး အမြတ်ထုတ်ကြမှာ မလွဲမသွေပါပဲ။ သူစကားကို အာဏာရအစိုးရကလည်း ဘယ်လို သဘောထားမှာမဟုတ်ပါဘူး၊ သူ့စကားကြောင့် အခြေအနေ တိုးတက်လာစရာအကြောင်းလဲမရှိပါဘူး၊ ဘာကြောင့်လဲဆိုတော့ အဲန်အဲလ်ဒီက အာဏာရ ပါတီ မဟုတ်လို့ပါပဲ။

၁၉ ၈၂ နိုင်ငံသားပြုခွင့်ရှိရေး ဥပဒေ

၁၉ ၈၂ နိုင်ငံသားဥပဒေနဲ့ပတ်သတ်ပြီး မေးခွန်းတစ်ခု တက်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဥပဒေကို သူပြဌာန်းတာမဟုတ်တဲ့အကြောင်းနဲ့ ဥပဒေပြုလွှတ်တော်ကသာ ပြဌာန်းတဲ့အကြောင်း ပြောပါတယ်။ တဆက်တည်း အဲန်အဲလ်ဒီအနေနဲ့ အခုအချိန်မှာ အဖြေမပေးနို်င်တဲ့ မေးခွန်းများရှိနေတဲ့အကြောင်း၊ လူထုရဲ့ အားပေးထောက်ခံမှုကို ရပြီး အဲန်အဲလ်ဒီအနိုင်ရရေးက အဓိက ကျကြောင်းဖြင့် ဖြေကြားထားပါတယ်။

ဒီနေရာမှာ အထူးသဖြင့် သတိပြုရမှာက ၁၉ ၈၂ ဥပဒေနဲ့ ပတ်သတ်ပြီး ပြောဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဥပဒေကို ဥပဒေပြုလွှတ်တော်က ပြဌာန်းတယ်ဆိုတာမှာတင် ရပ်မပြစ်ဘဲ နိုဝင်ဘာ ၈ ရက်နေ့ နောက်ပိုင်းထိ စောင့်ကြည့်ပါ။ အဲန်အဲလ်ဒီနိုင်ရင် ဘာလုပ်မလဲဆိုတာ သိရပါလိမ့်မယ်ဆိုပြီး ဖြည့်စွက်ပြောပါတယ်။ ဒါဟာ လိုအပ်လို့ ပြောခြင်းဖြစ်ပါတယ်။ မလိုအပ်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က တိုတောင်းတဲ့အဖြေတွေကို ပြတ်ပြတ်သားသားဖြေသွားတာကို သတိထားကြရမှာ ဖြစ်ပါတယ်။
လှေစီးဒုက္ခသည်များ

boatpeople ခေါ် လှေစီးဒုက္ခသည်တွေနဲ့ စပ်ဆက်ပြီး အမေးရှိတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်တစ်ခုလုံး မူယာမာယာများတဲ့ ဇတ်ထုပ်ကြီးဖြစ်နေတာကို နိုင်ငံတကာက အသိအမှတ်ပြုဖို့လိုကြောင်း၊ မတူညီတဲ့အုပ်စုတွေအကြား အကွဲအပြဲတွေကို ဖန်တီးမယ့်အစား အတူတကွ ပူးပေါင်းနိုင်ဖို့ နိုင်ငံတကာက ကူညီသင့်တဲ့အကြောင်း ပြောပါတယ်။

သတိပြုရမှာက မတူညီတဲ့ အုပ်စုတွေအကြား အတူတကွ ပူးပေါင်းရေးဆိုတဲ့အချက်ပါပဲ။

မြန်မာနိုင်ငံသား မွတ်စလင်များ

နိုင်ငံသား မွတ်စလင်တွေအတွက် အဓိက အာမခံချက်ကတော့ “…proper protection in accordance with the law and in accordance with the norms of the Human rights.” ပါပဲ။ နိုင်ငံသားတိုင်းသည် ဥပဒေရဲ့ အကာအကွယ်ကို စနစ်ကျစွာ ရရှိနိုင်စေရမယ်၊ လူ့အခွင့်အရေး စံတွေအတိုင်းလည်း ဖြစ်စေရမယ်။ ကဲ ၊  ခင်ဗျားတို့ လိုချင်တဲ့ သာတူညီမျှ နိုင်ငံသား အခွင့်အရေး၊ ဒီထက်ဘာကို လိုချင်ပါသေးသလဲ ?
တရားဥပဒေရဲ့အရှေ့မှာ နိုင်ငံသားတိုင်း တန်းတူဖြစ်စေရမယ်လို့ အာမခံနေပါပြီ။

တရားဥပဒေစိုးမိုးရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ နိုင်ငံသားတိုင်း သာတူညီမျှတဲ့ နိုင်ငံသားအခွင့်အရေးဆိုတာ ပါရှိပြီးသားဖြစ်ပါတယ်။ ဒီတော့ အဲန်အဲလ်ဒီရဲ့အာမခံချက်က ကျွန်တော်တို့အတွက် ကျေနပ်စရာ ဟုတ်မဟုတ်ဆိုတာ နဖူးပေါ်လက်တင် စဉ်းစားကြစေလိုပါတယ်။

သို့သော် နိုဝင်ဘာ ၈ မတိုင်ခင်အထိသာ အချိန်ရတော့ပေမယ့် စဉ်းစားဖို့ လိုအပ်လောက်တဲ့ အချိန်ကလည်း အများဆုံး နာရီပိုင်းခန့်ပဲ လိုအပ်ပါတယ်ခင်ဗျား။







Read more ...

Tuesday, January 20, 2015

အစ္စလာမ်နဲ့ ဖရီးစပိချ်ခေါ် လွတ်လပ်စွာ ပြောဆိုုခွင့်

(မိုုးမခ) ဇန်နဝါရီ ၁၉ ၊ ၂၀၁၅

“လွတ်လပ်စွာ ထုုတ်ဖော်ပြောဆိုုခွင့် (Free Speech)” ဆိုုတာ အစ္စလာမ်သာသနာရဲ့ အခြေခံနည်းနာ တစ်ခုုဖြစ်ပါတယ်ဆိုုရင် စာရှုသူအနေနဲ့ အံ့သြမယ်၊ ဒါမှမဟုုတ် ဟုုတ်ရဲ့လားလိုု့ မေးခွန်းထုုတ်မိ မှာ အမှန်ပါပဲ။ ဒါပေမယ့် အစ္စလာမ်သာသနာရဲ့ အစစ်အမှန်သွန်သင်ချက်တွေ အရ Free speech ခေါ် လွတ်လပ်စွာ ပြောဆိုုခွင့်ဟာ အခြေခံလူ့အခွင့်အရေးတစ်ခုုဖြစ် တယ်ဆိုုတာ အမှန်ပါပဲ။

ပြီးခဲ့တဲ့ ရက်ပိုုင်းအတွင်းမှာ ပြင်သစ်နုုိင်ငံထုုတ် Charlie Hebdo မဂ္ဂဇင်းက ကာတွန်းဆရာတွေ အကြမ်းဖက်သတ်ဖြတ် ခံခဲ့ရတယ်၊ ဒါဟာ ၀မ်းနည်းဖွယ် ကိစ္စတစ်ခုုအမှန်ပါ။ ဒါနဲ့ပတ်သတ်ပြီး ဖေ့စ်ဘွတ်ခ် ပေါ်မှာတင်ထားတဲ့ မိတ်ဆွေတစ်ဦးရဲ့ စတေးတပ်ကိုု အောက်ပါအတိုုင်း စိတ်ဝင်စားဖွယ် တွေ့ခဲ့ရပါတယ်။

(http://tinyurl.com/lnk7wyu)

ဒီမိတ်ဆွေတင်ထားတဲ့ စတေးတပ်ထဲက အစ္စလာမ်နဲ့ဆိုုင်တဲ့ စာသားများဟာ တကယ့်ကိုု ၁၀၀ ရာခိုုင်နှုန်း မှန်ကန်နေတဲ့ စာသားတွေပါပဲ။

မိတ်ဆွေ စာရှုသူ ၊ အချိန် ၁၅ မိနစ်လောက်ကိုု ကျိုးနွံစွာ အလှူခံပါရစေ၊ ကျွန်တော် (စာရေးသူ) ရဲ့ အထက်ပါအဆိုု မှန်ကန်ကြောင်း သက်သေပြနိုုင်ပါတယ်။

ဒီနေရာမှာ မေးခွန်းဖြစ်လာနိုုင်ဖွယ်ရှိတဲ့ “မွတ်စလင်တွေရဲ့ တမန်တော်ကိုု လှောင်ထားတဲ့ အဲဒီကာတွန်း တွေက ကျွန်တော့် (စာရေးသူ) ကိုုခံစားချက်တခုုခုု မဖြစ်စေဘူးလား၊ ဥပမာ ဒေါသထွက်တာပဲ ဖြစ်ဖြစ်ပေါ့”။ ဆိုုတာကိုု အလျင် ဖြေကြားပါရစေ။ သာမာန်လူသား တစ်ယောက်ဖြစ်တဲ့ ကျွန်တော်၊ ခံပြင်းဒေါသထွက်မိတာ အမှန်ပါ။ ဒါပေမယ့် ကိုုယ့်တမန်တော်ကိုု လှောင်ပြောင်သရော်လိုု့ ထွက်ရတဲ့ ဒေါသက တစ်ကဏ္ဍဖြစ်ပြီး အဲဒီအပေါ်မှာ အထိန်းအကွပ်မထားဘဲ လူ့အသက်တွေ သွေးချောင်းစီးပစ်တာကတော့ ဦးနှောက်ထဲ ထည့်ပြီး စဉ်းစားဖိုု့တောင် မလျော်ကန် မသင့်မြတ်တဲ့ ကိစ္စရပ်ကြီးပါ။

လွတ်လပ်စွာ ထုုတ်ဖော်ပြောဆိုုခွင့်ကိုု အကာအကွယ်ပေးဖိုု့ ဆိုုတာက တစ်ကဏ္ဍဖြစ်ပြီး  မြင့်မားတဲ့ စိတ်ဓါတ်နဲ့အတူ အသိဉာဏ်အမြော်အမြင်နဲ့ ပြည့်စုုံတဲ့ စကားမျိုး၊ စာအရေးအသား မျိုးတွေ တွင်ကျယ်လာစေဖိုု့  လှံုဆော်ခြင်းက မတူညီတဲ့ ကဏ္ဍနောက်တစ်မျိုး ဖြစ်ပါတယ်။ အဲဒီကဏ္ဍနှစ်ခုုမှာ ကွဲပြားခြားနားချက်တွေ ရှိတယ်ဆိုုတာကိုု အများပြည်သူအကြား သိသာထင်ရှားလာအောင် ပြုလုုပ်ပေးကြဖုုိ့ လိုုအပ်လှပါတယ်။ လွတ်လပ်စွာ ပြောဆိုုခြင်းက အသိပညာအမြော်အမြင်တဲ့ ပြည့်စုံုတဲ့စကားတွေ ဖြစ်နေရမယ်၊ ပရမ်းပတာ ပြောဆိုုတာမျိုး ၊ ပြောဖိုု့အခွင့်ရှိတိုုင်း ဖိုုးပြောချင်၊ မောင်ပြောချင် လုုပ်ရတဲ့ ကိစ္စမျိုး မဟုုတ်ပါ။

“ဘာသာရေး ယုံုကြည်ချက်ကိုုလည်း ဝေဖန်ပြောဆိုုနုုိင်တယ်” ဆိုုတဲ့ အဆိုုကိုုတော့ ဒီကရီအကန့်အသတ်တစ်ခုုအတွင်းမှာသာ သဘောတူလက်ခံထိုုက်ပါတယ်။ ဘာကြောင့်လဲဆိုုတော့ ဘာသာရေးယုံုကြည်ချက်ကိုု ပျက်ရယ်ပြုတယ်၊ လှောင်ပြောင်သရော်တယ် စတဲ့ အမူအကျင့်ကနေ ဘယ်လိုုမျိုး အကျိုးကျေးဇူးကိုု မြော်လင့်နိုုင်ပါသလဲ၊ စဉ်းစားကြည့်ကြပါ။

ဘာသာရေးကိုု လှောင်ပြောင်သရော်ခြင်းက

(က) မိမိနဲ့ အသွင်မတူ ယုံုကြည်ချက်ကွဲနေတဲ့ ဘာသာခြားတစ်ယောက်နဲ့ မိမိအကြား မိတ်ဆွေသင်္ဂဟ ဖြစ်လာဖိုု့  ပေါင်းကူးတံတားတစ်စင်းဖန်တီးပေးနိုုင်ပါသလား

(ခ) ရန်လိုုတတ်တဲ့ သဘောထားရှိသူတစ်ဦးကိုု ပျော့ပြောင်းသွားဖိုု့ လုုပ်နိုုင်ပါသလား

(ဂ) အနာဂတ်ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ လူငယ်ထုုအကြား အဲလိုု သရော်လှောင်ပြောင် တာဟာတော့ဖြင့် ရင့်ကျက်တဲ့လုုပ်ရပ်ကောင်းတစ်ခုလိုု့ သတ်မှတ်လာကြတာမျိုးအထိ အဖြစ်ခံနိုုင်ကြပါသလား။

မိမိနဲ့အသွင်မတူ ယုံုကြည်ချက်ကွဲပြားသူတွေနဲ့ မိတ်ဆွေသင်္ဂဟဖြစ်လာဖိုု့ ၊ ရန်လိုုသူကိုု ပျော့ပြောင်းစေဖိုု့ ၊ ထိပါးလာသူကိုု ရင့်ကျက်စွာတုုန့်ပြန်ဖိုု့ စတာတွေဟာ မြို့ကြီးသားပီသပြီး ယဉ်ကျေးသိမ်မွေ့ ငြိမ်းချမ်းလှပါတယ်ဆိုုတဲ့ လူ့အဖွဲ့အစည်းအတွက် အရေးကြီးလှတဲ့ အချက်တွေပဲ မဟုုတ်ပါလားခင်ဗျာ။

ဒါကြောင့်လည်း အစ္စလာမ် သာသနာဝင်တွေရဲ့ ကျမ်းစာ ကိုုရ်အာန်က ယုံုကြည်သူ မွတ်စလင်တွေကိုု ယဉ်ကျေးသိမ်မွေ့ သဘောထားကြီးသူတွေ ဖြစ်လာစေဖိုု့ နဲ့ လွတ်လပ်စွာ ထုုတ်ဖော်ပြောဆိုုခွင့်ကိုု အသိအမှတ်ပြု လေးစားကြဖိုု့ ပြဌာန်းသွန်သင် ထားပါတယ်။ ကိုုရ်အာန်က တင်ပြတဲ့ လွတ်လပ်စွာ ထုုတ်ဖော်ပြောဆိုုခွင့် (Free speech) က လွတ်လပ်စွာ တွေးတောကြံဆဖိုု့ နှိုးဆော်တုုိက်တွန်းထားပေမယ့် disagreement ဆိုုတဲ့ တစ်ဦးနဲ့ တစ်ဦး အမြင်မတူညီတာကိုု လှောင်ပြောင်စရာမဆိုုထားဘိ လေးစားအသိအမှတ်ပြု ဖိုု့ပါ သွန်သင်ထားပါတယ်။ ဥပမာ ကိုုရ်အာန်ကျမ်း အခန်းနံပါတ် ၆ ၊ မုုက္ခပါတ်အမှတ်စဉ် ၁၀၉ မှာ ဖော်ပြထားတာက

And revile not those whom they call upon beside Allah, lest they, out of spite, revile Allah in their ignorance.

“အလ္လာဟ်အား စွန့်ပယ်၍ ယင်းသူတိုု့ (အစ္စလာမ် ဘာသာဝင် မဟုုတ်သူများကိုု ရည်ညွှန်း) ကိုုးကွယ်ဆည်းကပ်သည့်အရာများကိုု အသင်သည် လှောင်ပြောင်ရှုတ်ချ ဆဲရေးခြင်း မပြုလေနှင့်။…”

ဒါကြောင့် မွတ်စလင်တွေဟာ အခြားဘာသာဝင်တွေ အထွတ်အမြတ်ထား ကိုုးကွယ်ဆည်းကပ်အပ်သည်များကိုု ဆဲရေးပြောင်လှောင်ရှုတ်ချပိုုင်ခွင့် မရှိပါဘူး။ ကိုုရ်အာန်ကျမ်းက အထက်ပါသွန်သင်ချက်မှာတင် ရပ်တန့်မသွားသေးဘဲ သွန်သင်ထားပြန်ပါတယ်။

“…let not a people’s enmity incite you to act otherwise than with justice. Be always just…”

“မည်သည့်လူမျိုးတစ်မျိုးအပေါ်မဆိုု မုုန်းတီးမှုသည် အသင့်အား တရားမျှတမှု မပြုလုုပ်စေရန် လှံု့ဆော်ခြင်း အလျဉ်းမဖြစ်စေလင့်။ (အသင်တိုု့အပေါ် ရန်ညှိုးထား မုုန်းတီးသူများအတွက်ပင် တရားမျှတမှုကိုု ကျင့်သုံုးဆောက်တည်ရန်လိုုအပ်သည်။) အမြဲတစေ တရားမျှတမှုကိုု ကျင့်သုံုးကြကုုန်။ (ကိုုရ်အာန်ကျမ်းစာ အခန်း ၅ ၊ မုုက္ခပါတ်အမှတ်စဉ် ၉ ) ”

ပြင်သစ်မဂ္ဂဇင်း Charlie Hebdo က မိမိတိုု့ မွတ်စလင်တွေလေးစားဂုုဏ်အသရေပေးတဲ့ တမန်တော်ကိုု လှောင်ပြောင်သရော်တာနဲ့ပဲ အဲဒီလိုုလုုပ်ရကောင်းလားဆိုုပြီး အကြမ်းဖက်သတ်ဖြတ်ခြင်းကိုု အပထားဦးတော့၊ တရားမမျှမတ တုုန့်ပြန်ခဲ့မယ်ဆိုု ရင်တောင် ဒါဟာ အစ္စလာမ်မစ်စစ်စစ်တစ်ယောက်ရဲ့ လုုပ်ရပ်မဟုုတ်ပါဘူး။

ယုံုကြည်ကိုုးကွယ်ရာတွေကိုု မစော်ကားဖိုု့ ၊ တရားမျှတစွာ တုုန့်ပြန်ဖိုု့ စတာတွေကိုု အစ္စလာမ်က သွန်သင်ထားတာတော့ ဟုုတ်ပါပြီ၊ သာသနာအပေါ် လွတ်လပ်လပ် ဝေဖန်တာမျိုးကိုုရော အစ္စလာမ်က ဘယ်လိုု တုုန့်ပြန်ခုုိင်းထား ပါသလဲ?

“…when you hear the Signs of God being denied and mocked at, sit not with those who indulge in such talk until they engage in a talk other than that…”

 “အလ္လာဟ်၏ သက်သေလက္ခဏာတော်များအား ငြင်းပယ်လျက် ပြောင်လှောင်ပျက်ရယ်ပြု နေသည်ကိုု ကြားရပါမူ အသင်သည် ဤသိုု့သော အပြုအမူမှ ယင်းတိုု့မရှောင်ကြဉ်လေ သမျှကာလပတ်လုံုး ထိုုသူတိုု့နှင့်အတူ (ရောနှော) ထုုိင်ခြင်း မပြုလေနှင့်။” (ကိုုရ်အာန်ကျမ်းစာ အခန်း ၄ ၊ မုုက္ခပါတ်အမှတ်စဉ် ၁၄၁)

အထက်ပါမုုက္ခပါတ်မှာ ဖော်ပြထားတဲ့အတိုုင်း မွတ်စလင်တွေဟာ သူတိုု့ရဲ့ယုံုကြည်ရာကိုု ပြောင်လှောင်နေတာ တွေ့မြင်ကြားသိရမယ်ဆိုုရင် လျစ်လျူပြု ထွက်ခွာသွားဖိုု့ရာ ဆင့်ဆိုုထားခြင်း ခံရသလိုု ကျူးလွန်စော်ကားသူတွေကသာ သူတိုု့လုုပ်ရပ်ကိုု ရပ်တန့်ခဲ့ရင် တော့ အဆက်အဆံပြန်လည်ထားရှိနိုုင်ပါတယ်။

ပြင်သစ်မဂ္ဂဇင်း Charlie Hebdo ရဲ့ ကာတွန်းတွေကိုု မွတ်စလင်စစ်စစ်တွေက အထက်ဖော်ပြပါအတိုုင်းသာ တုုန့်ပြန်ဖိုု့ အခွင့်ရှိပါတယ်။ ကိုုရ်အာန်ကျမ်းစာ အခန်း ၄  ၊ မုုက္ခပါတ်အမှတ်စဉ် ၁၄၁ ကိုု အဆုံုးအထိ ဖတ်ရှုုလေ့လာမယ်ဆိုုရင် ဘာသာရေးယုံုကြည်ချက်ကိုု လှောင်ပြောင်သရော်သူတွေအတွက် လောကီသား ယုံုကြည်သူတွေက တစုံုတရာအပြစ်ပေးအရေးယူဖိုု့ အခွင့်လိုုင်စင် ပေးထားခြင်းမျိုး မခံရဘဲ အလ္လာဟ် (အစ္စလာမ်ဘာသာဝင်များရဲ့ဘုုရားရှင်)ကသာ တရားစီရင်မယ့် ကမ္ဘာ့နောက်ဆုံုးနေ့မှာ အပြစ်ပေးအရေးယူမယ့်အကြောင်း တွေ့ရှိနိုုင်ပါတယ်။

သာသနာရေးလိုုမျိုး အထိအခိုုက်မခံနိုုင်တဲ့ ကိစ္စရပ်တွေနဲ့ပတ်သတ်ပြီး ဆွေးနွေးငြင်းခုံုတာ မျိုးကိုုရော ဘယ်လိုုမျိုး လွတ်လပ်စွာ ပြောဆိုုဆွေးနွေးဖိုု့ အစ္စလာမ်က တင်ပြထားပါသလဲ။

“Call…with wisdom and goodly exhortation and argue with them in a way that is best.”

“အလ္လာဟ်၏လမ်းတော်သိုု့ ဉာဏ်ပညာအမြော်အမြင်နှင့် ကောင်းမြတ်သော သွန်သင်ဆုံုးမမှုတိုု့ဖြင့် ဖိတ်ခေါ်ပါလေ၊ အကောင်းမြတ်ဆုံုးသော သက်သေသာဓကဖြင့် အခြေအတင် ဆွေးနွေးပါလေ။” (ကိုုရ်အာန်ကျမ်းစာ အခန်း ၁၆ ၊ မုုက္ခပါတ်အမှတ်စဉ် ၁၂၆)

မုုဟမ္မဒ်ရဲ့ ဘဝသက်တမ်းတလျှောက်မှာ လှောင်ပြောင်ပျက်ရယ်ပြုတာတွေကိုု ဒုုနဲ့ဒေး ခံခဲ့ရပေမယ့် လက်တုုန့်ပြန် အပြစ်ပေးခြင်းမျိုး လုံုးဝမရှိခဲ့ပါ။ ဒါပေမယ့် အခုုခေတ် အစ္စလာမ် ဘာသာဝင် မော်လဝီအချို့ကတော့ သာသနာအပေါ် အသရေဖျက်ရင် သေဒဏ်ဆိုုပြီး ဥပဒေ ပြဌာန်းကာ လူတွေကိုု သတ်ဖြတ်နေကြတာကတော့ဖြင့် တကယ်ကိုု ရှုတ်ချဖွယ် စက်ဆုုပ်ရွံ့ရှာ ဖွယ်ရာတွေသာ ဖြစ်ပါတယ်။

ဥပမာ မုုဟမ္မဒ်ရဲ့ ဘဝဖြစ်စဉ်ထဲက အဖြစ်အပျက်တစ်ခုုကိုု တင်ပြရရင်ဖြင့် –

တမန်တော် မုုဟမ္မဒ်က မဒီနာမြို့ကိုု ခိုုလှံုဖိုု့ ရောက်လာတဲ့အခါ အဲဒီမြို့ရဲ့ ခေါင်းဆောင်အဖြစ် လျာထားခံရတဲ့ ယဟူဒီဘာသာဝင် အဗ္ဗဒွလ်လာဘင် အိုုဘိုုင်းခေါင်းဆောင်ပြီး သူ့

ရဲ့အသက်ကိုု ရန်မူဖိုု့ အကြိမ်ကြိမ်ကြိုးစားခဲ့ကြပါတယ်။ တကြိမ်မှာတော့ ယဟူဒီအုုပ်စုု တစ်စုုက မုုဟမ္မဒ်ကိုု “အသင့်အပေါ် မရဏသေခြင်း သက်ရောက်ပါစေ” ဆိုုပြီး မျက်နှာချင်းဆိုုင် တွေ့တဲ့အခိုု်က် ရေရွတ်ပြောဆိုုခဲ့ပါတယ်။ ဒါဟာ မွတ်စလင်တွေ တဦးနဲ့ တဦး မျက်နှာချင်းဆိုုင်တွေ့တဲ့အခါ နုုတ်ခွန်းဆက်တဲ့ အသင့်အပေါ် ငြိမ်းချမ်းခြင်း သက်ရောက်ပါစေ ဆိုုတဲ့ စကားရပ်ကိုု လှောင်ပြောင်ရှုတ်ချပြီး ဆိုုတဲ့အဆိုုတခုုလိုု့ သတ်မှတ်ရမှာဖြစ်သလိုု အခုုခေတ်ဥပဒေတွေအရ အသက်အန္တရာယ် ခြိမ်းခြောက်မှု ဆိုုလည်းရပါတယ်။ အဲဒီလိုု ဆိုုလာတဲ့ ယဟူဒီအုုပ်စုုကိုု ပြင်းထန်စွာ တုုန့်ပြန်ပြောဆိုုခဲ့တဲ့ ဇနီးဖြစ်သူကိုု မုုဟမ္မဒ်က တားမြစ်ဆုံုးမခဲ့ပြီး မဒီနာမြို့ရဲ့ အုုပ်ချုပ်သူဖြစ်နေလင့်ကစား သူတိုု့ကိုု တစုံုတရာ အပြစ်ပေး အရေးယူခဲ့တာမျိုး မရှိခဲ့ပါဘူး။ အဗ္ဗဒွလ်လာဘင် အိုုဘိုုင်း သေဆုံုးတဲ့အခါ အစ္စလာမ်ဘာသာ ၀င်တွေရဲ့ဓလေ့အတိုုင်း အပြစ်လွှတ်ခြင်း အတွက် ၀တ်ပြုရတဲ့ (ဂျနာဇာ) ၀တ်ပြုဆုုတောင်းခြင်းကိုု မုုဟမ္မဒ်ကိုုယ်တိုုင် ဦးဆောင်ဝတ်ပြုပေးခဲ့ပါသေးတယ်။

(http://www.alislam.org/library/books/Life-of-Muhammad.pdf)

အစ္စလာမ်သာသနာထဲက အဖွဲ့အစည်းတစ်ခုုဖြစ်တဲ့ အဟ်မဒီယာမွတ်စလင်အဖွဲ့ကိုု တည်ထောင်ခဲ့သူ မီရ်ဇာ ဂူလာမ်အဟ်မဒ်ဆိုုတဲ့ ပုုဂ္ဂိုလ်က ၁၉ ၀၂ မှာ အစ္စလာမ်ကိုု ဝေဖန်ရင် ၊ လှောင်ပြောင်သရော်ရင် သတ်ပြစ်ရမယ်လိုု့ ဆိုုနေကြတဲ့ အစွန်းရောက် မော်လဝီ ဂျီဟတ်ဝါဒီတွေကိုု ရည်ညွှန်းပြီး ရေးသားတင်ပြခဲ့တာက -

“ဂျီဟတ်ဝါဒီမော်လဝီများအတွက် သင်ခန်းစာတစ်ရပ်ရှိ၏။ စစ်မှန်သောသာသနာဟူသည် သာသနာ့အမွေအနှစ်များ၊ အမြော်အမြင်နှင့်ပြည့်စုံုသည့် ဆွေးနွေးတင်ပြချက်များသည် အသွားထက်သော ဓါးထက်ပုုိ၍ စွမ်းအားရှိသည်ကိုု ဖော်ထုုတ်ပြပေးသည့် သာသနာပင်။ ဓါးလက်နက်ကိုု မှီခိုုနေရသည့် သာသနာမှာ (စစ်မှန်သောသာသနာမမည်ချေ။)” (https://www.alislam.org/jihad/sword.html)

ပဲရစ်မြို့က မဂ္ဂဇင်းတုုိက်ကိုု အကြမ်းဖက်သွေးချောင်းစီးခဲ့သူတွေကိုုးကွယ်တဲ့ သာသနာဟာ လူသတ်လက်နက်တွေအပေါ်မှာသာ တည်မှီထားတယ်ဆိုုတာ ပေါ်လွင်လှပါတယ်။ ဒါပေမယ့် အစ္စလာမ်သာသနာကတော့ ဓါးလက်နက်၊ ဒါမှမဟုုတ် သေနတ် တွေအပေါ် ၊ ဒါမှမဟုုတ် အခြားမည်သည့်အင်အားတစ်စုံုတစ်ရာအပေါ်မှာမှ တည်မှီထားခြင်း မရှိပါ။

လွတ်လပ်စွာပြောဆိုုတင်ပြခြင်းက စွမ်းအားထက်မြက်တဲ့ လက်နက် တန်ဆာ တစ်ခုုဖြစ်ပါတယ်။ လူတွေဟာ (အကြမ်းဖက်မှုကိုု ထောက်ပံ့ပြောဆိုုနေတာမျိုး မဟုုတ်ရင်) သူတိုု့ဆန္ဒအလျောက်ခုုခံချေပပြောဆိုုပိုုင်ခွင့် ရှိပါတယ်။ သိုု့သော် ငါတိုု့က ပြောချင်ရာ ပြောဖိုု့ အခွင့်အရေးရှိတာပဲဆိုုပြီး မတူညီသူများအကြား ပေါင်းကူးဆက်သွယ်ပေးမယ့် ညီညွတ်ရေး တံတားကြီးတွေ ဖြစ်လာမယ့်အရေးကိုု လျစ်လျူပြုမယ်၊ ခက်ထန်သူကိုု မေတ္တာနဲ့ တုုန့်ပြန်မယ့်အစား ခက်ထန်မှုနဲ့သာ တုုန့်ပြန်မယ်၊ ဘာသာရေးကိုု ပျက်ရယ်ပြုတာဟာ တော့ဖြင့် ရင့်ကျက်တဲ့ အချင်းအရာတစ်ခုုလိုု့ လူငယ်တွေ ထင်မှတ်မှားအောင် ပြုမယ်ဆိုုရင်ဖြင့် အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ကိန်းသာ ဆိုုက်ရပါလိမ့်မယ်။

ဒါကြောင့် အစ္စလာမ်က လွတ်လပ်စွာပြောဆိုုရာမှာ သာသနာရေးနဲ့ ပတ်သတ်ပြီး စော်ကားဆဲရေး ပြောင်လှောင်တာတွေမလုုပ်ဖိုု့ နဲ့ လွတ်လပ်စွာ ပြောဆိုုကြ၊ ဤသည်အတွက် အပြစ်တစ်စုံုတစ်ရာ မထိုုက်တန်ရာ၊ သိုု့သော် လူ့စည်းကိုုတော့ဖြင့် စောင့်ထိန်းကြရယ်လိုု့ သတ်မှတ်ပြဌာန်းပေးထားပါကြောင်း တင်ပြလိုုက်ရပါတယ်။

မိုုးမခမီဒီယာမှ ၁၉  ရက် ၊ ဇန်နဝါရီ၊ ၂၀၁၅ နေ့စွဲဖြင့် ဖော်ပြပေးခဲ့သော ဆောင်းပါးဖြစ်ပါသည်။
Read more ...