Wednesday, February 29, 2012

OpenSSH နဲ့ Private/Public Key Share အပိုင်း(၁)

OpenSSH နဲ့ Private/Public Key Share အပိုင်း (၁)

ဒီအကြောင်းအရာကတော့ compute science မှာ အနည်းငယ် technical ဆန်နေတာ ကြောင့်သာမာန်စာဖတ်ပရိသတ်အတွက်တော့ စိတ်ဝင်စားဖို့သိပ်ကောင်းမှာမဟုတ်ပါလို့ စကား ပုလ္လင်ခံလိုက်ပါတယ်။ လုံခြုံမှုရှိတဲ့ channel တစ်ခုကနေ အဖိုးတန် ဒေတာ(Data)တွေကို ဘယ်လို ဘယ်ပုံပို့ဆောင်မလဲ၊ ဒါမှမဟုတ်ဘယ်လိုဘယ်ပုံလက်ခံရယူမလဲဆိုတဲ့ကိစ္စပါ။

ဒီအာတီကယ်လ်ကို ဖတ်နေတဲ့မိတ်ဆွေက secure data channel မှာ ssh ခေါ် Secure Shell ဆိုတာဘာလဲနားလည်ပြီးဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ ssh ဆိုတာ network protocol တစ်ခုပါ။ သူ့ကို secure data communication တွေမှာ သုံးပါတယ်။ မေဂျာဗားရှင်းနှစ်မျိုးရှိပြီး ssh1 နဲ့ ssh2 လို့ခေါ်ကြပါတယ်။ အလုပ်လုပ်ပုံက remote computer တစ်လုံးကို ဝင်ရောက် ဆက်သွယ်နိုင်ဖို့အတွက် public key cryptography ကိုအသုံးပြုပြီး ဆက်သွယ်ခွင့် ပေးပါတယ်။ Private/Public Key Share ကိုလည်း အသုံးပြုနိုင်ပါတယ်။ အခုကျနော်တို့ focus လုပ်မှာက Private/Public Key Share ပုံစံနဲ့ remote computer/server တစ်လုံးကို ဆက်သွယ်ပြီး data အပို့အယူလုပ်မှာပါ။ အသုံးဝင်ပုံကိုတော့ တနေရာရောက်ရင် ဆွေးနွေးကြတာပေါ့။


Cryptography မှာ encrypt / decrypt အယ်လ်ဂိုရစ်သမ်တွေ အများကြီးရှိပါတယ်။ RSA / DSA စသဖြင့်ပေါ့။ ပုံပါအတိုင်းကြည့်မယ်ဆိုရင် လိမ္မော်ရောင်လေးထောင့်အဝန်းထဲက key generation algorithm ဆိုတာ အဲဒီ RSA / DSA တွေထဲက တစ်ခုပေါ့။ အဲဒီ အယ်လ်ဂိုရစ်သမ်တွေထဲကမှ အခုကျနော်တို့သုံးမယ့် အယ်လ်ဂိုရစ်သမ်က RSA ဖြစ်ပါတယ်။ ဒီနေရာမှာ အပိုင်း ၂ ခု ခွဲဖို့ လိုအပ်လာပါတယ်။ ပရိုဂရမ်မာတွေအတွက် open source အကြောင်းမဆွေးနွေးခင် ready made tools လေးတွေသုံးပြီး စမ်းသပ်ကြည့်ဖို့ဖြစ်ပါတယ်။ ဆိုတော့ အပိုင်း (၁) က ready made tools တွေသုံးပြီး ထဲထဲဝင်ဝင်နည်းလည်သွားအောင်လုပ်မယ်။ အပိုင်း (၂) က open source ကိုလေ့လာမယ်။

အပိုင်း(၁) မှာ အသုံးပြုမယ့် ready made tools တွေကို download လုပ်ဖို့ လိုပါတယ်။ ပထမဆုံး server setup အရင်လုပ်ပြီး client/server ပုံစံစမ်းသပ်ကြည့်မယ်။ http://cygwin.com/install.html မှာ cygwin.exe ကို download လုပ်ပါ။ open source ပါပဲ။ linux လည်းပိုင်ရင်တော့ လေ့လာကြည့်နိုင်ပါတယ်။ install လုပ်နည်းကိုတော့ အဆင့်ဆင့်သွားရပါမယ်။ How to install cygwin ဆိုပြီး ဂူးဂဲလ်လိုက်ရင်လည်းရပေမယ့် အဆင်ပြေအောင် screen shot များနဲ့ မြန်မာလိုဖော်ပြပေးလိုက်ပါတယ်။

cygwin ရဲ့တခြား usage တွေအကြောင်းလေ့လာချင်တယ်ဆိုရင်တော့ http://cygwin.com/faq-nochunks.html#faq.what အဲဒီမှာလေ့လာကြပါ။ လောလောဆယ် ကျနော်တို့နဲ့ဆိုင်တဲ့ အကြောင်းကတော့ cygwin ကို openssh/sftp server တစ်ခုအနေနဲ့ အသုံးပြုဖို့ပါ။

၁) install from internet ကိုရွေးပါ။




၂) cygwin ရဲ့ root directory ကိုရွေးပေးပါ။



၃) cygwin ရဲ့ local package directory ကိုရွေးပေးပါ။



၄) download လုပ်မယ့် connection type ကိုရွေးပေးပါ။ Default ကတော့ ဖြစ်ပါတယ်။



၅) download လုပ်မယ့် site ကိုရွေးပေးပါ။


၆) install လုပ်ရမယ့် package  တွေထဲက admin package တစ်ခုလုံးကို တစ်ခုချင်းစီ select မှတ်ပါ။


၇) ဒုတိယ package ကတော့ NET အောက်မှာရှိတဲ့ OpenSSH ဖြစ်ပါတယ်။ OpenSSH နဲ့ OpenSSL ကို select မှတ်ပါ။


 ၈) တတိယ package ကတော့ Edito အောက်က Vim ဖြစ်ပါတယ်။ vim:Vi IMproved - enhanced vi editor ကို select မှတ်ပါ။
၉) ပြီးရင်တော့ next ကိုနှိပ်ပြီး install လုပ်လို့ရပါပြီ။
Read more ...

Thursday, January 12, 2012

You are the star



You give me hope when all around was lost
And I could see no point in trying
For I saw love passing by me
You came into my life, you came into my life

I look around and what I had is gone
Now, I've finally found what I've been missing
The road I travel is so clear
Since you came into my life, you came into my life

And you're the star, the shinin' light
The mornin' dawnin'
When the sun comes up so bright
And the closer I get, yes, it's true

You're the star above the storm
I wanna wrap you in my arms and keep you warm
No, I don't wanna live without you
No, I've never found nothin' like you

You give me faith, the kind I though had gone
Somewhere down the line, I think I've lost it
Now, I've found changes in my heart
Your faith in me is strong, your faith in me is strong

The mornin' dawnin'
When the sun comes up so bright
And the closer I get, yes, it's true

You're the star above the storm
I wanna wrap you in my arms and keep you warm
No, I don't wanna live without you
No, I've never found nothin' like you

You're the star, the shinin' light
The mornin' dawnin'
When the sun comes up so bright
And the closer I get, yes, it's true

You're the star above the storm
I wanna wrap you in my arms and keep you warm
No, I don't wanna live without you
No, I've never found nothin' like you

You're the star, you're the star
You're the star, oh yeah
I've never found nothin' like you
No, I've never found nothin' like you
Read more ...

Wednesday, January 4, 2012

အလင်းများပေးနေသူ

Gift of Sight အမည်ရတဲ့ Humanity First လက်အောက်ခံအဖွဲ့ခွဲမှာဒါရိုက်တာတာဝန်ထမ်း ဆောင်နေတဲ့ အဲဟ်ဆန်းတစ်ယောက် ဂွာတီမာလာကိုဒုတိယအကြိမ်ရောက်ရှိနေပါတယ်။

ဂွာတီမာလာမြို့ထဲကနေနှစ်နာရီခရီးလောက်ရှိတဲ့ ချီချီကတ်စ်တန်နဂိုမှာကမ့်ပ်သွင်းထားပါတယ်။ လုပ်အားပေးအဖွဲ့ကြီးကတော့ ဝေးလံခေါင်းပါးလှတဲ့ရွာတွေက တကူးတကလာကြမယ့် အမြင်အာရုံ ချို့နေတဲ့ လူနာများကိုစောင့်စားလျက်။ 

ဒီနှစ်ထဲမှာတော့အဖွဲ့နဲ့အတူလူဟောင်းဆိုလို့ ၂၀၁၀အဖွဲ့ထဲကသုံးဦးပဲပြန်ပါလာပြီး အားလုံးကလူ သစ်တွေချည့်ပါပဲ။ လူတွေပြောင်းသွားပေမယ့်အဖွဲ့ထဲမှာမပြောင်းလဲတဲ့အရာတစ်ခုရှိနေမြဲပါ။ အဖွဲ့ရဲ့ ရည်ရွယ်ချက်အပေါ်မှာထားရှိတဲ့ခံစားချက်နဲ့  ဂွာတီမာလာကလူသားတွေကိုကူညီလိုက်ရလို့ ရရှိခံစား ရတဲ့ပီတိသောမနဿအဟုန်။

(လုပ်အားပေးတစ်နေရာက ဒေါက်တာအဲဟ်ဆန်း)

ဆေးခန်းနာမည်လေးကို ပရိုရက်တို စလူဒီပတ်ဇ်လို့မှည့်ထားပါတယ်။ မနေ့မနက်က ဒေါက်တာ အဲဟ်ဆန်းတစ်ယောက်ပရိုရက်တိုစလူဒီပတ်ဇ်ကိုသွားတော့စောင့်စားနေတဲ့လူနာတန်းက တော်တော် ရှည်နေပါပြီ။ လူနာတန်းကြီးကိုဖြတ်သန်းနေချိန်မှာ အဲဟ်ဆန်းသတိပြုမိလိုက်တာက အသက်၈၀ ဝန်းကျင်ရှိနေတဲ့ မာရီယာပန်ချယ်ဆီးကွက်ဇ်ဆိုတဲ့ အဘွားအိုကြီးပါ။ သူက ဘ၀လက်တွဲဖော် မီဂွယ် ကိုအဖော်ပြုပြီး ဝေးလံလှတဲ့ရွာကလေးကနေ ဆေးခန်းလာပြတာပါ။ ဂွာတီမာလာ၊ ဟွန်ဒူးရပ်စ်နဲ့ အလ်ဆာဗေဒေါကနေ မက်ဆီကိုအလယ်ပိုင်းထိဒေသများမှာတွေ့ရတဲ့ မက်ဆိုအမေရိကန်နွယ်များ ဝတ်လေ့ရှိတဲ့ မာယန်ဘလောက်စ် ခရမ်းရောင်တောက်တောက်ကို ဝတ်ဆင်ထားပါတယ်။ မာရီယာ ကိုကြည့်ရတာ တော်တော်အားနည်းနေပုံရပြီး ညာဘက်မျက်လုံးထဲက ထူထဲလှတဲ့ အဖြူရောင် တိမ်လုံးကြီးကိုတော့ တော်တော်ဝေးဝေးကပဲမြင်နေရပါတယ်။ သူ့ဘေးက ခင်ပွန်းသည်မီဂွယ် ကတော့ ဆွမ်ဘရာဘိုဦးထုပ်ကြီးဆောင်းထားပြီး နေလောင်ထားတဲ့အသားအရည်က ပါးပြင်ထက်မှာ တော်တော်တွန့်နေပါပြီ။ အပေါ်ပိုင်းမှာတော့ ကြိမ်ဖန်များစွာဝတ်ထားပုံရတဲ့ Boston Celtics (အမေရိကန် NBA အသင်း) ​ချွေးခံအင်္ကျီကြီးဝတ်ဆင်ထားပါတယ်။

မီဂွယ်က ကျွန်တော့်ကိုဆိုက်ကြည့်နေပါတယ်။ သူ့ရဲ့အကြည့်က ခက်ထန်နေပြီး ဘာကိုမှ ဖော်ပြမနေတဲ့အကြည့်မျိုး၊ ကျွန်တော်ကိုယုံကြည်စိတ်ချဖို့ဖြစ်နိုင်မဖြစ်နိုင်ဝေခွဲနေတဲ့ပုံစံမျိုးလား ဒါမှမဟုတ် Lakers (အမေရိကန် NBA အသင်း) ကိုအားပေးတဲ့ ကျွန်တော့်ကို သိများသိနေလို့ Boston Celtics ရဲ့ရန်သူလို့ မြင်နေပြီလား။

မာရီယာကိုကျွန်တော်နုတ်ဆက်လိုက်ပါတယ်။ ဒါပေမယ့် သူမက ကျွန်တော့်ကိုမမြင်ဘူး။ ပါးစပ်က တော့ မာယန်လူမျိုးတွေပြောတဲ့ဘာသာစကားနဲ့ ကျေးဇူးတင်ကြောင်းပြောနေပုံပဲ။ ဘာသာပြန် အကူအညီနဲ့ သူမရဲ့မျက်လုံးထဲက တိမ်ကိုခွဲစိတ်ဖို့လိုတယ်လို့ပြောပြလိုက်တော့ သူမကိုကျွန်တော် သတိထားမိလိုက်တာက တကြိမ်တခါလောက်ပြန်မြင်ပါရစေလို့စကားလုံးမဲ့ တောင်းဆိုနေတဲ့ စိတ်အားထက်သန်လှတဲ့အသွင်အပြင်။ မီဂွယ်ကတော့ ဇနီးသည်အပေါ်ထားရှိတဲ့မေတ္တာကြောင့် မျက်နှာမှာထပ်ဟပ်နေတဲ့ စိတ်လှုပ်ရှားမှု။ မီဂွယ်ရဲ့မျက်နှာကို ကျွန်တော်မေ့ဖို့ကျိုးစားလို့ မရတော့ မှာအမှန်ပါ။

မနှစ်မြို့တဲ့အမူအရာကို ဖော်ထုတ်ပြသနေပေမယ့် မီဂွယ်တစ်ယောက်ဇနီးရဲ့ဘေးမှာ ခွဲစိတ်နေစဉ်တ လျောက်လုံးငြိမ်သက်စွာမတ်တပ်ရပ်နေခဲ့ပါတယ်။

မာရီယာရဲ့ မျက်စိခွဲစိတ်မှုကတော့ ပုံမှန်ထက်တော်တော်ကြာမြင့်ခဲ့သလို ကျွန်တော့်အတွက်လည်း challenge တစ်ခုဖြစ်ခဲ့ပါတယ်။ သို့သော် ကြိုးစားမှုရဲ့ရလဒ်ကို ကျွန်တော်တို့ရလိုက်ပါတယ်။ မာရီယာတစ်ယောက်ညာဘက်မျက်လုံးပေါ်မှာ ပတ်တီးအုပ်ပြီး ဘ၀လက်တွဲဖော်နဲ့အတူ အပြန်ခရီး နှင်သွားခဲ့ပါပြီ။

ဒီမနက်ကျွန်တော်ပရိုရက်တို စလူဒီပတ်ဇ်ကိုရောက်တော့ မာရီယာတို့ရောက်နေကြပါပြီ။ ကျွန်တော် ချက်ချင်းပဲ မာရီယာရဲ့ပတ်တီးဖျည်ဖို့ လှုပ်ရှားလိုက်ပါတယ်။ ပတ်တီးဖျည်ပြီး မာရီယာရဲ့မျက်လုံးကို ဖျည်းဖျည်းခြင်းဖွင့်ခိုင်းလိုက်ပါတယ်။ စာတစ်လုံးချင်းဖတ်ပြနေတဲ့မာရီယာရဲ့ အပြုံးကတော့ ကျွန်တော်တို့အဖွဲ့အတွက်ပီတိများပါ။ သူမရဲ့ လှိုက်လှဲတဲ့ကျေးဇူးတင်စကားကို ကျွန်တော် နမ်းရှုပ် ရင်းကျွန်တော့်အပေါ်ယုံကြည်ခဲ့ပြီးပူးပေါင်းဆောင်ရွက်ခဲ့တဲ့သူမတို့ဇနီးမောင်နှံကိုကျေးဇူးတင်မိပါတယ်။

(ဝဲမှယာ - ဒေါက်တာဩဂတ်စတင်အိုမာ၊ မာရီယာ၊ ဒေါက်တာအဲဟ်ဆန်းနဲ့ မီဂွယ်)

ကျွန်တော့်အတွက်အကောင်းဆုံးကတော့ မီဂွယ်တစ်ယောက် သွားတွေအပြုံလိုက်ပေါ်လာအောင် ပြုံးလိုက်တဲ့အပြုံးပါ။ ဒါပေမယ့် Boston Celtics အင်္ကျီကြီးကို ဝတ်ထားတုန်းပါပဲ။ ယခုတော့ သူ့အတွက်ကျွန်တော်က အလင်းတစ်ခုပေးနိုင်ခဲ့ပြီလေ။

အဲဟ်ဆန်း မဟ်မွဒ် ခန်း (MD)
ဒေါက်တာအဲဟ်ဆန်း၏ Volunteer Insight အား ဆီလျော်သလိုမြန်မာမှုပြုပါသည်။
__________________________________________________________________________________

Humanity First မှာ လူသားအကျိုးပြုလုပ်ငန်းများ အခမဲ့ဆောင်ရွက်နေသော ကမ္ဘာ့အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ အဲဟ်ဆန်းသည် ထိုအဖွဲ့လက်အောက်ရှိ Gift of Sight ပရောဂျက်မှ ဒါရိုက်တာ ဖြစ်ပြီး မိမိဘ၀တစ်လျောက်လုံး လူသားအကျိုးပြုမှုလုပ်ငန်းများအတွက် အခမဲ့ကူညီ ဆောင်ရွက်ရန် သန္နိဌာန်ချထားသည့် MD ဘွဲ့ရ မျက်စိအထူးကု သမားတော်တစ်ဦးဖြစ်ပါသည်။ ၂၀၁၁ တွင် ဂွာတီမာလာမှ ဒုတိယမ္ပိမျက်စိ ကုသပေးရေးလုပ်ငန်းများ အောင်မြင်စွာဆောင် ရွက်နိုင်ခဲ့အပြီး ၂၀၁၂ အတွက်လည်း လူသားအများအား အလင်းအရောင်ရဖို့ ပံ့ပိုးကူညီနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ကနဦးခြေလှမ်းအဖြစ် ရန်ပုံငွေများရရှိဖို့ ဆောင်ရွက်လျက်ရှိရာ ဒေါက်တာအဲဟ်ဆန်းတစ်ယောက် ၂၀၁၂ ဇန်နဝါရီ ၇ တွင် Irvine မြို့တွင်ကျင်းပမည့် Southern California Half Marathon တွင်  Fundraising လုပ်ရန် ဝင်ရောက်ယှဉ်ပြိုင် ပြေးပွဲဝင်ပါတော့မည်။ အဲဟ်ဆန်း အောင်မြင်ပါစေ။ (http://www.firstgiving.com/fundraiser/ahsan-khan/humanity-first-usa-gift-of-sight-program)

 

HF Gift of Sight: Guatemala 2011


Read more ...

ကောင်းကင်ထက်က ဂိုးတစ်ပေါက် - A Goal in the Sky

 
ဒီတစ်ခေါက်တော့  ပါစင်နယ်လတီတွေထဲက ရောဘတ်တိုဘက်ဂီယိုအကြောင်းပြောကြတာပေါ့။ မြန်မာပရိသတ်နဲ့မစိမ်းလှတဲ့ဘက်ဂီယိုကတော့အီတလီလက်ရွေးစင်ဘောလုံးသမားတစ်ယောက်ပါ။ ၁၉၆၇၊ ဖေဖော်ဝါရီ၁၈ မှာမွေးပါတယ်။ သူ့ခေတ်သူ့အခါတုန်းကတော့ အချွန်ဆုံးဘောလုံးသမား တွေထဲကတစ်ယောက်ဖြစ်တဲ့ဘက်ဂီယိုဟာ ဥရောပအကောင်းဆုံးဘောလုံးသမားဆုနဲ့ ၁၉၉၃၊ ကမ္ဘာ့ အကောင်းဆုံးဘောလုံးသမားဆုတွေအပြင် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ၃ ကြိမ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော အီတလီကစားသမားဖြစ်ပါတယ်။ ဒါ့ပြင်အီတလီဘောလုံးလောကရဲ့ ထာ၀ရ ဂိုးသွင်းစံချိန်ရှင် ၅ ဦးထဲက တစ်ဦးလည်းဖြစ်ပါတယ်။

မြန်မာပရိသတ်တွေသူ့ကိုသတိထားမိခြင်းရဲ့အဓိကအကြောင်းကတော့ သူဟာဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လို့ပါပဲ။ ဒီဗိုင်းပိုနီတေးလ်၊ Divine Ponytail လို့လူသိများကြတဲ့ ဘက်ဂီယိုကတော့ အီတလီ စီးရီအေအသင်းတွေဖြစ်ကြတဲ့ အေစီမီလန်၊ အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ ဖီအိုရင်တီးနားစတဲ့ ကလပ်တွေမှာကစားဖူးပြီး သူနောက်ဆုံးကစားခဲ့တဲ့ ကလပ်ကတော့ ဘရက်စီးယားဖြစ်ပါတယ်။

၁၉၉၀ ကမ္ဘာ့ဖလား

၁၉၉၀ ကမ္ဘာ့ဖလားမှာ ဘက်ဂီယိုက အီတလီကိုယ်စားပြုပါဝင်လာပေမယ့် အရန်ကစားသမားအဖြစ် သာ ကစားခွင့်ရခဲ့ပါတယ်။ တောက်မယ့်မီးခဲတရဲရဲ ဘက်ဂီယိုကတော့ ကစားခွင့်ရတဲ့အချိန်တိုင်းမှာ သူ့အရည်အသွေးဘယ်လောက်ရှိသလဲဆိုတာပြသနိုင်ခဲ့ပြီး ချက်ကိုစလိုဗက်ကီးယားဘက် သွင်းယူခဲ့ တဲ့အဆင့်မြင့်ဂိုးကတော့ ၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ Goal of the tournament ဖြစ်ခဲ့ ပါတယ်။ အဲဒီကတည်းက ဘက်ဂီယိုဟာအီတလီအသင်းရဲ့ပင်တိုင်ပယ်နယ်တီကန်သွင်းသူအဖြစ်ထင်ရှားခဲ့ပါ တယ်။


​ကောင်းကင်ထက်က ဂိုးပေါက်တစ်ပေါက် (A Goal in the Sky)



မြန်မာပရိသတ်ရဲ့အသည်းထဲ စွဲနေအောင်ကျန်ရစ်ခဲ့မယ့် ရောဘတ်တိုဘက်ဂီယိုကတော့ ၁၉၉၄ ကမ္ဘာ့ဖလားမှာ အီတလီအသင်းကို တစ်ကိုယ်တည်းဦးဆောင်ကာ ဖိုင်နယ်တက်စေခဲ့ပါတယ်။ မြင်းမြီး ဆံပင်ပုံစံနဲ့ဘက်ဂီယိုကတော့ ၁၉၉၄ကမ္ဘာ့ဖလား၁၆သင်းပတ်လည်ရှုံးထွက်အဆင့်ယှဉ်ပြိုင်ကြတော့ အီတလီအမျိုးသားအသင်း နိုင်ဂျီးရီးယားကို ရေတိမ်နစ်ရှုံးလုဆဲဆဲ ပွဲပြီးခါနီး ၂မိနစ်အလိုမှာ ဂိုးသွင်းယူပြီး အချိန်ပိုကစားဖို့အခွင့်အလမ်းကိုဖန်တီးခဲ့ယုံမကအချိန်ပိုမှာလည်း သူပဲဂိုးထပ်မံသွင်း ယူလိုက်တာကြောင့်အီတလီတို့အောင်ဖျာမလိပ်ဘဲကွာတားဖိုင်နယ်တက်နိုင်ခဲ့ပါတယ်။

ကွာတားမှာတော့ ပွဲပြီးခါနီး ၃ မိနစ်အလိုမှာ စပါးနိယာဒ် ဂလက်ဒီယေတာများ ခေါ် ဥရောပက စပိန်လက်ရွေးစင်တွေကို အသည်းခွဲပြီး အနိုင်ဂိုးသွင်းယူလိုက်တာကလည်း ဘက်ဂီယိုပါပဲ။ ဆီမီးဖိုင်နယ်မှာ ဘူ​ဂေးရီးယားဘက် ၂ ဂိုးသွင်းပြီး အဇူရီတွေအောင်ပွဲခံနိုင်ဖို့ ကြိုးပမ်း ပေးခဲ့တာလည်း ဘက်ဂီယိုပါပဲ။ ဘက်ဂီယိုရဲ့ စွဲမက်ဖွယ်ကစားဟန်၊ သန့်ရှင်းသပ်ရပ်တဲ့ ဘောလုံးကို သာအာရုံစိုက်ကစားတဲ့ကစားဟန်၊ ဦးခေါင်းထက်ကမြင်းမြီးပုံဆံကေသာစတာတွေက ကမ္ဘာ့ ပရိသတ် ကိုသာမကမြန်မာပရိသတ်ကိုပါထွက်သက်ဝင်သက်မမှန်လောက်အောင်ဖမ်းစားသွားခဲ့ပါတော့တယ်။

၁၉၉၄ ဖိုင်နယ်မှာ ဘရာဇီးနဲ့ရင်ဆိုင်အတွေ့ အီတလီဂိုးသမား ဂျီယန်လူကာ ပတ်ဂလူကာရဲ့ ဘရာဇီးတို့ကန်သွင်းလိုက်တဲ့ဘောလုံးဂိုးတိုင်ကိုထိပြီး မိမိလက်ထဲရောက်လာလို့ ဂိုးတိုင်ကို ကိုင်တွယ်နမ်းရှုပ်ခဲ့တဲ့ပုံရိပ်တွေနဲ့အတူ အထင်ရှားဆုံးပုံရိပ်ကတော့ -

ဂိုးမရှိသရေရလဒ်ဖြစ်နေလို့ ဘရာဇီးနဲ့အီတလီတို့ ကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံးပယ်နယ်တီအဆုံး အဖြတ်ခံယူပြီး ချန်ပီယံဆုဖလားကြီးပေးအပ်နှင်းဖို့အခြေအနေဆိုက်ရောက်လာပါတယ်။ အီတလီ အသင်းခေါင်းဆောင် ဖရန်ကိုဘာရီဆီနဲ့ ဒယ်နီရယ်မက်ဆာရိုတို့ ပယ်နယ်တီမဝင်တာကြောင့် အီတလီတို့ခမြာ မျက်နှာငယ်နေရပြီး ဘရာဇီးတို့အခွင့်သာနေချိန်၊ အဇူရီအီတလီတို့အတွက် နောက်ဆုံးသော ကောက်ရိုးမျှင်မြော်လင့်ချက်ဖြစ်တဲ့ ဘက်ဂီယိုကတော့ အီတလီနည်းပြကြီးရဲ့ ယုံကြည်မှုအခံရဆုံးကစားသမားဖြစ်တဲ့အပြင် ပယ်နယ်တီကန်သွင်းရာမှာလည်း ဆရာတစ်ဆူဖြစ်တာ ကြောင့် အီတလီတို့ရဲ့နောက်ဆုံးပယ်နယ်တီကို ကန်သွင်းဖို့ ဘရာဇီးဂိုးသမားကြီး တာဖာရယ်ရှေ့ ရောက်ရှိလာခဲ့ပါတယ်။ ဒီပယ်နယ်တီဝင်မှ အီတလီသားတွေမြော်လင့်ချက်ပြန်လည်ရှင်သန် လာမှာပါ။ သို့သော် ပရိသတ်အချစ်တော်ကြီး ဘက်ဂီယိုကတော့ ဘောလုံးကို ကောင်းကင်ထက်ကို တော်တော်မြင့်တဲ့အထိ အားကုန်ကန်ထုတ်လိုက်တော့တာပါပဲ။ ကမ္ဘာ့ဘောလုံးပရိသတ်တွေသာမက ဘက်ဂီယိုကို ချစ်ကြတဲ့မြန်မာပြည်ကပရိသတ်တွေပါ မျက်ရည်စမ်းစမ်းနဲ့ ကြည့်ခဲ့ရတဲ့ ပွဲတစ်ပွဲပါ။


ဘက်ဂီယိုကတော့ အနားယူပြီးနောက်ပိုင်း ကိုယ်တိုင်ရေးသားထုတ်ဝေခဲ့တဲ့ အထုပတ္တိစာအုပ်ကို "A Goal in the Sky" လို့ သူကိုယ်တိုင်မှည့်ခဲ့ပါတယ်။



၁၉၉၈ ကမ္ဘာ့ဖလား


၁၉၉၈ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ ရှုံးနိမ့်လုဆဲဆဲအီတလီကို ပယ်နယ်တီရအောင်ကူညီပြီး ကိုယ်တိုင် ပယ်နယ်တီသွင်းယူကာ ၂-၂ ရလဒ်ဖန်တီးခဲ့သူကတော့ဘက်ဂီယိုပါပဲ။ အီတလီ ပရိသတ်ကတော့ အဲဒီပင်နယ်တီမကန်မီ ကမ္ဘာ့ရုပ်သံအားလုံးလိုလိုက ထုတ်လွှင့်ပြသခဲ့တဲ့ ၁၉၉၄ ဘရာဇီးဘက်ကို ဘက်ဂီယို၊ ကောင်းကင်ပေါ်ပစ်သွင်းလိုက်အမြောက်ကျည်ဆန်ပမာကန်သွင်းလိုက်တဲ့  ဘောလုံးကို မှတ်မိကြဦးမှာပါ။

ကွာတားဖိုင်နယ်မှာပြင်သစ်ကိုရှုံးပြီးအီတလီတို့အောင်ဖျာလိပ်ခဲ့ပေမယ့်ပြင်သစ်နဲ့ကွာတား ဖိုင်နယ်ပွဲ မှာဘက်ဂီယိုကိုအရန်ကစားသမားအဖြစ်သာသုံးစွဲခဲ့တဲ့နည်းပြကြီးဆီဇာမာလ်ဒီနီကတော့ ဘက်ဂီယို ကိုပွဲအပြီးမှာတောင်းပန်ခဲ့ပါသတဲ့။



၂၀၀၂ ကမ္ဘာ့ဖလား

တောင်ကိုရီးယားတို့ကြောင့် ပြိုင်ပွဲကထွက်ခဲ့ရတဲ့ အဇူရီမင်းသားများအသင်းမှာ နည်းပြကြီးထရာ ပတ်တိုနီက ဘက်ဂီယိုကိုထည့်သွင်းမရွေးချယ်ခဲ့ပေမယ့် ဘက်ဂီယိုကတော့ ပြိုင်ပွဲမတိုင်မီ နည်းပြ ကြီးထံတရားဝင်တောင်းပန်စာရေးပြီး ပြိုင်ပွဲမှာမိမိကိုယ်ရွေးချယ်ဖို့နဲ့အီတလီအမျိုးသားအသင်း အင်္ကျီကို မိမိဘယ်လောက်ထိမြတ်နိုးတန်ဖိုးထားကြောင်းတွေကို ဖော်ပြခဲ့ပါတယ်။ ပြိုင်ပွဲကထွက်ခဲ့ ရတဲ့ အဇူရီနည်းပြကြီးကို ဘက်ဂီယိုပရိသတ်ကြီးက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။



ကမ္ဘာ့ငြိမ်းချမ်းရေးဆုနဲ့ ဘက်ဂီယို

ကစားသမားဘ၀မှာသန့်ရှင်းသပ်ရပ်တဲ့ပါရမီရှင်ကစားသမားအဖြစ်ရပ်တည်ခဲ့တဲ့ ဘက်ဂီယိုကတော့ သူ့ရဲ့လုပ်ဆောင်ချက်တွေကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တွေကိုယ်တိုင်ချီးမြှင့်တဲ့ ကမ္ဘာ့ငြိမ်းချမ်း ရေးဆုကို ၂၀၁၀ နိုဝင်ဘာမှာ ဆွတ်ခူးခဲ့ပါတယ်။

၂၀၁၁ မှာတော့ ဘက်ဂီယိုကြီးတစ်ယောက် ယူအီးအက်ဖ်အေရဲ့ လိုင်စင် အေကိုရရှိခဲ့တာကြောင့် ဘောလုံး နည်းပြလောကထဲဘက်ဂီယိုရောက်လာမလာဆိုတာစောင့်ကြည့်ကြရပါတော့မယ်။ ၁၉၉၄ ကမ္ဘာ့ဖလားမှာ အီတလီတို့ ဘက်ဂီယိုရဲ့ပယ်နယ်တီကြောင့် မြော်လင့်ချက်တွေသဲထဲရေသွန်ဖြစ်ခဲ့ ရပေမယ့် မြန်မာနဲ့ ကမ္ဘာ့ပရိသတ်ကြီးထဲက ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဘက်ဂီယိုကိုမျက် မုန်းကျိုးအပြစ်မဖို့ဘဲ အချစ်မပြယ်ခဲ့ကြတာကြောင့် ဘက်ဂီယိုသာနည်းပြဘ၀နဲ့ ဘောလုံးလောကထဲ ပြန်ရောက်လာခဲ့မယ်ဆိုရင် ...........
Read more ...

Tuesday, January 3, 2012

အတိုခြုံး လင့်ခ်များ လုံခြုံမှုရှိမရှိ ကလစ်မနှိပ်ခင် စစ်ဆေးကြဖို့

အရင်ကတော့ အင်တာနက်လုံခြုံရေးကျွမ်းကျင်သူတွေက ယူအာရ်အာလ်တစ်ခုကို ကာဆာ(cursor) လေးထောက်လိုက်လို့ပေါ်လာတဲ့ ယူအာရ်အာလ် (url description) အပြည့်အစုံကိုဖတ်ပြီး ဒီယူအာရ် အာလ်ကတော့ဖြင့် ဗိုင်းရပ်စ်တွေ၊ မလိုလားအပ်တဲ့နှောက်ယှက်မှုတွေမပါဘူး၊ ပါတယ်စသဖြင့် ဆုံးဖြတ်ကြပါတယ်။

- ပေးထားတဲ့ ဝက်ဘ်ဆိုဒ်လင့်ခ် ဒါမှမဟုတ် အီးမေးလ်လင့်ခ်များကို ကာဆာ(cursor) ကလေး ထောက်လိုက်ပါ။

- ပေါ်လာတဲ့ description ၊ ဖော်ပြချက်စာတန်းမှာပါတဲ့ စကားလုံးများက ခုနမြင်နေရတဲ့ ဝက်ဘ်ဆိုဒ်လိပ်စာ ဒါမှမဟုတ် အီးမေးလ်လိပ်စာအတိုင်းမဟုတ်ဘူးဆိုရင်တော့ သေချာပါပြီ၊ ဒါက အင်တာနက်ပေါ်က scam တစ်ခုပါပဲ။

ဒါပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး အင်တာနက်ယူစာတွေက ပိုပြီးတော့ ကြည့်ကောင်းတဲ့ Shortened URL တွေသုံးလာကြပါတယ်၊ အိုင်တီနယ်ပယ်ကလူတွေကတော့ URL Shortening လို့ ခေါ်ကြတာပေါ့။ Twitter ပေါ်မှာ လူသုံးများတာပါ။ Twitter ကလည်း စာလုံးရေကို ၁၄၀ လောက်ကန့်သတ်ထားတော့ Shortened URL သုံးဖို့လိုအပ်လာတာပေါ့။ ဆိုရှယ်မီဒီယာတွေမှာ အတွေ့များနေရတဲ့ Shortened URL တွေက http://bit.ly/rBRzcZ, http://on.fb.me/sLYsWh. အဲလိုပုံစံမျိုးလေးတွေပါ။

ပြဿနာက အဲဒီလိုShortened URLတွေသုံးထားရင် အသုံးပြုသူအနေနဲ့ကိုယ်ကလစ်နှိပ်မယ့် လင့်ခ်က လုံခြုံမှုရှိလား၊ မရှိဘူးလားသေချာမဆုံးဖြတ်နိုင်တော့ဘူးလို့ Cisco 2009 အစီရင်ခံစာက ဆိုပါတယ်။ ဆိုက်ဘာရာဇဝတ်ကောင်တွေက ဒါကိုပိုင်ပိုင်နိုင်နိုင်အသုံးချလာကြတော့တာပါပဲ။ ဒီပြဿနာက အင်တာနက်သုံးစွဲသူတွေတင်မက စီးပွားရေးလုပ်ငန်းတွေနဲ့ ကုမ္ပဏီတွေကိုပါ ရိုက်ခတ်ပါတော့တယ်။

ကျေးဇူးတင်စရာကောင်းတာက Shortened URL လုပ်နိုင်ဖို့ service ပေးတဲ့ဆိုဒ်တွေ၊ ဘရောက်ဆာ(browsers)တွေနဲ့ အင်တာနက်လုံခြုံရေးကုမ္ပဏီတွေက အင်တာနက်အသုံးပြုတွေ အနေနဲ့ သူတို့နှိပ်မယ့်လင့်ခ်ဟာလုံခြုံမှုရှိ၊ မရှိအချိန်တိုအတွင်းဆုံးဖြတ်နိုင်ဖို့ ကောင်းမွန်တဲ့ နည်းလမ်းအမြောက်အမြားထုတ်ပေးပြီး Shortened URL ပြဿနာကို ရှင်းထုတ်ပြစ်လိုက်တာပါပဲ။

အောက်ကပုံလေးများကို လေ့လာပါ။

လုံလုံခြုံခြုံကလစ်နှိပ်နိုင်ကြမယ့် ပတ်ဝန်းကျင်ဆီသို့

၁. ကိုယ်နှိပ်မယ့် လင့်ခ်က http://bit.ly/rBRzcZ  ဆိုတဲ့ bitly.com Shortened URL Service Provider ကိုသုံးထားရင် ပေါ်နေတဲ့လင့်ခ်နောက်မှာ အပေါင်းလက္ခဏာလေးရိုက်ပြီး browse လုပ်ကြည့်လိုက်ပါ။ ဥပမာ - http://bit.ly/rBRzcZ   လို့ပေါ်နေရင်   http://bit.ly/rBRzcZ မှာ ပေါင်းလက္ခဏာ (+) ရိုက်ထည့်ပြီး http://bit.ly/rBRzcZ+ browse လုပ်ကြည့်လိုက်ရင် ကလစ်နှိပ်လို့ ရောက်သွားမယ့် ဝက်ဘ်ဆိုဒ်ရဲ့လိပ်စာကို အတိအကျမြင်နိုင်ပါပြီ။


၂. ကိုယ်နှိပ်မယ့် လင့်ခ်က TinyURL ဆိုတဲ့ tinyrul.com Shortened URL Service Provider ကိုသုံးထားရင် ပေါ်နေတဲ့လင့်ခ်ရဲ့ အရှေ့မှာ preview ဆိုတာလေးထည့်ပြီး browse လုပ်ကြည့်လိုက်ပါ။ ဥပမာ - http://tinyurl.com/chnq77c ကိုကြည့်ချင်ရင် http://preview.tinyurl.com/chnq77c လို့ပြောင်းပြီး browse လုပ်ကြည့်လိုက်ပေါ့။ ဒါဆို ကလစ်နှိပ်လို့ ရောက်သွားမယ့် ဝက်ဘ်ဆိုဒ်ရဲ့လိပ်စာကို အတိအကျမြင်နိုင်ပါပြီ။ 

၃. ကိုယ်နှိပ်မယ့် လင့်ခ်က is.gd ဆိုတဲ့ is.gd Shortened URL Service Provider ကိုသုံးထားရင် ပေါ်နေတဲ့လင့်ခ်ရဲ့ အနောက်မှာ ( - ) ဆိုတာလေးထည့်ပြီး browse လုပ်ကြည့်လိုက်ပါ။ ဥပမာ - http://is.gd/dc2Qlq ကိုကြည့်ချင်ရင်http://is.gd/dc2Qlq- လို့ပြောင်းပြီး browse လုပ်ကြည့် လိုက်ပေါ့။ ဒါဆို ကလစ်နှိပ်လို့ ရောက်သွားမယ့် ဝက်ဘ်ဆိုဒ်ရဲ့လိပ်စာကို အတိအကျမြင်နိုင်ပါပြီ။ 

၄. ကိုယ့်စက်ထဲမှာ ယုံကြည်စိတ်ချရတဲ့အင်တာနက်လုံခြုံရေးစနစ်ထည့်သွင်းထားရင်လည်း အဲဒီ စနစ်ကယူအာရ်အလ်တွေလုံခြုံမှုရှိမရှိ စစ်ဆေးပေးနိုင်ပါတယ်။

၅. အန်တီဗိုင်းရပ်စ်ဆော့ဖ်ဝဲကိုလည်း မှန်မှန် update လုပ်ပေးထားရပါမယ်။

၆. ဖေ့စ်ဘွတ်ပေါ်မှာ လင့်ခ်တစ်ခုခုတင်ချင်ရင်တော့ အရင်ဆုံးလင့်ခ်ကို ကော်ပီပေ့စ်ထ်လုပ်ပြီးတာနဲ့ post button မနှိပ်ခင် ပေါ်လာမယ့် preview လေးကိုစောင့်ကြည့်ပါ။

၇. Firefox Add-on တစ်ခုဖြစ်တဲ့ Greasemonkey's နဲ့ အခြား browser scripts တွေက အတိုခြုံးယူအာရ်အာလ်တွေအမှန်ယူအာရ်အာလ်အဖြစ် မြင်ရဖို့အထောက်အကူပြုပါတယ်။ ဒါကြောင့် Greasemonkey's ကို install လုပ်ထားဖို့လည်း လိုအပ်ပါတယ်။

"Is that Shortened Link" Safe by GoSafeOnline. အား မြန်မာမှုပြုပါသည်။
 
Read more ...

Wednesday, November 30, 2011

ပုရွက်ဆိတ်အခြေခံ လုံခြုံရေးစနစ်


ကွန်ပျူတာနက်ဝေါ့ခ်ကွန်ယက်တွေဆီ တရားမဝင်ထိုးဖောက်ဝင်ရောက်သူတွေအန္တရာယ်ကို ကာကွယ်ဖို့ စစ်ဆင်ရေးကတော့ အဆုံးရှိမယ်မဟုတ်ပါ။ ဘဘာ၀ရဲ့ အဖန်းဆင်ခံတွေထဲက စစ်ဆင်ရေးစိတ်ဓာတ်မြင့်လှတဲ့ ပုရွက်ဆိတ်တွေကို ဥပမာထားပြီး ဗိုင်းရက်စ်တိုက်ဖျက်ရေးဆော့ဖ်ဝဲတစ်ခု ဖန်တီးလိုက်ပါပြီ။

နေ့စဉ်သုံး ကွန်ပျူတာလုံခြုံရေးပစ္စည်းကိရိယာများကတော့ တစ်နေရာထဲမှာပဲနေပြီး ဝင်ရောက်လာမယ့် အနှောင့်အယှက်တွေကို ဖမ်းဆီးပေးပါတယ်။ ယခု ပုရွက်ဆိတ်အခြေခံ လုံခြုံရေးစနစ်ကတော့ အဲဒီလိုမဟုတ်ပါဘူး။ 

ဒစ်ဂျစ်တယ်လ်ပုရွက်ဆိတ်များဟာ တစ်နေရာထဲမှာ အငြိမ်နေနေမှာ မဟုတ်ပဲ ကွန်ပျူတာကွန်ယက်စနစ်ကြီးတစ်ခုလုံးကို ပတ်လည်နှံ့ အောင် လည်ပတ်ပြီး “computer worms” လို့ခေါ်တဲ့ အရေးကြီး သတင်းအချက်အလက်များခိုးယူမယ့် ပရိုဂရမ် သို့မဟုတ် မိမိ ကွန်ပျူတာကို တရားမဝင်သုံးစွဲနိုင်မယ့် နည်းစနစ်တွေကို ရှာဖွေမှာ ဖြစ်ပါတယ်။ ရှာဖွေတွေ့ရှိပြီဆိုတာနဲ့ ဒစ်ဂျစ်တယ်လ်ပုရွက်ဆိတ်က တခြားပုရွက်ဆိတ်တပ်သားတွေအားလုံး ပြဿနာဖြစ်ပွားနေတဲ့ နေရာဆီ ချက်ချင်းရောက်လာစေဖို့ ဆောင်ရွက်တော့မှာဖြစ်ပါတယ်။ အဲဒီလိုပုရွက်ဆိတ်တပ်သားတွေကို အခင်းဖြစ်ပွားတဲ့နေရာဆီ အမြန် ဆွဲဆောင်ပေးယုံတင်မက ကွန်ပျူတာသုံးစွဲသူကိုလည်း ချက်ချင်းစုံစမ်းစစ်ဆေးနိုင်အောင် သတိပေး နှိုးဆော်ပါတော့တယ်။ 

ဒီဒစ်ဂျစ်တယ်လ်ပုရွက်ဆိတ်သုံး လုံခြုံရေးစနစ်ကိုတော့ “swarm intelligence” ၊ စုံစမ်းထောက်လှမ်းရေး အင်းဆက်တပ်မဟာလို့ အမည်ပေးထားပါတယ်။ ကွန်ပျူတာကွန်ယက်စနစ်လုံခြုံရေးမှာ ဆရာတစ်ဆူလည်းဖြစ်၊ ကွန်ပျူတာသိပ္ပံပရောဖက်ဆာလည်းဖြစ်တဲ့ အာရင်ဖဲလ်ပ်က သဘာ၀မှာ ပုရွက်ဆိတ်တွေဟာ ခြိမ်းခြောက်လာတဲ့ရန်သူကို အလွန်အောင်မြင်စွာတားဆီးနိုင်တယ်ဆိုတာ ကျွန်တော်တို့သိထားပါတယ်၊ သူတို့တွေဟာ ကာကွယ်ရေးအတွက် အလျင်အမြန်စုစည်းနိုင်ကြသလို တရားမဝင်ချဉ်းနင်းလာတဲ့သူကိုတားဆီးပြီးတာနဲ့ ပြုပြင်မွမ်းမံရေးတွေကိုလည်း ချက်ချင်းဆောင်ရွက်ကြပါတယ်။ ကျွန်တော်တို့ကလည်း ကွန်ပျူတာစနစ်လုံခြုံရေးအတွက်အဲဒီအတိုင်းလိုက်ပြီး ဆောင်ရွက်ဖို့ ကြိုးစားနေတာပါလို့ ပြောပါတယ်။ 

Pacific Northwest National Laboratory (PNNL) ရဲ့ ပညာရှင်တစ်ဦးဖြစ်တဲ့ ဂလန်းဖင့်ခ်က ပုရွက်ဆိတ်တပ်မဟာစနစ်ကို parallel processing ခေါ် ကွန်ပျူတာအချက်အလက်များကို အုပ်စုလိုက်ခွဲခြားပြီး အန္တရာယ်ဝင်ရောက်နေမှုရှိမရှိ စစ်ဆေးမှုပေါ်အခြေခံကာ ဆိုင်ဘာလုံခြုံရေးစနစ်သစ်ကို တီထွင်ကြံဆနေပါတယ်။


"ကျွန်တော်တို့ရဲ့ အကြံကတော့ ဒစ်ဂျစ်တယ်လ်ပုရွက်ဆိတ် ၃၀၀၀ လောက်ကို ကွန်ယက်ထဲဖြန့်ကျက်ပြီး အန္တရာယ်ရှိမရှိစုံစမ်းခိုင်းမှာဖြစ်ပါတယ်၊ သူတို့တွေ ကွန်ယက်ထဲလှည့်ပတ်နေရင်းနဲ့ မသင်္ကာဖွယ်တစ်ခုခုတွေ့ရှိပြီဆိုတာနဲ့ ဒီဒစ်ဂျစ်တယ်လ်ပုရွက်ဆိတ်တွေဟာ တကယ့်ပုရွက်ဆိတ်တွေလုပ်လေ့ရှိတဲ့အတိုင်း တခြားနေရာက ပုရွက်ဆိတ်တွေ အန္တရာယ်ဇုန်ကို ရောက်လာနိုင်ဖို့အတွက် အနံ့အသက်တစ်ခုခုဖြစ်အောင် ဖန်တီးဆောင်ရွက်သလိုမျိုး ဆောင်ရွက်မှာပါ။ ဒစ်ဂျစ်တယ်လ်ပုရွက်ဆိတ်တစ်ကောင်ဟာ အန္တရာယ်တစ်ခုကို တွေ့ပြီဆိုရင် အနံ့ခပ်ပြင်းပြင်းတစ်ခုချန်ခဲ့ဖို့ ဖန်တီးထားပါတယ်။ ပိုပီးအနံ့ပြင်းလေလေ ပုရွက်ဆိတ်ခပ်များများကို ဆွဲဆောင်နိုင်လေလေဖြစ်ပြီး အဆုံးမှတော့ swarm ခေါ်ပုရွက်ဆိတ်အုံ့ကြီးဖြစ်ကာ ကွန်ပျူတာခံစားနေရတဲ့ ရောဂါကိုကုစားပေးပါတယ်" လို့ အာရင်ဖဲလ်ပ်က ဆိုပါတယ်။

ဒီနှစ်နွေမှာတော့ အာရင်ဖဲလ်ပ်က ကွန်ပျူတာကွန်ယက်ထဲ ဗိုင်းရပ်စ်ထည့်ပြီး ပုရွက်ဆိတ်တပ်မဟာစနစ်နဲ့ စုံစမ်းထောက်လှမ်းရာမှာ အောင်မြင်မှုရခဲ့တာကြောင့် PNNL အနေနဲ့ သုတေသနလုပ်ငန်းကို ဆက်လက်လုပ်ဆောင်သွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကွန်ပျူတာသုံးစွဲသူများအတွက်ကတော့ “swarm intelligence” ၊ စုံစမ်းထောက်လှမ်းရေး အင်းဆက်တပ်မဟာက မိမိတို့စက်ထဲမှာနေရာအတည်တကျယူပြီး နေထိုင်ဆောင်ရွက်ကြမှာလားဆိုတဲ့ စိုးရိမ်မှုမျိုး ရှိစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ “swarm intelligence” က sentinels လို့ခေါ်တဲ့ ဆော့ဖ်ဝဲတစ်မျိုးမှာ တွဲပါလာမှာဖြစ်ပြီး အဲဒီဆော့ဖ်ဝဲကိုပဲ ကွန်ယက်ပေါ်မှာရှိနေတဲ့ ကွန်ပျူတာတစ်လုံးချင်းစီအလိုက် ထည့်သွင်းထားရုံပါပဲ။ အဲဒီဆော့ဖ်ဝဲကနေတဆင့် တပ်မမှူး၊ ဆာဂျင်ဖြစ်တဲ့ ကွန်ပျူတာသုံးစွဲသူထံ ဗိုင်းယက်စ်များသတင်းကို ပေးပို့ပေးမှာဖြစ်ပါတယ်။

Science Daily မှ Ants Vs. Worms: New Computer Security Mimics Nature ကို မြန်မာမှုပြုပါသည်။
Read more ...

Monday, November 28, 2011

ကွယ်ပျောက်သွားနေကြတဲ့ ဘာသာစကားများ

ရက်သတ္တနှစ်ပတ်မှာတစ်ကြိမ်ကျ ဘာသာစကားတစ်ခုနိထိတံနေပါတယ်။ သက္ကရာဇ်၂၁၀၀မှာဆိုရင် တော့ကမ္ဘာ့ဘာသာစကားပေါင်း၇၀၀၀ထဲက တစ်ဝက်လောက်ဟာပျောက်ကွယ်သွားဖို့ရှိနေပြီး အဲဒီ ဘာသာစကားတွေထဲက အများစုကြီးကိုမှတ်တမ်းတစ်စုံတစ်ရာတောင်ပြုလုပ်ထားခြင်းမရှိနိုင်သေးပါ။ ဘာသာစကားတွေနဲ့အတူ သမိုင်း၊ ယဉ်ကျေးမှု၊ သဘာ၀ပတ်ဝန်းကျင်နဲ့ လူသားဦးနှောက်စတာတွေရဲ့ ကြွယ်၀တဲ့ဗဟုသုတကို တွေ့ရှိကြရပါတယ်။

နေရှင်နယ်ဂျီယိုဂရပ်ဖစ်ကတော့ Living Tongues Institute for Endangered Languages နဲ့ပူးပေါင်းပြီး Enduring Voices Project အားဖြင့် ပျောက်ကွယ်ဖို့အန္တရာယ်ရှိနေတဲ့ ဘာသာစကား များကိုထိန်းသိမ်းပေးနေပါတယ်။ အဲဒီလိုထိန်းသိမ်းတဲ့နေရာမှာ ပထမဦးဆုံး ဘာသာစကားများရဲ့ အရင်းအမြစ်ကျတဲ့ဒေသန္တရများကိုသတ်မှတ်ရပါတယ်။ အဲဒီဒေသများကတော့ကျွန်တော်တို့ ကမ္ဘာပေါ်ကတကယ့်ကိုအထီးတည်းဖြစ်နေပြီး လူသိနည်းလှတဲ့ဒေသတွေ၊ မူလအရင်းအမြစ် ကျတဲ့ ဘာသာ စကားများကိုပြောဆိုနေကျတဲ့နေရာတွေစသဖြင့်ပါဝင်ပြီး ဘာသာစကားတွေနဲ့ အတူယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေကိုပါ မှတ်တမ်းပြုစုကြရပါတယ်။


ဘာကြောင့်အရေးကြီးသလဲ

ဘာသာစကားက သူ့ကိုပြောဆိုသုံးစွဲကြတဲ့လူတန်းစားနဲ့ သူ့ကိုပြောခြင်းကြောင့်ဘယ်လိုအခွင့်အရေး မျိုးကိုရရှိစေနိုင်မလဲစတဲ့ နည်းနာများကတစ်ဆင့် ယဉ်ကျေးမှုကိုပြဌာန်းပါတယ်။ စကားလုံးတွေက ယဉ်ကျေးမှုနဲ့အတွေးအခေါ်အယူအဆကို ပြဌာန်းတာ ကြောင့် ဘာသာစကားတစ်ခုရဲ့စကားလုံးများကို အခြားဘာသာစကားတစ်ခုနဲ့ အစားထိုးပြန်ဆိုနိုင်မယ်ဆိုရင်တောင် မူရင်းဘာသာ စကားအတိုင်းတော့အဓိပ္ပါယ်ခံစားရရှိစေနိုင်မယ်မဟုတ်ပါ။

ပျောက်ကွယ်ဖို့အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ ဘာသာစကားတွေထဲက အများစုကြီးထဲမှာတော့ ရိုးရာ ပုံပြင်တွေ၊ သီချင်းတွေနဲ့ မျိုးဆက်အလိုက်လက်ဆင့်ကမ်းလာတဲ့ သမိုင်းကြောင်းတွေပါဝင်ပြီး အဲဒါတွေကနေတဆင့် အာဝဇ္ဇာန်းယဉ်ကျေးမှုဆိုတဲ့ စကားပြောယဉ်ကျေးမှုကြီးများကို တွေ့ရမှာ ဖြစ်ပေမယ့် အဲဒီယဉ်ကျေးမှုများကိုတော့စာတစ်စောင်ပေတစ်ဖွဲ့ မှတ်တမ်း တင်ထားတာမျိုး ရှိမှာ မဟုတ်ပါ။ ဒါကြောင့်ဘာသာစကားတစ်ခုကွယ်ပြီဆိုတာနဲ့ ယဉ်ကျေးမှုကြီးတစ်ခုလုံးဆုံးရှုံးရမှာ ဖြစ်ပါတယ်။

သဘာ၀အရင်းအမြစ်တွေနဲ့ပတ်သတ်ပြီး လူတွေမှာရှိကြတဲ့အသိတွေထဲကအများစုကိုတော့စကား ပြောအားဖြင့်သာလျှင် ထိန်းသိမ်းထားကြတာဖြစ်ပါတယ်။ လူသားအရင်းအမြစ်မျိုးနွယ်တွေဟာ နှစ်ထောင်ပေါင်းများစွာမှာ မိမိတို့နေထိုင်ရာကုန်းမြေတွေ၊ သစ်ပင်တွေ၊ တိရစ္ဆာန်တွေနဲ့ ဂေဟစနစ် တွေကို ထဲထဲဝင်ဝင်နက်နက်ရှိုင်းရှိုင်းဆက်နွယ်ပတ်သတ်ခဲ့ကြပေမယ့် ပတ်သတ်မှု ကြောင့်ရရှိလာ တဲ့အသိပညာရပ်တွေကိုသိပ္ပံကတောင်တစ်စုံတစ်ရာမှတ်တမ်းတင်နိုင်ခြင်းမရှိ သေးတာမျိုး အများ ကြီးရှိ နေဆဲဖြစ်ပါတယ်။ ဒါကြောင့်မူလဘူတကျတဲ့ဘာသာစကားများ လေ့လာ ခြင်းကတော့သဘာ၀ ပတ်ဝန်းကျင်ကို နားလည်သဘော ပေါက်မှုနဲ့ ဘာသာစကား တာရှည်ခံနိုင်မှု တွေအတွက် အကျိုး ဖြစ်ထွန်းစေမှာပါ။

ဘာသာစကားအမျိုးမျိုးကိုလေ့လာခြင်းအားဖြင့် လူတွေဟာသူတို့အချင်းချင်းဘယ်လို ဆက်သွယ် ကြတယ်၊ ဗဟုသုတများကိုဘယ်လို သိုမှီးကြတယ်ဆိုတာတွေကိုပါ နားလည်နိုင်လာမှာဖြစ်ပါတယ်။ ဘာသာစကားတစ်ခု သေဆုံးသွားခြင်းကတော့ ကျွန်တော်တို့ ဦးနှောက်က ဘာတွေလုပ်နိုင်သလဲ ဆိုတဲ့ ပုံရိပ်ကားချပ်ကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဆုံးရှုံးသွားတာနဲ့ တူတူပါပဲ။

ဘာသာစကားများ ပျောက်ကွယ်နေမှုပြ မြေပုံ


ဘာသာစကားတွေဘာကြောင့် နိထိတံနေကြတာလဲ

လူ့သမိုင်းကြောင်းအရ အင်အားကြီးမျိုးနွယ်စုများပြောဆိုတဲ့ ဘာသာစကားတစ်ခုပျံ့နှံ့လာပြီဆိုရင် အင်အားနည်းမျိုးနွယ်စုများရဲ့ ဘာသာစကားကတော့ အလိုလိုနေရင်းပျောက်ကွယ်သွားကြတာကို တွေ့ရပါတယ်။ ရုံးသုံးဘာသာ စကားဆိုတဲ့ နိုင်ငံအများစု မှာကျင့်သုံးတဲ့ပေါ်လစီကြောင့်လည်း လူနည်းစုပြောတဲ့ ဘာသာစကားတွေပျောက်ကွယ်တတ်ပါတယ်။ တော်ဝင်ဘာသာ စကားတစ်ခု ပြောဆိုနိုင်ခြင်းက မိမိရဲ့ဂုဏ်အဆင့်အတန်းပါမြင့်တတ်စေပါလားဆိုတဲ့ ဆွဲဆောင်မှုကြီးကြောင့် လည်းဖြစ်တတ် ပါတယ်။ ဒီဖြစ်စဉ်က ဥပမာတစ်ခုကိုထင်သာမြင်သာအောင်ရှင်းလင်းပြသနေပါ တယ်၊ ဘိုလီးဗီးယားဆိုတဲ့နိုင်ငံ ငယ်ကလေးဟာ ဥရောပတစ်တိုက်လုံးမှာပြောဆိုသုံးစွဲနေတဲ့ ဘာသာစကားအရည်အတွက်ထက် များပြားတဲ့ဘာသာစကား များကိုပိုင်ဆိုင်ထား ပါတယ်။ ကြီးမားတဲ့ နိုင်ငံများနဲ့ တောင်ဝင်စွမ်းအားစတဲ့ ရှည်လျားလှတဲ့သမိုင်းကြောင်း ရှိတဲ့ ဥရောပတိုက် ကတော့ ဘာသာစကားအရည်အတွက် နည်းပါးနေပါတယ်။

အရှိန်အဝါကြီးလှတဲ့ ဘာသာစကားတွေပျံ့နှံ့လာရင် ရပ်ရွာဒေသသုံးဘာသာစကားသေးသေးလေး တွေပြောဆိုကြတဲ့မိသားစုဖွား ကလေးများသည်ပင်လျှင်မိမိတို့ကိုလွှမ်းမိုးနိုင်တဲ့ ဘာသာစကားများ ဘက်အာရုံရောက်ပြီးအဲဒီဘာသာစကားတွေကို သင်ယူကြပါတယ်။ ဒါကလည်းကလေးများက မိမိတို့ဘိုးစဉ်ဘောင်ဆက်ပြောဆိုလာတဲ့ ဘာသာစကားများကိုဘယ်လိုသဘောထား သလဲဆိုတဲ့ အပေါ်မှာလဲမူတည်ပါတယ်။ ကလေးများကဘိုးစဉ်ဘောင်ဆက်ဘာသာစကားကိုအထင်သေး အမြင်သေးပြီးမသင်ယူ တော့ဘူးဆိုရင်တော့သူတို့တွေဟာဘိုးဘွားမိဘတွေရဲ့နေ့စဉ်သုံး ဘာသာ စကားကိုမေ့သွားကြမှာဖြစ်ပြီး အဆုံးမှာတော့ ဘာသာစကားတစ်ခုနိထိတံရပါတယ်။ ဒါမျိုးဖြစ်စဉ် က လူ့သမိုင်းကြောင်းမှာ ဖြစ်ပျက်နေခဲ့၊ နေဆဲပါ။ သို့ပေမယ့် လွန်ခဲ့တဲ့နှစ် များအလျင်ကစပြီး ဘာသာစကားများကွယ်ပျောက်မှုနှုံးဟာသိသိသာသာကြီးအရှိန်ပြင်းမြင့်တက်လာတာကို တွေ့ရှိရ ပါတယ်။



+ အရှေ့တောင်အာရှက ပျောက်ကွယ်လုဖြစ်နေတဲ့ ဘာသာစကားများ 



Credit goes to National Geographic - Enduring Voices Image is also the courtesy of nationalgeographic.com
Read more ...