ဟိုမိုအီရက်တပ် (Homo erectus) လို့ခေါ်တဲ့ မျိုးစိတ်တစ်ခုဟာ ဒီကမ္ဘာပေါ်ကနေ ကွယ်ပျောက် သွားတာကြာပါပြီ။ ဟိုမိုအီရက်တပ်မျိုးစိတ်က ချင်ပန်ဇီးမျောက်ဝံတွေ၊ ဂေါ်ဇီလာတွေနဲ့ အော်ရန်ဂူ တန်ခေါ် အာရှမှာတွေ့ရတဲ့ မျောက်ငယ်ကလေးများ စတာတွေရဲ့မျိုးစိတ်ဖြစ်တဲ့ ဟာမစ်နီဒီမျိုးစိတ်ထဲ က တစ်မျိုးပါ။ တနည်းပြောရရင်တော့ တိရစ္ဆာန်မျောက်မျိုးနွယ်တွေရဲ့ အရင်းအမြစ်မျိုးစိတ်ပေါ့။
အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်တဲ့ စူးစမ်းလေ့လာမှုအပြီးမှာတော့ သုတေသီတွေက လက်ရှိခေတ်ပေါ် မော်ဒန်လူသားမျိုးစိတ်တွေဟာ ဟိုမိုအီရက်တပ်မျိုးစိတ်နဲ့ အတူတကွတည်ရှိခဲ့ဖူးခြင်းမရှိလို့ ဆိုကြပါ တယ်။
အရင်က ထင်မြင်ယူဆထားတဲ့ အချက်အလက်များနဲ့ကွဲပြားတဲ့ အမြင်တစ်ရပ်ကို သုတေသန စစ်တမ်းက ဖော်ထုတ်ခဲ့တာပါ။ ဟိုမိုအီရက်တပ်မျိုးစိတ်ရဲ့ လူသားပြောင်းလဲဖြစ်ပေါ်ခြင်းဆိုင်ရာ သဘောသဘာ၀မှာ ပါဝင်ပတ်သတ်နေတဲ့ ကွဲပြားတဲ့အခန်းကဏ္ဍတစ်ခုကို ဖော်ထုတ်ပြခဲ့တယ် လို့ဆိုရမှာပါ။
အဲဒီသုတေသနကိုတော့ အပြည်ပြည်ဆိုင်ရာ သိပ္ပံပညာရှင်များအစုအဖွဲ့တစ်ခုဖြစ်တဲ့ ဆိုလိုရိဗ္ဗာ တာရေ့စ် ပရောဂျက်(Solo River Terrace (SoRT) Project) က ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီအဖွဲ့ကိုတော့ အင်ဒိုနီးရှားနိုင်ငံ၊ ဂတ်ဂျာမာဒါတက္ကသိုလ်(Gadjah Mada University) ရဲ့ မနုဿ ဗေဒဆိုင်ရာ လေ့လာသူ (anthropologists) ၊ အက္တီ အင်ဒြီယာတီ(Etty Indriati) နဲ့ နယူးယောက် တက္ကသိုလ်(New York University) မှ ဆူစန်အန်တန်(Susan Anton) တို့ ဦးဆောင်တာဖြစ်ပါ တယ်။
ဟိုမိုအီရက်တပ်မျိုးစိတ်ကိုတော့ လူသားမျိုးဆက်တွေ ဖြစ်တည်ရာ မျိုးစိတ်အနေနဲ့ ကျယ်ကျယ် ပြန့် ပြန့် အတည်ပြုစဉ်းစားကြပါတယ်။ အဲဒီမျိုးစိတ်ကလည်း လက်ရှိကမ္ဘာပေါ်က သက်ရှိလူသား များနဲ့ ရှုထောင့်တော်တော်များများမှာ တူညီမှုရှိနေပါတယ်။ ကွဲပြားတာက သူ့ရဲ့ ဦးနှောက်က လူ့ဦးနှောက် ထက်သေးနေပြီး ဦးခေါင်းခွံပုံသဏ္ဌာန်မတူညီခြင်းတို့ဖြစ်ပါတယ်။
ဟိုမိုအီရက်တပ်မျိုးစိတ်ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁.၈ မီလီယံလောက်က အာဖရိကအပြင်ဘက်ကို ပထမဆုံးပြောင်းရွှေ့ထွက်ခွာလာတဲ့ မျိုးစိတ်ဖြစ်တယ်လို့ ဆိုပါတယ်။
ဟိုမိုအီရက်တပ်မျိုးစိတ်က လွန်ခဲ့တဲ့ နှစ် ၅ သိန်းလောက်က အာဖရိကနဲ့ အာရှတိုက်နေရာ တော်တော်များများမှာ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါပေမယ့်လွန်ခဲ့တဲ့ နှစ်သုံးသောင်းငါးထောင် ကနေ ငါးသောင်းကာလများအထိ အင်ဒိုနီးရှားကျွန်း၊ ဆိုလိုမြစ်အနီးက ဂန်ဒေါင်းရွာ(Ngandong) အနီးအပါးမှာ ကျန်ရှိနေခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို ပျောက်ကွယ်ဖို့ နှေးကွေးခဲ့တဲ့ အင်ဒိုမြေက ဟိုမိုအီရက်တပ်မျိုးစိတ်ဟာ ကျွန်တော်တို့ လူသားများရဲ့ ကိုယ်ပိုင်မျိုးစိတ်ဖြစ်တဲ့ ဟိုမိုဆေးပီးယန်းမျိုးစိတ်(Homo sapiens) တွေနဲ့ ပတ်ဝန်း ကျင်နယ်ပယ် ဒေသကို မျှဝေနေထိုင်ခဲ့တယ်လို့ ထင်ရပါတယ်။ ဟိုမိုဆေးပီးယန်းမျိုးစိတ်တွေ ကတော့ အင်ဒိုနီးရှား ကို လွန်ခဲ့တဲ့နှစ် ၄ သောင်းကျော်လောက်က ရောက်ရှိလာခဲ့တာပါ။
လက်ရှိမော်ဒန်လူသားများရဲ့ ပကတိပုံစံများအတွက် ဒီမျိုးစိတ်နှစ်ခု တချိန်တည်းမှာ ပြိုင်တူတည်ရှိ နေခဲ့ခြင်းက အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အာဖရိကမျိုးစိတ်တွေထဲက ခွဲထွက်တဲ့မျိုးစိတ်တစ်ခု သို့မဟုတ် အခြားမျိုးစိတ်တစ်ခုရဲ့ ပကတိစံပုံစံက ဟိုမိုအီရက်တပ်မျိုးစိတ်နဲ့ ဟိုမိုဆေးပီးယန်းမျိုးစိတ်တို့အကြား ဘုံတူညီမှုကို ဖော်ထုတ်ပေးပါတယ်။
ဒါပေမယ့် ဟိုမိုအီရက်တပ်မျိုးစိတ်တွေက အင်ဒိုနီးရှားဒေသများမှာ လက်ရှိမော်ဒန်လူသားမျိုးစိတ် များ မရောက်ခင် ပျောက်ကွယ်ပြီးဖြစ်တယ်ဆိုတာကို SoRT ပရောဂျက်က ပြသနေပါတယ်။ ဟိုမိုအီရက်တပ်မျိုးစိတ်များဟာ လွန်ခဲ့တဲ့နှစ် အနည်းဆုံးတစ်သိန်းလေးသောင်းသုံးထောင် သို့မဟုတ် နှစ်ငါးသိန်းငါးသောင်းအလျင်ကတည်းက ပျောက်ကွယ်ပြီးဖြစ်တယ်လို့ သုတေသန မှတ်တမ်းက ဖော်ပြပါတယ်။ ဒါကတော့ ဟိုမိုအီရက်တပ်မျိုးစိတ်များဟာ ဟိုမိုဆေးပီးယန်းမျိုးစိတ် တွေ ရောက်မလာခင် နှစ်များစွာကတည်းက ပျောက်ကွယ်ပြီးနေပြီလို့ ဆိုလိုရင်းပါ။
ဒါကြောင့် သုတေသနလုပ်ခဲ့တဲ့ အင်ဒြီယာတီက ဟိုမိုအီရက်တပ်မျိုးစိတ်က လက်ရှိမော်ဒန်လူသား မျိုးစိတ်တွေနဲ့ သန္ဓေသဘောတရားများသာမက ပတ်ဝန်းကျင်နေထိုင်မှုသဘောတွေမှာပါ ပတ်သတ် စပ်ယှက်ခြင်းမရှိနိုင်ဘူးလို့ ဆိုပါတယ်။
ဒီသုတေသနကိုတော့ PLoS One ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
Amtul Q Farhat ၏ Modern humans never shared habitats with Homo erectus အားဆီလျော်သလို မြန်မာပြန်ပါသည်။
No comments:
Post a Comment