Tuesday, July 19, 2011

သငယ်တန်း ကျောင်းသားကြီး


ကင်ညာအစိုးရရဲ့ အခမဲ့ပညာရေး အစီအစဉ်အသစ်။ ရလဒ်ကတော့ ဝေးလံပြီး သေးငယ်လှတဲ့ ကင်ညာခြုံပုတ်ထဲက တောင်ပေါ် မူလတန်းကျောင်းကလေးပါ။ ကလေးတွေကတော့ ဒီအခွင့်အရေး ထဲကို အတင်းတိုးဝင်လာကြပါတယ်။

တိုးဝင်လာကြတဲ့သူတွေအထဲက တစ်ယောက်............

သူတံခါးကိုခေါက်လိုက်တဲ့အချိန်မှာ အားလုံးမင်သက်သွားခဲ့ကြတာပေါ့။ သူ့နာမည်က မာရု။ အသက် ၈၀ ကျော် အဘိုးအို၊ ဇာတိက မောင်မောင်လို့ ခေါ်တဲ့ဒေသ။ သူ့ဘ၀ရဲ့ အိုဟောင်းလွန်း လှတဲ့ အချိန်မှာ ဖတ်တတ်ဖို့၊ သင်ယူလေ့လာဖို့ သစ်လွင်နုပြိုဆုံးအဖြစ် ရှိနေဆဲ။

ဒီလိုစာသင်ခန်းရဲ့တံခါး၀ကို သူလွယ်လွယ်ကလေးရောက်ခဲ့တာတော့မဟုတ်ပါ။ အချိန်ကာလရှည်က ပင် သူအပါအဝင် သက်ကျားအိုတွေကို ပညာသင်ခွင့် ငြင်းဆန်တဲ့ သူ့နိုင်ငံအစိုးရရဲ့ ဥပဒေကို တိုက်ခိုက်ရင်ဆိုင်ခဲ့ပြီးပြီ။ အခုတော့ ၆ နှစ်အရွယ် ကလေးငယ်ကလေးရဲ့ဘေးမှာ ထိုင်ပြီး သင်ယူလေ့လာဖို့အတွက် အခွင့်အရေးတစ်ခု ခံစားနိုင်ခဲ့ပြီ။

သူရဲ့ ခံစားချက်ပြင်းလှတဲ့ သံန္နိဌာန်၊ ဂျိန်းအိုဘိချုလို့ခေါ်တဲ့ ကျောင်းအုပ်ြကီးရဲ့ ဖေးမမှု စတာတွေက ကျောင်းဝင်ခွင့်ရဖို့အတွက် ရုန်းကန်ခဲ့ရတဲ့ တိုက်ပွဲမှ ထောက်တိုင်တွေ။ သူ့ကို ကလေးမိဘတွေ ၊ အာဏာပိုင်တွေက ဒီလိုတန်ဖိုးကြီးလွန်းလှတဲ့တောကျောင်း ကလေးမှာ သက်ကျားကြီးအတွက် တစ်နေရာစာပေးရင် ဒို့ကလေးတွေ အခွင့်အရေးရှုံးရချည့်ရဲ့ဆိုတဲ့ အတွေးတွေနဲ့ အလွန် ခက်ထန်စွာ ဆန့်ကျင်ခဲ့ကြတယ်။ ဒီလောက်အသက်ကြီးနေတဲ့လူကို တစ်နေရာပေးလိုက်မယ်ဆိုရင်တော့ wastage ပဲလို့ သူတို့ ထင်မြင်နေကြတယ်။

ခု သူ့အကြောင်းက ပိတ်ကားထက်မှာ ရောက်နေပါပြီ။ ခွန်အားတွေအပြည့်ကိုသာမက ရယ်စရာ ကောင်းတဲ့ မာရုနဲ့ သူ့ထက် အသက် ၈၀ ငယ်နေတဲ့ စာသင်ခန်းဖော်ကျောင်းသားကလေးများကို ရှုစားနိုင်ကြမှာပါ။ မာရုခရီးစဉ်အကြောင်း တင်ပြထားရင်း ဘယ်သူမှ ကျယ်ကျယ်ပြန့်ပြန့် မပြောကြတော့တဲ့ နှစ် ၅၀ လောက်ဗြိတိသျှကိုလိုနီဖြစ်ခဲ့တဲ့ ကင်ညာနိုင်ငံကလေးအကြောင်း၊ သူ့နိုင်ငံလွတ်လပ်ဖို့ မာရုဆိုတာ တပ်မတော်ထဲက လွတ်လပ်ရေးတိုက်ပွဲတပ်သားတစ်ဦး၊ ရလဒ်က ဗြိတိသျှတွေရဲ့ ဖမ်းဆီးထိန်းသိမ်း ရေးစခန်းမှာ ခက်ထန်ကြမ်းတမ်းလှတဲ့ ဘ၀။

The First Grader, 'သငယ်တန်း ကျောင်းသားကြီး'  ဆိုတဲ့ ရုပ်ရှင်ကတော့ ရင်ခုန်ဖွယ်၊ စိတ်ဝင်စားဖွယ် ဖြစ်ရပ်မှန်ဇတ်လမ်းလေးပါ။ လူတစ်ယောက်က သူ့ယုံကြည်ချက်၊ သူ့ရပိုင်ခွင့် အတွက် တိုက်ပွဲဝင်ပြီး အတိတ်က ဝန်ထုပ်ဝန်ပိုးတွေကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့ပါ တယ်။ ရလဒ် ကတော့ ကင်ညာနိုင်ငံ ပညာရေးစနစ်မှာ ဥပဒေအသစ်ပြဠာန်းလိုက်ရတဲ့ အောင်မြင်မှု .......

သရုပ်ဆောင်များကတော့ မာရုအဖြစ် Oliver Litondo နဲ့ ကျောင်းအုပ်ကြီးအဖြစ် Naomi Harris တို့ပါ။ ကျောင်းသားကလေးများအဖြစ် ရုပ်ရှင်ရိုက်ဖူးဖို့မဆိုထားဘိ တီဗွီတစ်စုံကိုတောင် မမြင်ဘူးရှာတဲ့ အာဖရိက ကျေးတောသားကလေးများ။



(nationalgeographic မှ official video တစ်ခု http://movies.nationalgeographic.com/movies/the-first-grader/story/)




No comments:

Post a Comment