Friday, September 16, 2011

ပထမဆုံးသိပ္ပံနိုဘယ်ဆုရ မွတ်စ်လင်မ်သိပ္ပံပညာရှင် အဗ္ဗဒွတ်စ်ဆလာမ်

မိုးကုပ်စက်ဝိုင်းကို မြော်ကြည့်လိုက်ပါ။ ကျုပ်တို့ပါကစ္စတန်မှာ ဆလာမ်နောက်တစ်ယောက် ပေါ်လာ ဖို့ဆိုတာ မြူမှုန်လောက်ရှိတဲ့အရိပ်အယောင်တောင် မတွေ့ရတော့ပါ။ (ယူအက်စ်အေ အခြေစိုက် ပါကစ္စတန်လင့်ခ်သတင်းစာ၊ ၁၉၉၆ ခုနှစ်)
 

မွေး - ၁၉၂၆ ဇန်နဝါရီလ ၂၉ ရက်
မွေးဖွားရာနေရာ - ပါကစ္စတန်နိုင်ငံ၊ ဂျန်းဒေသ
ကွန်လွန် - ၁၉၉၆ နိုဝင်ဘာလ ၂၁ရက်
လူသိများရခြင်းအကြောင်းရင်း - အီလက်ထရိုဝီက်သီအိုရီ(electro weak theory)၊ အိုင်းစတိုင်း-ဝိုင်းဘာဂ်-ဆလာမ် သီအိုရီ(Einstein-Weinberg-Salam Theory) များအပါအဝင် အခြားသော ရူပဗေဒသီအိုရီပိုင်းဆိုင်ရာ လေ့လာတွှေ့ရှိမှုများ၊ အီတလီနိုင်ငံ ထရစ္စတီးမြို့ရှိ တတိယကမ္ဘာ့နိုင်ငံ များအတွက် ရူပဗေဒစင်တာကို စတင်တည်ထောင်သူ၊ ပါကစ္စတန် နိုင်ငံ၏ နူးကလီးယားဖခင်ကြီး။

ပါကစ္စတန်နိုင်ငံသား နူးကလီးယားဆိုင်ရာ ရူပဗေဒပညာရှင်တစ်ဦးဖြစ်သည့် အဗ္ဗဒွတ်စ်ဆလာမ် သည် ၁၉၇၉ တွင် စတီဗင်ဝိုင်းဘာဂ်နှင့် ရှယ်လ်ဒန်လဲဂလက်စဂိုတို့နှင့်အတူ “အီလက်ထရိုဝီက် သီအိုရီ” ကို လေ့လာတွေ့ရှိမှုအတွက် နိုဘယ်ဆုချီးမြှင့်ခံခဲ့ရသည်။ ထိုသီအိုရီက အီလက်ထရိုမဂ်နီ တစင်မ်ခေါ် လျှပ်စစ်သံလိုက်စက်ကွင်းများနှင့် အင်အားနည်းနူးကလီးယားစွမ်းအင် တို့ပူးပေါင်းခြင်း သဘောတရားကို ရှင်းပြသည်။ 

ပရောဖက်ဆာဒေါက်တာအဗ္ဗဒွတ်စ်ဆလာမ်၏ စီဗွီအပြည့်အစုံကို နေရာတွင် ကြည့်နိုင်ပါသည်။


ဆလာမ်သည် လာဟိုရ်မြို့ အစိုးရကောလိပ်တွင် ပညာသင်ကြားခဲ့ပြီး ၁၉၅၂ခုနှစ်၌ ကိန်းဘရစ်ဂ်ျ တက္ကသိုလ်မှ သီအိုရီပိုင်းဆိုင်ရာ ရူပဗေဒဘာသာရပ်ဖြင့် ပီအိပ်ခ်ျဒီဘွဲ့ ရရှိသည်။

၁၉၅၁-၅၄ ခုနှစ်များအတွင်း မွေးရပ်မြေ၌ သင်္ချာပါမောက္ခတာဝန်ကို ထမ်းရွက်ခဲ့ပြီး အင်္ဂလန်သို့ပြန် ကာ ကိန်းဘရဂျစ်တွင်ပင် သင်္ချာကထိကတာဝန်ကို ထမ်းဆောင်သည်။

၁၉၅၇ တွင် ယနေ့ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်ကြီးများထဲတွင် နံပါတ် ၅ နေရာလိုက်သည့် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တော်ဝင်ကောလိပ်(Imperial College of Science and Technology, London)တွင် သီအိုရီပိုင်းဆိုင်ရာ ရူပဗေဒပါမောက္ခာတဝန်ကို ထမ်းဆောင်သည်။ (ရည်ညွှန်း - http://www.usnews.com/sections/education/worlds-best-universities)

၁၉၆၄ တွင် အီတလီနိုင်ငံ၊ ထရစ္စတီးမြို့၌ နိုင်ငံတကာ သီအိုရီပိုင်းနှင့်ဆိုင်သော ရူပဗေဒ စင်တာတည်ထောင်ရာ founder တစ်ဦးအနေဖြင့်ပါဝင်ခဲ့ပြီး ထိုစင်တာက တတိယ ကမ္ဘာ့နိုင်ငံများရှိ ရူပဗေဒပညာရှင်များအား ကူညီထောက်ပံ့ရန် ရည်ရွယ်သည်။ ဆလာမ်သည် မိမိ ကွယ်လွန်ချိန်အထိ ထိုစင်တာ၏ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ 

၁၉၆၀ ပြည့်လွန်နှစ်များတွင် ဆလာမ်သည် လန်ဒန်မြို့တော်ဝင်ကောလိပ်တွင်ပင် မိမိအား နိုဘယ်ဆု ရရှိစေမည့် သုတေသနလုပ်ငန်းကို တစိုက်မတ်မတ်လုပ်ကိုင်နေခဲ့သည်။

သူ၏ရူပဗေဒနိယာမရှင်းလင်းတင်ပြချက်သည်လျှပ်စစ်သံလိုက်အင်အား (electromagnetic forces) များနှင့် အင်အားနည်း နူးကလီးယားအင်အား(weak nuclear forces) တို့အကြား အခြေခံ စပ်ဆက်တည်ရှိနေမှုကို ဖော်ပြသည်။

ဘို့စ် - အိုင်းစတိုင်းနိယာမ (Bose-Einstein Statistics) ဆိုသည်မှာ ပိုမိုကြီးမားသည့် particle အစိတ်အပိုင်းတစ်ခုမှ ခွဲထွက်လာပြီး သုည၊ တစ်နှစ်၊ သုံး စသည်….. အစဉ်အတိုင်း လည်ပတ်နေသော particle အစိတ်အပိုင်းသေးလေးများဖြစ်နေခြင်းကို ဘိုဆန် ၊ Bosons ဟုခေါ်သည်။

Bosons များထဲမှ အင်အားနည်း ဗက်တာ Bosons များကို w-z bosons များဟုခေါ်သည်။ ထို w-z bosons များ၏အင်အားကြောင့် အင်အားနည်း နူးကလီးယား(weak nuclear forces)တို့ ထုတ်လွှတ်(transmit) ခြင်းခံရကြောင်းကို ဆလာမ်က ဖော်ထုတ်ခဲ့သည်။ 

ဝိုင်းဘာဂ်နှင့် ဂလက်စဂိုတို့ကလည်း ထိုဖော်ပြချက်အတိုင်း ဖော်ပြနိုင်ကြပြီး အကြောင်းအကျိုး တင်ပြရာ၌မူ ဆလာမ်၏တင်ပြချက်နှင့် ကွဲပြားလေသည်။ w-z bosons များတည်ရှိခြင်းကို ၁၉၈၃ တွင် ရှာဖွေတွေ့ရှိခဲ့လေသည်။ (ရည်ညွှန်း - http://www.britannica.com/EBchecked/topic/518872/Abdus-Salam# )

ဆလာမ်၏ လေ့လာတွေ့ရှိချက်များသည် ပါကစ္စတန်နိုင်ငံအတွက် အဆုံးစွန်သော အောင်မြင်မှုကို ဖြစ်ပေါ်စေသည်သာမက ပါကစ္စတန်နိုင်ငံ၏ နူးကလီးယားဆိုင်ရာ လေ့လာတွေ့ရှိမှုများ၊ အာကာသဆိုင်ရာလေ့လာတွေ့ရှိမှုများအတွက် ထူးကဲသာလွန်သည့် စွမ်းဆောင်မှုတစ်ခုကို ဖြစ်ပေါ်စေလေသည်။ (ရည်ညွှန်း - http://en.wikipedia.org/wiki/Abdus_Salam#Legacy )

ဆလာမ်သည် ပါကစ္စတန်နိုင်ငံအတွက် အာကာသအစီအစဉ်တစ်ခုစတင်ရန် အကြံပြုခဲ့ပြီး ပါကစ္စတန်နိုင်ငံ၊ အာကာသအစီအစဉ်(space programme)၏ ပထမဆုံးဥက္ကဠအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။

"The Holy Quran enjoins us to reflect on the verities of Allah's created laws of nature; however, that our generation has been privileged to glimpse a part of His design is a bounty and a grace for which I render thanks with a humble heart." (Professor Dr. Abdus Salam of Pakistan)
 
“ကျမ်းမြတ်ကုရ်အာန်က အလ္လာဟ်အရှင်မြတ်ရဲ့ ဖန်ဆင်းခြင်းနိယာမဥပဒေအမျိုးမျိုးအပြားပြားကို ခံစားသိမြင်လာစေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မျိုးဆက်တွေက အလ္လာဟ်အရှင်ရဲ့ ဖန်ဆင်းခြင်း ပုံစံထဲက လျှပ်တပြက်လောက်စာကလေးကို သိနားလည်ခွင့်ဆိုတဲ့ ဆုလာဘ်ကောင်းချီး ချီးမြှင့် ပေးသနားခံရပါတယ်။ အဲဒီအတွက် ကျွန်တော်အနေနဲ့ အရှင်မြတ်အား နှိမ်ချသောနှလုံးသားဖြင့် ကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုပါတယ်။” (http://nobelprize.org/nobel_prizes/physics/laureates/1979/salam-bio.html ၏ ဆလာမ်အထုပတ္တိဖော်ပြချက်မှ)


(ဘာသာရေးယုံကြည်ချက်ကြောင့် အမိမြေ၏မသိကျေးကျွန်ပြုခံထားရလင့်ကစား အမိမြေအား ကိုယ်စားပြုတက်ရောက်ခဲ့သောနိုဘယ်ဆုပေးပွဲတွင်အမျိုးသားဝတ်စုံဆင်မြန်းထားသည့်အဟ်မဒီယာ မွတ်စ်လင်မ်အဖွဲ့ဝင် ပရောဖက်ဆာဒေါက်တာအဗ္ဗဒွတ်စ်ဆလာမ်)

ပါကစ္စတန်နိုင်ငံအနေဖြင့် နူးကလီးယားနည်းပညာပိုင်းအတွက် မည်မျှအရေးကြီးနေသည်ကို ဆလာမ်ကသိရှိခဲ့သည်။ ဆလာမ်သည် ပါကစ္စတန်နူးကလီးယားအစီအစဉ်၌ အချက်အချာကျသည့် ပုံရိပ်တစ်ခုအဖြစ်လည်း ကြွင်းကျန်နေရစ်ပေသည်။

ပါကစ္စတန်နိုင်ငံတွင် နူးကလီးယားတက္ကသိုလ်တစ်ခုတည်ထောင်ရန် ဆလာမ်အားတာဝန်ပေး အပ်ခြင်းခံခဲ့ရသည်။ ၁၉၇၂ တွင် ပါကစ္စတန်အစိုးရက အိန္ဒိယ၏ နူးကလီးယားအစီအစဉ်ကို လေ့လာမိရာမှ ပါကစ္စတန်ဝန်ကြီးချုပ် အလီဘူတိုသည် နူးကလီးယားနည်းပညာဆိုင်ရာ သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများပါဝင်သော အဖွဲ့တစ်ခုကို ဖွဲ့စည်းကာဆလာမ်အား ကနဦး ဦးဆောင်စေခဲ့သည်။ ဆလာမ်သည် မိမိ၏လုပ်ဖော်ကိုင်ဖက်လည်းဖြစ်၊ နှစ်ရှည်လများတွဲလာခဲ့သည့် သူငယ်ချင်းလည်းဖြစ်သော မစ္စတာမူနီးအဟ်မဒ်ခန်းနှင့်တွဲ၍ ပါကစ္စတန်နူးကလီးယား လုပ်ငန်းကို သတိဝီရိယထားကာ ပြောင်မြောက်စွာအကောင်အထည်ဖော်လုပ်ဆောင်ခဲ့သည်။

၁၉၇၂ ဒီဇင်ဘာတွင် အိုင်စီတီပီအဖွဲ့ကို ဆလာမ်ကညွှန်းကြားခဲ့ပြီး နောင် ၅ နှစ်အကြာ ဆလာမ်၏ တပြည့်တစ်ဦးဖြစ်သည့် ရီယာဇွတ်ဒင်းဦးဆောင်သောတီပီဂျီအဖွဲ့က နူးကလီးယားလက်နက်၏ သီအိုရီပိုင်းဆိုင်ရာပုံစံကို ဆောင်ရွက်အောင်မြင်ခဲ့လေသည်။ (http://en.wikipedia.org/wiki/Abdus_Salam#Involvement_in_Pakistan.27s_Nuclear_Weapons_Programme)

Become the fan of Prof. Dr. Abdus Salam on Facebook - Here

No comments:

Post a Comment